Par Te
တိုက်ခန်းနဲ့ မဆန့်အောင် စိုက်ထားတဲ့ ပန်းပင်တွေကို ကျွန်မအမေမရှိတုန်း စက်ရုံကိုယူသွားကြပြီး စက်ရုံအရှေ့ဝင်ပေါက်နားမှာ တန်းစီး ချထားကြတယ်။ စံပ္ပါယ်ပန်းတွေဆို ပွင့်လို့မွေးပြီး သင်းနေပြီး။ အဲပန်းပင်တွေကို လုံခြုံရေး ဦးလေးကြီးက ရေအမြဲလောင်းပေးတော့ တိုက်ခန်းမှာတုန်းကထက် အရွက်တွေစိမ်းပြီး ပန်းကလေးတွေ ပွင့်လို့လှနေတယ် ပန်းကလေးတွေကိုကြည့်ပြီးကြည်နူးနေခဲ့ကြတယ်။
တစ်မနက်ခင်းမှာတော့ ခါတိုင်းလိုမဟုတ်တော့ဘူး ရုံးရှေ့မှာ ပွင့်နေတဲ့ ပန်းကလေးတွေမတွေ့တော့ဘဲ သိပ်မလှတဲ့အပင်တွေသာ ကျန်နေခဲ့တာသတိထားမိလို့ ချက်ချင်းမေးကြည့်လိုက်တော့ သူခိုးခိုးသွားပြီတဲ့။ ခိုးသွားတာက အနံမွေးမွေး အဖြူရောင် စံပ္ပာယ်ပန်းတွေနဲ့ ရွက်လှ နည်းနည်းပိုလှတဲ့ ပန်းအိုးတွေပေါ့။ ပထမဦးဆုံး ကျွန်မတွေးမိတာက သူခိုးကလည်းနော် သူ့ဘာသာသူ ပွင့်နေတဲ့ ပန်းကို ဘာလုပ်လို့ရမှာမို့လို ခိုးရတာလဲ၊ ဘယ်လိုသူခိုးလဲဆိုပြီး စိတ်တိုနေခဲ့ပြန်တယ်။
အပေါ်တက်ပြီး ရုံး စီစီတီဗီ ကြည့်လိုက်တေ့ာ မနက် တကောင်ကျော် အချိန်မှာ ဦးလေးကြီး ၂ ယောက်ထိုင်ပြီး စီးလာတဲ့ သုံးဘီးဖြတ်သွားတယ် ပြီးတေ့ာပြန်လှည့်လာလိုက် ပြန်သွားလိုက်နဲ့ ၃၊၄ ကြိမ်လောက်လုပ်ပြီး နောက်ဆုံး ပန်းအိုးတွေမသွားကြတယ်။
ကျွန်မကြည့်ပြီး ပြန်တွေးမိတာက သူတို့က ပန်းအိုးတွေကို ခိုးသွားကြတာမဟုတ်ဘူး သူ့အတွက် လိုအပ်နေလို့ယူသွားတာဖြစ်မယ် သူ့ခများလည်း ပန်းအိုးယူသွားဖို့ အရေး အကြိမ်ကြိမ်စဥ်းစားပြီး လူတွေနှစ်နှစ်ခြိုက်ခြိုက်အိပ်စက်နေတဲ့အချိန်မှာ သွားလိုက်၊ လာလိုက် ပန်းအိုးကိုင်လိုက် ပြန်ချလိုက်နဲ့ လုပ်နေရရှာတယ်၊ သူလည်း မယူချင် ယူချင်နဲ့ယူလိုက်ရတယ် သူ့မှာလိုအပ်နေလို့ပဲဖြစ်မှာပါလို့တွေးမိတယ်။နောက်ပြီးတော့ ပန်းဆိုတာ ဘယ်နေရာဘဲရောက်ရောက် သူရှိတဲ့နေရာမှာ သူအလှဆုံးပွင့်နေမှာပါ ဆိုပြီးဖြေသိပ့်ခဲ့ရတယ်။
ကျွန်မဆိုလိုချင်တာက ပန်းဆိုတာက ပန်းစိုက်တဲ့ သူအိမ်မှာဘဲပွင့်မယ်ဆိုပြီး ညည်းတွားမနေဘူး။ သူခိုးအိမ်ရောက်ရောက်၊ ဆင်းရဲ့သားအိမ်ရောက်ရောက်၊ လူချမ်းသာအိမ်ရောက်ရောက် ရေမြောင်းထဲ ရောက်ရောက် သူရောက်နေတဲ့ နေရာမှာ သူဟာ အလှဆုံးပွင့်မဲ့ ပန်းတွေဖြစ်ပြီး သူ့အလှတွေနဲ့ လူသားတွေကို ကြည်နူးစရာလေးတွေနဲ့ သင်းရနံ့လေးတွေ ဖန်တီးပေးနေတဲ့ပန်းတွေသားဖြစ်တယ်။
ပန်းထက်မြင့်တဲ့ ကျွန်မတို့လူသားတွေရော ရောက်တဲ့နေရာမှာ လူသားတွေအတွက် ပန်းပွင့်လေးတစ်လိုပွင့်ပြီး လူတွေကို ကြည်နူးစေတဲ့အခိုက်အတန့်တွေ ဖန်တီးနေပြီလာ၊ ဘယ်နေရာတွေမှာ အကျိုးပြုနေပြီလဲ တွေးရင်း ပန်းပွင့်လေးတစ်ပွင့်လောက်တောင် မလုပ်ဆောင်နိုင်သေးတဲ့ မိမိကိုယ်ကိုယ် ပြန်ပြီးသတိပြုမိစေတဲ့ မေမေ့ပန်းအိုး….
#ကျမအတွေး
19/05/2024
Keep Reading