Author's Profile Photo

SarPhat Author

18/05/2024

အရိုင်းပန်းကလေးတို့ရဲ့ ပညာရေး ခယောင်းလမ်း (နိဂုံး)

5 mins read
Personal Development
Education
General Knowledge
အရိုင်းပန်းကလေးတို့ရဲ့ ပညာရေး ခယောင်းလမ်း (နိဂုံး)'s photo

သမီးတွေအတွက် နေ့စဥ်ပူပင်နေရပေမဲ့လည်း ဒိုနာဂျူလီယာသည် သမီးတွေ အတွက် ကျောင်းက အလွန်အရေးပါတာကိိုလည်း နားလည်းထားသည်။ သူမကိုယ်၌ကလည်း စာရေး၊စာဖတ် ဘာတစ်ခုမှမတတ်တာကြောင့်မို့လည်းပါသည်။ ရာသီဥတုကောင်းနေတာကိုပဲ သူမအနေနဲ ကျေးဇူးတင်မဆုံး။

ညီအစ်မသုံးယောက်သည် သုံးကီလိုမီတာကို တစ်နာရီအကြာလှော်ခတ်ပြီးနောက်မှာ ဆန်မာရီယာနို ကမ်းကို ဆိုက်ရောက်လာခဲ့ကြသည်။ စာသင်နေချိန် ဒီရေအတက်မှာ လှေကလေး ရေစီးနဲ့အတူမျောပါမသွားစေရန် ဂျူလီ နှင့် ကင်ယာတို့က ကနူးလှေကလေးကို ရွံ့သောင်ယံပေါ်သို့ ရနိုင်သမျှ ဆွဲတင်ကြသည်။

ကျောင်းလွယ်အိပ် တစ်လုံးမှာ သုံယောက်စာ စာအုပ်တွေကို မျှထည့်ကြပြီး အကြီးဆုံး ကလေးမလေးက သယ်ယူပေးသည်။ ဘေးအန္တာရယ် အသွယ်သွယ်ကြားကနေ ဂျူလီဆာ ၊ဂျုလီယာ ၊ကင်ယာ ညီအစ်မသုံးဦးမှာ ကျောင်းကို ဘေးကင်လုံခြုံစွာ ရောက်လာချိန်မှာတော့ တစ်ကိုယ်လုံးမှာ ညစ်ပတ်နေကြပြီ။ သူတို့ရဲ့အတန်းဖော် ဂရေဗင်လည်းပဲ ကျောင်သို့ ဘေးမသိီရန်မခ ရောက်လာခဲ့သည်။ ပုံမှန် ၇နာရီခွဲမှာ စာသင်ချိန်စသော်လည်း အိမ်မှာနာရီမရှိတာကြောင့် သူတို့လေးယောက်မှာ အဆင်သင့်ဖြစ်ခါမှ အိမ်က ထွက်ကြရသည်။

ဆရာမ မီလာသည် အများအားဖြင့် တောထဲက ကလေးတွေ ကျောင်းကို ရောက်အောင်စောင့်ပြီးခါမှ သင်ခန်းစာတွေကို သင်ကြားပိုချလေ့ရှိသည်။ တစ်ခါတလေ သူတို့က စောစော ရောက်တဲ့ အခါလည်းရှိကြသည်။ ခါတိုင်းလိုပဲ သူတို့လေးတွေ ၁၅ မိနှစ်ခန့် ဘုရား ဝတ်ပြုပြီးမှ စာသင်ကြရသည်။ နီကာရာဂွာနိုင်ငံမှာ ကစ်သလစ် ခရစ်ယာန်ဘာသာကို စည်းစနစ်တကျ ကိုးကွယ်တတ်လာအောင် ကလေးတွေကို ကျောင်းတွေမှာ ကျပ်မတ်သင်ပေးလေ့ရှိသည်။

အတန်းထဲမှာ အသက် ၄ နှစ်ကနေ ၁၄ နှစ်အထိ ကျောင်သားတွေရှိကြသည်။ အဲဒီအချက်က ကျောင်းသားတိုင်းကို သူ့ လယ်ဘယ် သူ့အဆင့်နှင့်လိုက်ပြီး သင်ကြားဖို့က ဆရာမ မီလာအတွက် စိန်ခေါ်မှု တစ်ရပ်ဖြစ်နေရသည်။သို့ပေမဲ့လည်း ဆရာမမီလာမှာ သူ့နည်းသူဟန်နဲ့ သင်ကြားနည်းတစ်ခုရှိသည်။

