SarPhat Author
.jpg)
ကျွန်တော်တို့ social media တွေနဲ့ ပတ်ဝန်းကျင်မှာ မကြာခဏကြားရတွေ့ရလေ့ရှိတဲ့ စကားတစ်ခုရှိပါတယ်။ အဲ့တာကတော့ "brain level မတူရင် စကားပြောလို့မရဘူး ပေါင်းလို့သင်းလို့မရဘူး"ဆိုတဲ့ အဓိပ္ပာယ်သက်ရောက်တဲ့ စကားစုလေးတွေကို မကြာခဏတွေ့ရတတ်ပါတယ်။ ကျွန်တော်တို့ ကိုယ်တိုင်ခံစားဖူးပါတယ် ကိုယ်ကမှန်နေပေမယ့် တစ်ဖက်လူကို ဘယ်လိုနည်းနဲ့မှ ကိုယ်မှန်ကြောင်းရှင်းပြဖြောင့်ဖျလို့မရတဲ့ အခြေနေမျိုးမှာ
တစ်ဖက်သားကို အကြီးအကျယ်စိတ်ပျက်မိတာမျိုးပေါ့။
တကယ်တမ်း အဲ့ဒီလို ညဏ်ရည်မတူရင် စကားမပြောတာ အပေါင်းအသင်းမလုပ်တာမျိုး၊ အငြင်းအခုံမလုပ်တာမျိုးတွေဟာ မှန်ကန်တဲ့လုပ်ရပ်တစ်ခုလို့ အပြည့်အဝတော့ ယူဆလို့မရပါဘူး။ လူ့အဖွဲ့အစည်းမှာ လူတွေက အဆင့်အတန်းအမျိုးမျိုး၊ ဓလေ့အမျိုးမျိုးနဲ့ အယူဝါဒအမျိုးမျိုးစုပေါင်းနေထိုင်ကြတာဖြစ်တယ်။ ဆင်းရဲတဲ့သူ၊ ချမ်းသာတဲ့သူ၊ ပညာတတ်တဲ့သူ၊ ပညာမတတ်တဲ့သူ၊ ဖြူတဲ့သူ၊ မဲတဲ့သူ၊ အဲ့ဒီလိုကွဲပြားနေတဲ့ မတူညီတဲ့လူသားတွေကို မခွဲခြားပဲအတူယှဥ်တွဲနေထိုင်တာဟာ လူ့ယဥ်ကျေးမှုပါ။ ဒါကြောင့် ပိုမိုကောင်းမွန်တဲ့လူ့အဖွဲ့အစည်းမှာ ညဏ်ရည်ညဏ်သွေးခွဲခြားမှုဟာလည်း လူတန်းစားခွဲခြားမှုတစ်ခုလို့ပြောလို့ရပါတယ်။
ပိုမိုကောင်းမွန်တဲ့လူ့အဖွဲ့အစည်းဆိုရင် ကြီးမားကျယ်ပြန့်တဲ့စိတ်ထားမျိုးရှိရပါမယ်။ ညဏ်ရည်မတူတဲ့သူတွေ နဲ့တချို့တံခါးပိတ်ထားတဲ့ ဦးနှောက်မျိုးရှိတဲ့သူတွေကို ပစ်ပယ်ထားလို့မရပါဘူး။ ကိုယ်ကတကယ်ပဲ ညဏ်ရည်ညဏ်သွေးကောင်းမွန်တဲ့သူတစ်ယောက်ဆိုရင် သူတို့ရဲ့ပိတ်ထားတဲ့ဦးနှောက်တံခါးတွေ စိတ်တံခါးတွေကို ပွင့်သွားအောင်လုပ်နိုင်ရမယ်။ နားမလည်တာကို နားလည်တဲ့အထိရှင်းပြနိုင်ရမယ်။ ဒါကအရည်အချင်းတစ်ရပ်ဖြစ်သလို စိတ်ခေါ်မှုတစ်ခုလည်းဖြစ်ပါတယ်။ နောက်ပြီးကိုယ့်ကိုယ်ကိုယ် ပိုကောင်းစေသလို တခြားသူတွေအတွက်လည်း ကောင်းတဲ့လုပ်ရပ်လို့ပြောလို့ရပါတယ်။ generation အသစ်တွေဆီ ပိုမိုကောင်းမွန်ပြီး ယဥ်ကျေးသိမ်မွေ့တဲ့ လူ့အဖွဲ့အစည်းကိုလက်ဆင့်ကမ်းနိုင်ကြပါစေ။
Keep Reading