Author's Profile Photo

စာကြမ်းပိုး

20/05/2024

ချစ်ဇနီးသို့ - ရန်ကုန်ဘဆွေ

1 min read
Book Review
ချစ်ဇနီးသို့ - ရန်ကုန်ဘဆွေ's photo



အိမ်ထောင်တစ်ခုကို ကျန်းမာချမ်းသာပြီး ဉာဏ်အမြော်မြင်ရှိစွာ တည်ဆောက်နိုင်ဖို့အတွက် သေချာ အသေးစိတ်စဉ်းစားပြီး ရေးထားပေးတာမို့ အိမ်ထောင်ရှင်မကောင်းဖြစ်လိုသူတွေအတွက်တော့ အဆင်ပြေမယ့် စာအုပ်ကောင်းတစ်အုပ်ပါ။အချို့အချက်လေးတေွဆိုအတော့်ကို မှတ်သားစရာလေးတွေပါ။အဘိဓမ္မာသဘောတရားတွေကိုရှင်းထားတာဆို အတော်ကောင်းပါတယ်။

ပြီးတော့ အချို့အချက်တွေဆို သိပ္ပံပညာရပ်ဆိုင်ရာတွေပါ ပါဝင်ကာ သေချာလေ့လာဖတ်ရှုပြီးမှရေးထားတာသိသိသာသာမို့ အတော့်ကို ဗဟုသုတ ရစေပါတယ်။စိတ်ဝင်စားဖို့လည်းကောင်းပါတယ်။

ကောင်းတာက အတော်လေး ကောင်းပါတယ်။အချက်အလက်တွေအကုန်မှတ်စရာတွေချည်းပဲ။ဒါပေမယ့် စာရေးသူရဲ့ လေသံထဲမှာ "ငါယောကျ်ားပဲ အိမ်ထောင်ဦးစီးပဲ မင်းထက်သိတယ် ငါ့စကားသေချာမှတ်စမ်း " ဆိုတဲ့ ဆရာကြီးဟန်ပါနေတယ်။ အဲ့ဒါကိုတော့ သိပ်မကြိုက်ဘူးရှင် ။ပြီးတော့ ဇနီးရော ခင်ပွန်းပါ အတူ ရုန်းကန်ကာမှ ပြေလည်ရာကျတဲ့ ဒီခေတ်ကြီး မှာ ဒါတွေဟာ အမျိုးသမီးတွေချည်းလုပ်ဆောင်ရမယ့်အချက်တွေ ဖြစ်နေတာမျိုးလည်းသိပ်သဘောမကျလှဘူး ။( အမျိုးသမီးတွေရဲ့ အိမ်ထောင်မှုထိန်းသိမ်းခြင်းဟာ လူသားမျိုးဆက်အတွက် အလွန်ကိုအရေးပါတယ်ဆိုတာသိစေချင်တဲ့ စာရေးဆရာရဲ့ စေတနာကို မြင်နေရပေမယ့်ပေါ့ )

ကျွန်မအတွက်တော့ ရန်ကုန်ဘဆွေ ဆိုရင် "နန်းဟာဗီး" ကို အံ့ဩထူးဆန်းတဲ့ အလေ့အထတွေကြောင့် သတိရနေမှာပါ။ ဒီစာအုပ် ကိုတော့ ဟိုးအရင်ခေတ်က မြန်မာ့နည်း မြန်မာ့ဟန်နဲ့ရေးထားပေမယ့် သူရေးခဲ့တဲ့ ခေတ်အခါနဲ့ ယှဉ်ကြည့်ရင်..ကျန်းမာရေးအသိပညာနဲ့ပတ်သက်လို့ အတော်လေးကိုခေတ်မီတဲ့စာအုပ်အဖြစ်အမှတ်ရနေမှာပါ။

ဝတ်မှုံလေး (စာကြမ်းပိုး)

Keep Reading

ဆရာမောင်ထွန်းသူဆိုတာဟာရူကီမူရာကာမိဆိုတာပါရီကျဆုံးခန်းစာရေးဆရာနတ်နွယ်ဆိုတာအိုးမဲ့အိမ်မဲ့ဘဝမှ ဟားဗက်တက္ကသိုလ်သို့The Fall Of Spartacus𝙅𝙤𝙝𝙣 𝙎𝙩𝙚𝙞𝙣𝙗𝙚𝙘𝙠 𝘾𝙤𝙡𝙡𝙚𝙘𝙩𝙞𝙤𝙣 📚Victor Hugo ပေးတဲ့သင်ခန်းစာအဆန့်အဖျက်လီယိုတော်စတွိုင်းနှင့် ဘူတာရုံပြဿနာ