Author's Profile Photo

SarPhat Author

18/05/2024

LGBT များအပေါ်နားလည်ခြင်း

5 mins read
General Knowledge
Art
18 Again
LGBT များအပေါ်နားလည်ခြင်း's photo



လူသားတိုင်းကတော့ သဘာဝအတိုင်းရှင်သန်နေထိုင်ချင်ကြမှာပါ။ဒါပေမယ့် တစ်ခါတစ်ရံသဘာဝကိုလွန်ဆန်ပြီးဖြစ်တည်နေထိုင်ချင်ကြသည့် သူတွေလည်းရှိကြပါသည်။လူထဲကလူပဲမို့ သူတို့စိတ်ကြိုက်လွတ်လပ်စွာနေထိုင်ခွင့်ရှိကြပါသည်။စိတ်ကြိုက်လွတ်လပ်စွာရှင်သန်ခြင်းအပေါ် အသိမအမှတ်ပြုပေးသင့်ပါသည်။သဘာဝအတိုင်းမဟုတ်ဘဲ လိင်စိတ်ပြောင်းလဲစိတ်ဝင်စားကြသည့် သူတွေဟာ ယခုမှပေါ်လာခြင်းမျိုးမဟုတ်ပါ။အရင်ကတည်းကရှိခဲ့ကြပြီး လက်မခံခြင်းဆိုတဲ့ ကိစ္စတွေကလည်း ယခင်ကတည်းကရှိခဲ့ပါသည်။သဘာဝကိုလွန်ဆန်ပြီး လိင်စိတ်ပြောင်းလဲစိတ်ဝင်စားကြတဲ့ သူတွေ ကမ္ဘာမှာတစ်နေ့တစ်ခြားပိုများလို့လာပါတယ်။ဒီအပေါ်မှာ လက်မခံနိုင်ကြသူတွေကတော့ များပါတယ်။
ဖြစ်ချင်လို့ဖြစ်လာကြတာမဟုတ်ဘဲ သူတို့ရဲ့စိတ်၊ဟိုမုန်းပြောင်းလဲလာမှု့အပေါ်လိုက်ပြီး ပြောင်းလဲနေထိုင်ကြသူတွေပါ။တစ်ချို့ကတော့ ငယ်ငယ်ကတည်းက စိတ်ပြောင်းလဲမှု့အတိုင်း နေထိုင်ကြပေမယ့် အ့လိုလူကရှားပါတယ်။ရှိရိုးစွဲ၊အယူအဆသည်းမှု့တွေ ပြည့်နေတဲ့ပတ်ဝန်းကျင်ကြောင့် ပွင့်ပွင့်လင်းလင်းမနေရဲဘဲ ဖုံးဖိနေကြသူတွေလည်းအများကြီးပါ။ကိုယ်ကိုယ်တိုင်ဘယ်လိုဖြစ်တည်မှု့ကို နေထိုင်ချင်မှန်းမသိဘဲ ဆယ်ကျော်သက်အရွယ် ဒါမှမဟုတ် အချိန်တစ်ခုရောက်မှ သူတို့ကိုသူတို့ သိရှိနားလည်သွားကြသည့်သူတွေလည်းရှိပါသည်။ငယ်စဥ်ကတည်းက ပြောင်းလဲတာပဲဖြစ်ဖြစ်၊ကြီးမှပြောင်းလဲတာပဲဖြစ်ဖြစ် ဒါဟာအပြစ်တစ်ခုမဟုတ်ပါဘူး။အပြစ်တစ်ခုလိုသက်မှတ်ပြီး အပြစ်သားတွေလို ရှုံ့ချဝေဖန်တိုက်ခိုက်စော်ကားမှု့တွေကိုပြုချင်းကြောင့်သာ ထိုသို့ပြုခံရသည့်အတွက် စိတ်ဒဏ်ရာတွေဖြစ်စေပါသည်။မဖြစ်သင့်တာတွေဖြစ်ကြရပါတယ်။ဘယ်သူ့ကိုမှ မထိခိုက်မနစ်နာစေတဲ့ သူတို့အနေနဲ့လွတ်လပ်စွာ နေထိုင်ခွင့်ရှိပြီး၊အချစ်ဟာအချစ်ပဲမို့ လွတ်လပ်စွာချစ်ခွင့်ရှိတဲ့အပေါ် အပြစ်တင်တာတွေမပြုသင့်ပေ။