ကျောင်းတက်ရတာ ခက်ခဲပေမဲ့လည်း အသက်ကြီးကျောင်းသားတွေက သင်ခန်းစာတွေကို လိုက်နိုင်အောင် ကြိုးစားကြသည်။ ဂျူလီဆာလေးကတော့ ခက်လွန်းရင် လိုက်မရေးပဲ
ထိုင်ငေးနေတတ်သည်။ သူတို့လေးတွေ ခမျာ ကျောင်းကိုရောက်တော့ ပင်ပန်းလွန်းလို့ စာကို ကောင်းကောင်း အာရုံမစိုက်နိုင်ကြ။

'' ဒါပေမဲ့ သူတို့လေးတွေက စာကိုသင်ယူချင်ကြတော့ ဒီလိုနဲ့ပဲ တဖြည်းဖြည်း တတ်မြောက်လာခဲ့ကြတာပဲ။ ကျမကတော့ သင်ခန်းစာတွေလိုက်နိုင်အောင် ဘောသင်ပုန်းကို အာရုံစိုက်ကြဖို့ သူတို့လေးတွေကို မပြတ်သတိပေးနေရတယ်'' လို့ ဆရာမ မီလာက ဆိုသည်။

ခုလို သူမရဲ့သာမန် ရိုးရိုးဖတ် သင်ခန်းစာတွေနဲ့ နိုင်ငံအတွင်း ကြီးမားလှတဲ့ ပြဿနာကြီးတစ်ခုကို ရွာကျောင်းက ဆရာမတစ်ဦအနေနဲ့ ရင်ဆိုင်တိုက်ပွဲဝင်နေရသည်။ နီကာရာဂွာနိုင်ငံမှာ အရွယ်ရောက်သူ လေးပုံတစ်ပုံက စာမတ်ကြသူများသလို လက်တင်အမေရိကတိုက်မှာ စာတတ်မြောက်နုန်း အနိမ့်ဆုံးနိုင်ငံ တစ်နိုင်ငံလည်းဖြစ်သည်။ သူတို့လေးတွေက နေ့လည်စာကို ရွာထဲက တဲကလေးတစ်လုံးမှာ စားကြသည်။ မနက်စာကို မယ်မယ်ရရ ဝလင့်အောင် စားဖို့က စားစရာ သောက်စရာ ဘာမှမရှိ။ စားရတောင်မှ ကျက်အောင် မစောင့်နိုင်ကြ။ သူတို့အတွက် နေ့စဥ်နေ့တိုင်း ရွာထဲက အမျိုးသမီး တစ်ယောက်က ချက်ပြုတ်ပေးလေ့ရှိသည်။ အများအားဖြင် ပဲထမင်းရယ် ၊ပဲထမင်းကြော်ရယ် ၊ ချာပါတီရယ် ၊နောက်ပြီး သံပရာရည်..။အဲဒါတွေကိုပဲ အလှည်ကျ ချက်ကျွေး​လေ့ရှိသည်။ ကလေးတွေအတွက်တော့ ပွဲတော်ကြီးသဖွယ်။

နေ့လယ်စာအတွက် အစိုးရက ပေးဆောင်တာတော့ရှိသည်။ ငတ်မွတ်ခေါင်းပါးမှုပပျောက်ရေး အစီအစဉ်အနေနဲ့ နိုင်ငံအတွင်းရှိ ကျောင်းနေကလေးများအားလုံးကို တစ်နေ့လျှင် အနည်းဆုံး ထမင်း တစ်နပ်စားရအောင် စီမံပေးလျှက်ရှိနေသည်။
နီကာရာဂွာနိုင်သည် ဖွံ့ဖြိုးဆဲနိုင်ငံတစ်နိုင်ငံအဖြစ် သတ်မှတ်ခံထားရပေမဲ့လည်း အာဟာရချို့တဲ့မှုပြဿနာမှာ ပပျောက်လောက်ထိအောင်တော့ မဖြစ်နိုင်သေးပေ။
ကျောင်းတက်ရတဲ့ ခဏတာအချိန်က တောနေဆင်းရဲသားတွေအတွက် ကြိုဆိုရမဲ့ အပြောင်အလဲတစ်ခုလည်းဖြစ်သည်။ ဒီအတွက်လည်း ကလေးတွေမှာလည်း ကစားချိန်ရကြပြီး ဘာမဆို ဘဝမှာ တစ်ခါလောက်တော့ သူတို့အလှည့် ရောက်လာဖို့မျော်လင့်နေကြသည်။

