Author's Profile Photo

စာကြမ်းပိုး

19/05/2024

မဂ္ဂဇင်း ဝတ္ထုရှည်များ မိုးမိုး (အင်းလျား)

1 min read
Book Review
မဂ္ဂဇင်း ဝတ္ထုရှည်များ
မိုးမိုး (အင်းလျား)'s photo




၁၉၈၀ ခုနှစ်က အမျိုးသားစာပေ(ဝတ္ထုတို) ဆုရ စာအုပ်တစ်အုပ်ပါ။ ဝတ္ထုရှည် ၆ ပုဒ်ပါဝင်ပြီး အားလုံးဟာ တကယ့်လက်တွေ့ကိုထင်ဟပ်နေတဲ့ ဘဝသရုပ်ဖော် ဝတ္ထုတွေချည်းဖြစ်ကာ မှတ်သားစရာ စကားတွေနဲ့ အတူ ရသအပြည့် ပေးစွမ်းနိုင်တဲ့ ဝတ္ထုတွေလို့ ပြောပါရစေ။

သာမန်လူတန်းစားတွေရဲ့ ဘဝ ၊ မိသားစုရဲ့နွေးထွေးခြင်း ၊ အမှန်တရားကို လက်ကိုင်ထားသူတွေရဲ့ ခါးသက်တဲ့လောကဓံ စသည့်အကြောင်းအရာ မျိုးစုံကို မက်မက်မောမော ဖတ်လိုက်ရပါတယ်။

မိုးမိုး (အင်းလျား ) စာအုပ်တွေကတော့ ဖတ်ပြီးသားတွေကို နောက်တခေါက် ထပ်ဖတ်ဖြစ်ပြီး မဖတ်ရသေးတာတွေကိုလည်း ထပ်ပြီး ရှာဖတ်ဖြစ်တဲ့ ၊ လောကကြီးကို ပကတိ အတိုင်းမြင်ပြီးရေးသားထားတဲ့ အဖိုးတန်စာအုပ်တွေပါပဲရှင်။

ဝတ်မှုံလေး (စာကြမ်းပိုး)

Keep Reading

AVA (Season 1 & 2) Beyond AVA The Fall of Hantharwaddyဘဝဟူသည်အရင်းအနှီးနဲ့ တည်ဆောက်ထားတဲ့ ဘဝရည်မှန်းချက်ပန်းတိုင်မေတ္တာမဏ္ဍိုင်တန်ဖိုးရှိတဲ့အရာ ခံစားမိအောင်ပါပီလွန်နှင့်ဗင်ဂို စာအုပ်ထဲက နိုးစက်သည်းခြေကြိုက် စာအုပ် ၆ အုပ်"စာအရေးအသား ကောင်းစေရန်" – အပိုင်း ၄: စာရေးသူတွေရဲ့ စိတ်နေသဘောထားတွေအကြောင်း  The Gentleman in the Parlour"စာအရေးအသား ကောင်းစေရန်" – အပိုင်း ၃: ဘယ်လို အမျိုးအစားတွေကို ရေးမလဲ