LGBT ဆိုတာ...
လိင်တူခြင်းကိုဖြစ်စေ၊လိင်ကွဲခြင်းကိုဖြစ်စေ၊လိင်တူလိင်ကွဲနှစ်မျိုးလုံးကိုဖြစ်စေ ချစ်ခင်မြတ်နိုးနှစ်သက်သည့်စိတ်၊စွဲလမ်းတပ်မက်ခြင်းစိတ်၊အိမ်ထောင်ဖက်အဖြစ်ပေါင်းဖက်လိုခြင်းနှင့် လိင်ပိုင်းဆိုင်ရာအရဆက်ဆံလိုသည့်စိတ်ခံစားချက်များ အားလုံးကို sexual Orientation(လိင်စိတ်ကိုင်းညွတ်မှု့) လို့ခေါ်ပါတယ်။ထို sexual Orientation ဆိုတဲ့ လိင်တူဖြစ်စေ၊လိင်ကွဲဖြစ်စေ ချစ်ခင်တက်မက်တဲ့စိတ်များဟာ လူတိုင်းတွင်ရှိကြပါသည်။
ထိုစိတ်တွေဟာ တမင်တကာလုပ်ယူဖန်တီး၍မရသလို ပြောင်းလဲ၍လည်းမရနိုင်ပေ။အမျိုးသမီးတွေမှာလည်း ဆန့်ကျင်ဖက်အမျိုးသားများအပေါ်နှစ်သက်တက်သူများရှိသလို အမျိုးသမီးအချင်းချင်းကိုသာနှစ်သက်သူများရှိတက်ပါတယ်။ထို့အတူ အမျိုးသားတွေမှာလည်း အမျိုးသမီးများအပေါ် ချစ်ခင်နှစ်သက်သူရှိသလို အမျိုးသားအချင်းချင်းနှစ်သက်သူများလည်းရှိကြပါသည်။
ထိုကဲ့သိုသောသူများကို အုပ်စုတူများအဖြစ် Homosexual (လိင်တူချင်းချစ်သူ) ဟူ၍ခေါ်ဆိုကြသည်။ထိုစကားလုံးအောက်တွင်မှ-
Lesbian
Gay
Bisexual
Heterosexual
ဆိုပြီးတော့ ပျမ်းမျှအားဖြင့်အမျိုးစားခွဲခြားပြီး ပြောဆိုလေ့ရှိကြတယ်။

Homosexual
မိမိနှင့်လိင်အမျိုးအစားချင်းတူတဲ့သူ အချင်းချင်းကိုဖြစ်စေ၊လိင်တူလိင်ကွဲနှစ်မျိုးလုံးကိုဖြစ်စေ မေတ္တာသက်ဝင်ချစ်ခင်မြတ်နိုးတဲ့သူတွေ၊ချစ်တင်းနှောသာယာလိုစိတ်ရှိသူတွေ အားလုံးကို သိမ်းကျုံးခေါ်ဆိုတဲ့ အခေါ်အဝေါ်ဖြစ်ပါတယ်။Gay,Lesbian,Bisexual,Transgender စသဖြင့် အားလုံးကို စုပေါင်းခေါ်ဆိုခြင်းပါ။

Lesbian
အမျိုးသမီးအချင်းချင်းကိုသာ ချစ်ခင်မြတ်နိုးတာ၊မေတ္တာသက်ဝင်တာ၊လိင်ပိုင်းဆိုင်ရာအရလည်းသာယာလိုခြင်းရှိတဲ့သူတွေကို ခေါ်ဆိုခြင်းဖြစ်သည်။

Gay
အမျိုးသားတစ်ယောက်လိုဘဲ ခံယူနေထိုင်ပြီး အမျိုးသားချင်းကိုသာ ချစ်ခင်မြတ်နိုးတာ၊မေတ္တာသက်ဝင်တာ၊လိင်ပိုင်းဆိုင်ရာအရလည်းသာယာလိုခြင်းရှိတဲ့သူတွေကို ခေါ်ဆိုခြင်းဖြစ်သည်။