နားချိန်ပြီးရင် သင်ချာတွက်ကြရသည်။ သရက်သီးခြောက်လုံးက နှစ်လုံးကို နုတ်ရင် လေးလုံးကျန်... ဆိုတာ သူတို့လေးတွေ တွက်ကြရတဲ့ သင်ချာ ဘာသာရပ်တစ်ခုပါပဲ။ ကျောင်းသားတိုင်းက စိတ်ဝင်တစား ရှိကြတော့ အားလုံးက ဘောသင်ပုန်းဆီကိုဝန်းအုံ လာကြသည်။ အဲဒီချိန်ကတော့ တစ်နာရီထိုးထိုးချိန်။ တစ်နေ့တာအတွက် စုစုပေါင်းစာသင်ချိန်က ငါးနာရီ ရှိသည်။

ကျောင်းပိတ်ရက်တွေဆိုရင် ကင်ယာအတွက် အမြဲတမ်းဝမ်းနည်းရတဲ့အချိန်။

''ကျောင်းမှဆိုရင် သူငယ်ချင်းတွေအများကြီးနဲ့လေ။ ဒါပေမဲ့ သမီးက အိမ်ပြန်ရင် သူတို့တွေနှင့် ခွဲရတော့ ဝမ်းနည်းမိတာပေါ့ '' လို့ အငယ်မလေးက ဆိုသည်။

ခုတော့ ညီအစ်မသုံဦး ကနူးလှေကလေးလှော် ခတ်ပြီး အိမ်ကို ပြန်နေကြပြီ ။ သူတို့လေးတွေအတွက် တစ်နေ့တာရဲ့ အပျော်ရွင်ဆုံးအချိန်က ပြီးဆုံးသွားလေပြီ။ အိမ်ပြန်လမ်းက သူတို့လေးတွေအတွက် မကြာပေမဲ့လည်း အားအင်တွေ ကုန်ကြရသည်။ အိမ်မပြန်ခင် စာသင်ချိန်တစ်လျှောက်လုံး ကနူးလှေကလေးထဲ့ ဝင်နေတဲ့ရေတွေကို ကုန်စင်အောင်ခတ်ထုတ်ကြရပြန်သည်။ ဂရေဗင်ရဲ့ အိမ်ပြန်လမ်းကလည်း နှောင့်နှေးမှုတွေက ရှိနေပြန်သည်။
အဲဒီ ဆန်မာရီယာနိုရွာက စတိုးဆိုင်လေးမှာ ပုံမှန်လာရောက်ပြီး စျေးကူရောင်းနေတဲ့ မိခင်ကိုပါ တပါတည်း ဝင်ခေါ်ယူရသည်။ စျေးဆိုင်ဆိုလို့ ကီလိုမီတာ ၂၀ ပတ်လည်အတွင်းမှာမှ ထိုစျေးဆိုင်ငယ် တစ်ဆိုင်ပဲရှိသည်။

စျေးဆိုင်မှာ တင်ရောင်တဲ့ ပစ္စည်းအများစုက ဒေသထွက်ကုန်တွေပဲများသည်။ ရွာစျေး ဆိုင်ကလေးဆိုတော့ ဆေးဝါးတွေ၊ (ဆပ်ပြာ၊ ခေါင်းလျှော်ရည်၊ သွားတိုက်ဆေး စသည့်) တစ်ကိုယ်ရေသုန်း ပစ္စည်တွေ နှင့် အခြား ဓာတ်မီး၊ ဓာတ်ခဲ ၊ သကြားလုံးတို့ကပင်အစ
အရေးပါတဲ့အရာတွေကိုပဲ တင်ရောင်းကြသည်။

