Par Te
?ဒီစာအုပ်ခေါင်းစဥ် "လူငယ်တွေကိုလမ်းဖွင့်ပေးပါ" ဆိုတဲ့အတိုင်း လူငယ်တွေအတွက်ရေးသားထားသလို မိဘ၊ လူကြီးတွေကိုလည်း လူငယ်တွေအတွက်လမ်းဖွင့်ပေးဖို့ ရေးသားထားတဲ့ စာအုပ်လေးဖြစ်ပါတယ်။
?လူတိုင်းမှာ ပင်ကိုယ်စွမ်းရည် Talent ရှိပါတယ်။ အဲဒီ Talent တွေကို ပြုပြင်မွမ်းမံ polish လုပ်မယ်ဆိုရင် success အောင်မြင်မှု ရရှိနိုင်တယ်လို့ စာရေးဆရာ ဆိုထားပါတယ်။
?ဒါပေမဲ့ ကျွန်မတို့လူငယ်တော်တော်များများဟာ ကိုယ့်ရဲ့ Talent က ဘာလဲဆိုတာကို အသက်အရွယ်တစ်ခုရလာတတဲ့အချိန်ထိ သေချာမသိသေးတဲ့သူတွေများစွာရှိနေပါတယ်။ ဒါဟာ မိမိကိုယ်ကိုယ်ယုံကြည်မှုအားနည်းနေတာ၊ ပတ်ဝန်းကျင်ရဲ့လွှမ်းမိုးမှုခံရတာတွေနဲ့ မိဘတွေရဲ့လုပ်ပိုင်ခွင့် မရရှိပဲ ပိတ်ပင်ခံရမှုတွေကြောင့်လို့လည်း ဆိုနိုင်မယ်ထင်ပါတယ်။
?တစ်ခါတရံမှာ ကိုယ်လုပ်နေတဲ့အရာတွေဟာ ကိုယ့်ရဲ့ဝါသနာ လို့ ထင်ရပေမဲ့ ဖြစ်ချင်တာနဲ့ ဖြစ်နေတာတွေက လွှဲနေတတ်ပါတယ်။ ဒါပေမဲ့ ကိုယ့်မှာရှိနေတဲ့ တိမ်မြုပ်နေတဲ့ ကိုယ့်ရဲ့ပါရမီ တွေဟာလည်း လုပ်နေရင်းနဲ့မှ ထွက်လာပြီး သိလာနိုင်သလို မိမိပတ်ဝန်းကလည်း သိပေးနိုင်ပါတယ်။ဒါကြောင့် မိဘတွေဆီက လွတ်လပ်တဲ့ခွင့်ပြုချက်တွေ လိုအပ်ပါတယ်။
?မိဘ၊လူကြီးတွေအနေနဲ့ မိမိပတ်ဝန်းကျင်ရဲြအမြင်၊ မိဘ ဂုဏ်၊ မာန တွေနဲ့ သားသမီးထိခိုက်နာကျင်မှာစိုးရိမ်လွန်းခြင်းများကြောင့် အဘက်ဘက်က ချုပ်ချယ်ပိတ်ပင်နေခြင်းဟာလည်း သာသမီးပေါ်ထားတဲ့ ေစတနာမေတ္တာဟာ ချစ်ရာမရောက်ဘဲ နှစ်ရာရောက်သွားတတ်ပါတယ်။
?လူငယ်များအနေနဲ့လည်း ဘယ်လိုအလုပ်မျိုးကို လုပ်နေပါ စေ ဘာရမလဲဆိုတာထက် ဘာပြန်ပေးနိုင်ရမလဲဆိုတာ ပိုပြီးအရေးကြီးတာကြောင့် အကောင်းဆုံးလုပ်သွားဖို့လိုပါတယ်။
?ကိုယ့်မှာကျွမ်းကျင်မှုတစ်ခုရှိနေပြီး ဒီကျွမ်းကျင်မှုအတွက် မိမိကိုယ်ကိုယ် စိတ်ချယုံကြည်နေတယ်ဆိုရင် ကိုယ့်ရဲတန်ဖိုးကို သတ်မှတ်နိုင်ရမယ်။ $1000 ကို လူတွေက ဘယ်လောက်ပဲ နင်းချေပစ်ကြလို့ ညစ်ပတ်နေပါစေ သူ့တန်ဖိုးက ဘယ်တေ့ာမှ ကျမသွားပါဘူး။ နကိုမူးရင်းရှိနေတဲ $1000 အတိုင်းအသုံးပြုလို့ရပါတယ်။ အလုပ်တစ်ခုကို ထပ်ခါထပ်ခါ လုပ်နေခြင်းက ကျွမ်းကျင်မှု ရရှိနိုင်ပါတယ်။
?အောင်မြင်မှုဆိုတာ ခဏလေးရရှိတဲ့အရာမဟုတ်ဘူး။ လူတိုင်းလည်းအောင်မြင်နိုင်တယ် သို့ပေမဲ့ပိုပြီးအရေးကြီးတာက ပန်းတိုင်ရောက်ဖို့အတွက် မရောက်မချင်း အလျှော့မပေးဘဲ ဆက်သွားဖို့ပါပဲ။
?နောက်တခါ တာဝန်မကျေမှုတွေ၊ အပြစ်တွေအတွက် အခြားသူကို ဒဏ်ပေးတတ်သလို မိမိကိုယ်ကိုယ် ကိုယ်တည်း ဒဏ်ပေးဖို့လိုအပ်တယ်။ မိမိ လုပ်နိုင်ခဲ့တဲ့အရာတေ့အတွက်လည်း ကိုယ်ကိုယ်ကိုယ် ဂုဏ်ပြု ဆုချဖို့လည်း လိုအပ်ပါတယ်။
?ပျင်းရိခြင်းဟာလည်း စိတ်မကျန်းမာခြင်းတစ်မျိူးဖြစ်ကြောင်း ရှစ်ထွေစိတ်ရောဂါ အကြောင်းတွေနဲ့အခြား မှတ်သားရမဲ့အရာတွေများစွာရေးသားထားတဲ့စာအုပ်ကို မိမိမှတ်သား နားလည်သလိုပြန်လည်ရေးသားတာဖြစ်လို့ အမှားအယွင်း တစ်စုံတရာရှိခဲ့မယ်ဆိုရင် ဒီစာရေးသူ ကျွန်မ အမှားသာဖြစ်ပါတယ်။
စာရေးသူ - အောင်ကိုဦး(UMK)
စာမျက်နှာ - ၁၄၀
တန်းဖိုး -၃၀၀၀/-
#bookreview
#အောင်ကိုဦး(UMK)
#ကျမအတွေး
Keep Reading