Bisexual
အမျိုးသားဖြစ်စေ၊အမျိုးသမီးဖြစ်စေ၊မိမိနှင့်လိင်တူသူရော လိင်မတူသည့်သူကိုပါ ချစ်ခင်မြတ်နိုးခြင်း၊မေတ္တာသက်ဝင်ခြင်း၊လိင်ပိုင်းဆိုင်ရာအရ သာယာလိုခြင်းရှိတဲ့သူတွေကို ခေါ်ဆိုခြင်းဖြစ်ပါသည်။

ချစ်ခင်နှစ်သက်သည်ဟု ပြောဆိုရာမှာ ချစ်ခင်မြတ်နိုးခြင်း၊မေတ္တာသက်ဝင်ခြင်း၊ဘဝကြင်ဖော်အဖြစ် အိမ်ရာထူထောင်လိုခြင်း၊လိင်ပိုင်းဆိုင်ရာချစ်တင်းနှောသာယာလိုခြင်း စသဖြင့်ခံစားမှု့တွေအားလုံး ပါဝင်နေတာမျိုးကို ပြောဆိုခြင်းဖြစ်ပါသည်။

Transgender
ခန္ဓာဗေဒအရ လိင်အင်္ဂါပြောင်းလဲခြင်းမရှိသော်လည်း ဆန့်ကျင်ဘက်လိင်ကဲ့သို့ ပြောင်းလဲခံယူပြုမူနေထိုင်နေကြသည့် သူတွေဖြစ်ပါတယ်။အမျိုးသားခန္ဓာကိုယ်ဖြင့် မွေးဖွားလာခဲ့သော်လည်း လူမှု့အသိုင်းအဝိုင်းမှသက်မှတ်ထားသည့် အမျိုးသားပုံစံအတိုင်းမနေဘဲ အမျိုးသမီးကဲ့သို့ခံယူနေထိုင်သူကိုတော့ ဆန့်ကျင်ဘက်လိင်ကဲ့သို့ပြောင်းလဲခံယူနေထိုင်သူ အမျိုးသမီး(Transgender Woman)ဟုခေါ်ပါသည်။
အမျိုးသမီးခန္ဓာကိုယ်ဖြင့် မွေးဖွားလာခဲ့သော်လည်း လူမှု့အသိုင်းအဝိုင်းမှ သတ်မှတ်ထားသည့်အမျိုးသမီးပုံစံအတိုင်းမနေဘဲ အမျိုးသားကဲ့သို့ပြောင်းလဲနေထိုင်သူကိုတော့ ဆန့်ကျင်ဘက်လိင်ကဲ့သို့ပြောင်းလဲခံယူနေထိုင်သူ အမျိုးသား(Transgender Man)ဟုခေါ်ပါသည်။

Transsexual
မိမိတို့ရဲ့မွေးရာပါလိင်အင်္ဂါကို ဆန့်ကျင်ဘက်လိင်အင်္ဂါဖြစ်အောင် ဆေးပညာအရပြောင်းလဲရန်လုပ်ဆောင်နေသူများနှင့် ခွဲစိတ်ပြောင်းလဲပြီးသွားသူများကိုခေါ်ပါသည်။

ထို Lesbian,Gay,Bisexual နဲ့ Transgender တို့ကို အတိုကောက်ခေါ်ဆိုခြင်းဖြင့် LGBT ဟူ၍ဖြစ်လာပါသည်။

