Thar Htoo-Be Unique
မိမိတို့ဟာ ချက်ချင်းဆိုသလို
ကောက်ချက်ချတတ်တဲ့
အကျင့်တွေရှိတတ်ကြတယ်။
ဘေးကလူတွေရဲ့ စကားတွေ၊
ရည်ရွယ်ချက်တွေကို
မသိရှိသေးဘဲ (သို့) မမေးရသေးဘဲ
သူတို့ပြောလိုက်တဲ့ စကားလုံးတွေပေါ်မှာ
ခုန်ပေါက်ပြေးလွှားပြီးချက်ချင်း
အဖြေဖွင့်လိုက်တတ်ကြတယ်။
သူကဒီလိုစကားသံထွက်နေတယ်၊
ဒီလိုပြောနေတယ်ဆိုရင် ဒါမျိုးကို
ဆိုလိုနေတာပဲလို့
အလွတ်ကျက်အတွေ့အကြုံတွေနဲ့
တန်းပြီး အဖြေတတ်လိုက်မိတယ်။
တဖက်က လူရဲ့ဆိုလိုရင်း၊
စကားလုံးအသုံးအနှုံးတွေကို
သေချာမေးပြီး ဘာကိုဆိုလိုတာလဲ
ဘယ်လိုမျိုး ရည်ရွယ်ချက်နဲ့ပြောတာလဲ
ဆိုတာကို မေးမြန်းတာမျိုးက
ကောက်ချက်ချတာထက် ပိုပြီး
ထိရောက်စေပါတယ်။
တစ်ခါတစ်လေမှာ မိမိသို့(သို့)
ဘေးကလူက သုံးနှုန်းလိုက်တဲ့
ေ၀ါဟာရဟာ အခြေအနေနဲ့ မလိုက်ဖက်တာ၊
သူ့အတွက် နီးစပ်ရာ စကားကို
အဆင်ပြေပြေ ဆွဲယူသုံးလိုက်ရတာတွေရှိတတ်ပါတယ်။
ဒီနေရာမှာ ကိုယ့်အတွက်
တမင်ပြောသလိုခံစားလိုက်ရတာမျိုး
ဖြစ်နေနိုင်ပါတယ်။
တစ်ခါတစ်လေမှာ
ပြဿနာတွေတက်နေနိုင်ပါသေးတယ်။
ဒီတော့ အတွေးတွေနဲ့
အလုပ်မလုပ်မိဖို့လိုတယ်၊
လက်တွေ့ဆန်သော ဆက်ဆံပြောဆိုရေးကို
အားပြုဖို့လိုအပ်ပါတယ်။
တဖက်မှာလည်း မိမိက
ကောက်ချက်ချလိုက်မိတာဟာ
လုံလောက်တဲ့ နားထောင်မှုမျိုးကို
မပေးနိုင်တာကိုလည်း
ပြသရာရောက်တာမို့ ဘေးကလူက
သူပေးချင်တဲ့သတင်းစကားအား
မိမိအနေနဲ့ သေချာလက်ခံပေးတာမျိုး
မဟုတ်ကြောင်း သူ့အနေနဲ့ မြင်နိုင်ပါသေးတယ်။
ဒီတော့နှစ်ဦးနှစ်ဘက် ဘယ်ကိုမှ
မရောက်တဲ့ ဆက်ဆံရေးဖြစ်နေတတ်ပါတယ်။
အချိန်သာကုန်ပြီး အချင်းချင်းကြားမှာ
ပြဿနာသာ ပိုတိုးစေပါတယ်။
ဒါကြောင့် ပွင့်လင်းမြင်သာတဲ့
ဆက်ဆံရေး၊ ဆိုလိုရင်း၊ ရည်ရွယ်ချက်တွေကို
မေးဖို့ မြန်းဖို့ လိုအပ်မှာဖြစ်တယ်။
အရေးကြီးတာက စကားလုံးအပေါ်မှာ
အထအန ကောက်တာတွေမလုပ်မိဖို့၊
အဓိပ္ပါယ်တွေလွန်ကဲစွာနဲ့မဖွင့်ဖို့
အတွေးလွန်ဂိမ်း (guessing games) မကစားဖို့
လိုပါတယ်။
လူတိုင်းတွေးတောကြံဆမှု မတူကြဘူး၊
ခံယူချက်၊ လောကကြီးကိုရှုမြင်ချက်တွေ
မတူကြပါဘူး။
ပိုတွေးလေ ပိုပူလောင်လေဖြစ်စေတာမို့
အတွေးလျှော့ပြီး လက်တွေ့ဆန်တဲ့
ဆက်ဆံရေးကို ဖွင့်ဖို့ လိုအပ်မှာဖြစ်ပါတယ်။
ဘယ်သူမှားလဲ ဘယ်သူမှန်လဲ ဆိုတဲ့အပေါ်မှာ
ဗွေမယူဘဲ ပေးချင်တဲ့သတင်းစကားက
ဘာကိုဆိုလိုတာလဲကိုသာ ရှာဖွေပြီး အဓိပ္ပါယ်ပိုရှိတဲ့
ပေါင်းသင်းဆက်ဆံရေးကို တည်ဆောက်ဖို့လိုပါတယ်။
@TharHtooBeUnique
@BUNIQCoaching
Keep Reading