သက်တံ့ရောင်အလံ...
သက်တံ့ရောင်အလံဟာ ယခုလက်ရှိကာလမှာ အများဆုံးအသုံးပြုနေတဲ့ ကမ္ဘာပေါ်ရှိမတူညီကွဲပြားသော LGBT တွေကိုကိုယ်စားပြုသင်္ကေတဖြစ်ပါတယ်။အမေရိကန်နိုင်ငံ၊ဆန်ဖရန်စစ္စကိုမြို့မှာ LGBT အခွင့်ရေးအတွက်စတင်လှုပ်ရှားခဲ့တဲ့ ၁၉၇၈ ခုနှစ်အချိန်ကနေစတင်အသုံးပြုခဲ့သည်ဟူ၍ဆိုပါတယ်။ရောင်စဥ်ခြောက်သွယ်နှင့်ဖွဲ့စည်းထားသည့် သက်တံ့ရောင်အလံကို နိုင်ငံတကာ LGBT အတော်များများက သူတို့ကိုကိုယ်စားပြုတဲ့သင်္ကေတအနေနဲ့အသိမှတ်ပြုပါတယ်။
ထိပ်ဆုံးမှာအနီရောင်နဲ့စတင်ပြီး အောက်ဆုံးမှာခရမ်းရောင်နဲ့ အဆုံးသက်ထားတာဖြစ်ပါတယ်။
အနီရောင်ကတော့ ဘဝတစ်သက်တာကိုကိုယ်စားပြုပြီး၊
လိမ္မော်ရောင်ကတော့ ကုစားခြင်းကို ကိုယ်စားပြုပါတယ်၊
အဝါရောင်ကတော့ နေကိုကိုယ်စားပြုပြီး၊
အစိမ်းရောင်ကတော့ သဘာဝတရားကိုကိုယ်စားပြုတယ်၊
အပြာရောင်က ဟန်ချက်ညီခြင်းကိုကိုယ်စားပြုပြီး၊
ခရမ်းရောင်ကတော့ အသက်ဝိညာဥ်ကို ရည်ညွှန်းထားသည်
ဟု ဆိုပါသည်။
ရောင်စဥ်ခြောက်သွယ်နဲ့ ဖွဲ့စည်းထားသည့် သက်တံ့ရောင်အလံတွေကို ဆန်ဖရန်စစ္စကိုက ကယ်စထရိုနဲ့နယူးယောက်ခ်မြို့က LGBT များအစည်းအရုံးအဖွဲ့တွေမှာ လွှင့်ထူထားတာကို တွေ့နိုင်ပါသည်။

LGBT များအပေါ်မိမိအမြင်...
မွေးရာပါဖြစ်သော ကျား၊မမျိုးဗီဇ ခရိုမိုဆုန်းများ၊
ခန္ဓာဗေဒအရ ဖွဲ့စည်းထားသော လိင်အင်္ဂါများ၊
ဇီဝဗေဒအရ ကွဲပြားခြားနားသောဖြစ်စဥ်များ၊
အဲ့ဒီ့ဖြစ်စဥ်တွေဟာ ယေဘုယျအားဖြင့်ပြုပြင်ပြောင်းလဲလို့မရပါဘူး။ဥပမာ-အမျိုးသမီးများဟာ အမျိုးသမီးမျိုးပွားအင်္ဂါပါလာပြီး ကိုယ်ဝန်ဆောင်ခြင်း၊ကလေးမွေးခြင်းများကို
လုပ်ဆောင်နိုင်တယ်။အမျိုးသားများက အမျိုးသားအင်္ဂါပါလာပြီး သုတ်ပိုးများကိုထုတ်ပေးနိုင်တယ်။ဤအရာများဟာ ခေတ်အဆက်ဆက် မှန်ကန်နေမှာဖြစ်ပါတယ်။ကိုယ်ဟာယောက်ျားလေးဖြစ်ချင်လား၊မိန်းကလေးဖြစ်ချင်လားဆိုတာကို မိမိဘာသာရွေးချယ်ခွင့်မရှိကြပါဘူး။
ထို့အတူပင် LGBT တွေဟာလည်း ရွေးချယ်မှု့ကြောင့်လိင်တူခြင်းချစ်သူတွေ ဖြစ်လာကြတာမဟုတ်ပါဘူး။မွေးရာပါဗီဇတစ်ခုပါပဲ။ယောက်ျားလေးတစ်ယောက်က မိန်းကလေးတစ်ယောက်ကိုချစ်တယ်၊မိန်းကလေးတစ်ယောက်က ယောက်ျားလေးတစ်ယောက်ကို စ်တ်ဝင်စားတယ်ဆိုတာတွေဟာ လုပ်ယူ၊ဖန်တီးယူလို့ရတာမဟုတ်ပါဘူး။တမင်ဖန်တီးယူ ပြုပြင်ရွေးချယ်ပိုင်ခွင့်လည်း မရှိကြပါဘူး။ကြိုးစားလုပ်ယူလို့မရတဲ့ အရာဖြစ်ပါတယ်။
လိင်တူချင်းချစ်သူတွေမှာလည်း စွဲလန်းနှစ်သက်ချစ်ခင်နေတဲ့ မိမိရဲ့စိတ်ကို ဆုတောင်းတဲ့နည်းဖြစ်စေ၊စိတ်ပိုင်းဆိုင်ရာအထူးကုဆရာဝန်များနဲ့ ကုသလို့ဖြစ်စေ ပျောက်သွားအောင် ဒါမှမဟုတ် ပြောင်းလဲသွားအောင်ဘယ်လိုမှလုပ်လို့မရနိုင်ပါ။တကယ်ကြိုးစားကုသလို့ ပြောင်းလဲခဲ့ရင်တောင် သဘာဝမွေးရာပါ ဆံပင်တွေကို အရောင်ဆိုးဆေးနဲ့ပြောင်းထားသလို ခေတ္တအရောင်သာရရှိပါလိမ့်မယ်။
ပတ်ဝန်းကျင်မှာ ကြားဘူးတဲ့စကားရှိပါတယ်။သူက”အရင်တုန်းသဆို အခြောက်ကလေး၊ကနွဲ့ကလျနဲ့နေတာ၊မိန်းမထက်တောင်ဆိုးသေး ဒါပေမယ့် နောက်ပိုင်းပြောင်းသွားလိုက်တာများ ခုဆိုဖျက်ဖျက်လတ်လတ် ကျားကျားလျားလျားပါပဲ” ဆိုတဲ့ စကားမျိုးပါ။မှန်ပါတယ်။အရင်က မိန်းကလေးလိုနေလာခဲ့တဲ့ယောက်ျားလေးတွေ ယောက်ျားပုံပြန်ဖြစ်သွားတာ၊ယောက်ျားလေးလိုနေလာခဲ့တဲ့မိန်းကလေးတွေ နောက်ပိုင်းမိန်းကလေးပုံလုံးလုံးပြောင်းသွားခဲ့တာတွေကို တွေ့ဖူးကြမှာပါ။ကိုယ့်ရဲ့စိတ်ခံစားချက်တွေကို ကြိုးစားမျက်ကွယ်ပြုဖုံးကွယ်လို့ရနိုင်ပြီး နေထိုင်သွားလာတဲ့အပြုမူတွေကိုသာပြောင်းလဲချင်ရင် ပြောင်းလဲလို့ရပါမယ်။
ဒါပေမယ့် မိန်းကလေးကိုပဲစိတ်ဝင်စားတာ၊ယောက်ျားလေးကိုပဲစိတ်ဝင်စားတာ ဆိုတဲ့ မိမိရဲ့ရင်တွင်းကခံစားချက်အစစ်အမှန်ကိုတော့ ဘယ်လို့မှအမြစ်ပြတ်ဖျောက်ဖျက်လို့ရနိုင်မှာ မဟုတ်ပါဘူး။
LGBT များကိုခွဲခြားဆက်ဆံခြင်း၊ကြောက်ရွံ့မုန်းတီးခြင်းတွေဟာ အဓိကအကြောင်းရင်းအနေနဲ့ လူမှု့အသိုင်းအဝိုင်းတွေက ယုံကြည်လက်ခံထားတဲ့ ”လူ့လောကမှာ မိန်းမနဲ့ယောက်ျားဆိုတဲ့လိင်နှစ်မျိုးပဲရှိတယ်”ဆိုတဲ့ အတွေးအခေါ်ကနေ စတင်တာဖြစ်တယ်လို့ဆိုရမှာပါ။ကလေးတစ်ယောက်မွေးလာပြီဆိုရင်ပဲ သူ့ရဲ့လိင်အင်္ဂါကိုကြည့်ပြီးတော့ ချက်ချင်းဆိုသလို လူမှု့အသိုင်းအဝိုင်းကသက်မှတ်ထားတဲ့ ယောက်ျား၊မိန်းမဆိုတဲ့ပုံစံခွက်ထဲကို သွတ်သွင်းလိုင်ကြတာဖြစ်ပါတယ်။အဲ့ဒီ့အချိန်ကစပြီး လူတွေဟာ ကိုယ့်ရဲ့ဆန္ဒပါသည်ဖြစ်စေ၊မပါသည်ဖြစ်စေ လူမှု့အသိုင်းအဝိုင်းကသတ်မှတ်ထားတဲ့ ယောက်ျား၊မိန်းမဆိုတဲ့စံနှုန်းသက်မှတ်ချက်တွေနဲ့ ကိုက်ညီအောင် ကိုယ့်ရဲ့အတွေးအခေါ်၊အပြုအမူ၊ဝတ်စားဆင်ယင်မှု့၊နေထိုင်သွားလာမှု့စသဖြင့် အစစအရာရာအားလုံးကို လူ့အသိုင်းအဝိုင်းနဲ့အံဝင်ခွင်ကြဖြစ်အောင်ဆိုပြီး ကြိုးစားအသက်ရှင်ကြရတော့တာပါ။
အဲ့ဒီပုံစံခွက်တွေထဲကမှ အဆိုးဝါးဆုံးသော ပညတ်ချက်တွေကတော့ ဘယ်လိုလူမျိုးကိုပဲချစ်သင့်တယ်၊ဘယ်လိုလူမျိုးနဲ့မှအတူ လက်ထက်ထိမ်းမြားပေါင်းသင်းနေထိုင်သင့်တယ်၊ဘယ်လိုလူမျိုးတွေနဲ့မှချစ်တင်းနှောသင့်တယ်ဆိုပြီး သက်မှတ်ချက်ပေးလိုက်တာပါပဲ။ဒီသက်မှတ်ချက်တွေဟာ ကာလတွေကြာလာတော့ သဘာဝတရားတစ်ခုလိုဖြစ်လာခဲ့ပါတယ်။ဒါပေမယ့် ဒီသက်မှတ်ချက်တွေက အချိန်တိုင်း၊နေရာတိုင်း၊လူတိုင်းအတွက်အမြဲတစေ မှန်ကန်နိုင်တဲ့အရာတွေတော့ဖြစ်မနေပါဘူး။ထိုရှိရင်းစွဲအတွေးခေါ်ယုံကြည်မှု့တွေကပဲ LGBT များအပေါ် ကိုယ်ခန္ဓာပိုင်းဆိုင်ရာ၊စိတ်ပိုင်းဆိုင်ရာနှင့် လိင်ပိုင်းဆိုင်ရာတွေမှာ နည်းမျိုးစုံသောခွဲခြားဖိနှိပ်မှု့တွေ ဖြစ်လာစေဖို့ အဓိကတွန်းအားတစ်ခုဖြစ်လာစေခဲ့တာဖြစ်ပါတယ်။
ထို့ကြောင့် လူသားတိုင်းတူညီတဲ့လူ့ဂုဏ်သိက္ခာနဲ့ လွတ်လပ်သောရှင်သန်ခွင့်ရှိကြတယ်ဆိုတာ လက်ခံရင် LGBT များကို ခွဲခြားဆက်ဆံခြင်းများ၊ကြောက်ရွံ့မုန်းတီးခြင်းများ မပြုကြဘဲ လွတ်လပ်စွာရှင်သန်ခြင်းအပေါ်အသိအမှတ်ပြုပေးသင့်ကြောင်း ဆန္ဒပြုလိုက်ပါသည်။

#Myat M K

Keep Reading

စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးအချိန်ဆွဲတဲ့အကျင့်ဆိုးစိတ်ဓာတ်ကျနေတဲ့အခါ"တော်တဲ့သူတွေက ဆင်ခြေမပေးဘူး...  ဖြေရှင်းနည်းကိုပဲ ရှာကြတယ်"လိုမှသုံးပါအင်တာနက်နဲ့ လူနေမှုဘဝ စာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်းရှောင်တာက ကြောက်ခြင်းမဟုတ်စာစောင်လေးဆယ့်တစ် - ပန်းတိုင်သို့အရောက်တက်လှမ်းခြင်းကော်ဖီတမ်းချင်း