၁၇၀ ကော်ဒိုဘာ (၆ ဒေါ်လာခန့်) လောက်သည် ဂရေဗင်မိသားစုအတွက်တော့ အလွန်ပင်များတဲ့ငွေပမာဏ။ သာမန်အလုပ်သမားတစ်ယောက် တစ်ရက်ဝင်ငွေက တစ်ဒေါ်လာနှင့်
ဆင့်၆၀လောက်ပဲရကြသည်။ ခုအချိန်မှာတော့ ဂရေဗင် အိမ်ကို ပြန်ဖို့လုပ်နေသည်။ မပြန်ခင် ဂရေဗင်ရဲ့ အဖွားအိမ်မှာ စောင့်နေတဲ့ မိခင်ကိုလည်း ဝင်ခေါ်ရအုံ့မည်။ ထိုအချိန်သည်ကား တစ်နေ့တာရဲ့ မွန်းလွဲပိုင်းနေပူပြင်းတဲ့ အချိန်။ အလုပ်သမားများလည်း အလုပ်ကပြန်ပြီး ရွာထဲ့မှာနားနားနေနေ အနားယူကြတဲ့အချိန်။

ညနေစောင်းအချိန်က မြွေတွေကို ကျောင်းသားတွေ အထူးသတ်ိထားရတဲ့အချိန်။ နေစောင်းစအချိန်ဆိုရင် သွေးအေး မြေအောင်းသတ္တဝါတွေက ပိုပြီးမြူးထူးကြသည်။ မြစ်ပေါ်ကူးဖြတ်နေကြတဲ့ ညီအစ်မသုံးသည်လည်း အန္တာရာယ်တွေ အခက်အခဲ့တွေနဲ့ ရင်ဆိုင်ရနိုင်သည်။ ခုအချိန်မှာတော့ သူတို့လေးတွေ ရေဆန်ကို ဆန်တက်ကာ လှော်ခတ်နေကြရလောက်ပြီ။ ဒါတင်မက ရာသီဥတုကလည်း သူတိုလေးတွေ ပြန်ခါမှ ဆိုးလာပုံရသည်။

''ဒီနေ့ လေပြင်းကအရမ်ပြင်းတာပဲ၊ ရေစီးလည်းပြင်းတယ် လှေကလေးကိုလှော်ရတာ ခရီးမတွင်လှဘူး'' လို့ သူတို့က ဆိုကြသည်။

ဒါပေမဲ့ လမ်းတစ်ဝက်လောက်ကိုတော့ ရောက်နေကြပြီ။ တစ်နေ့တာလုံး လှေလှော်ရ စာသင်ခဲ့ရတဲ့ ဒဏ်တွေကြောင့် အားအင်တွေလည်း ကုန်ခမ်းနေ​ကြသည်။ နေပူချိန်က ၃၅ဒီဂရီ ဆဲလ်စီယပ်အထိရှိနေပြီး အလွန်ပူအစ်စိုထမ်းလှတဲ့ နေအပူချိန်ကို ကုန်းလမ်းက သွားရတဲ့ ဂရေဗင်ခံရအုံမည်။ နီကာရာဂွာနိုင်ငံရဲ့အရှေ့ပိုင်းသည် တစ်နှစ်ပတ်လုံး ပူပြင်းပြီး နေ့ခင်ပိုင်းဆိုရင် ပျမ်းမျှ စိုထိုင်းဆက 80% ထိရှိနေတတ်သည်။

ကံသီလို့ ဂရေဗင်မှာ တစ်ခါမှာ မြေမကိုက်ခံရပေမဲ့လည်း အဆိပ်ပြင်လှတဲ့ မြွေတွေရဲ့ရန်ကို ကြောက်နေရသည်။ မြွေကိုက်ခံရရင် အဆိပ်ဖြေဆေးတာကိုလည်း ဝေလာဝေး။ တစ်ခုခုဖြစ်ရင် အနီးဆုံး ဆရာဝန်ရှိရာဆီတောင်မှ လှေနှင့် နှစ်နာရီခန့်သွားမှရောက်သည်။
မြွေကိုက်ခံရပြီဆိုရင် သေစေနိုင်သည်။ ဒါကြောင့်လည်း ဂါရေဗင်အဖို့ လမ်းတစ်လျှောက်ခြေမြန်ထိုး ပြီးသွားလာလေ့ရှိသည်။

ကီလိုမီတာ အနည်းငယ် လှော်ခတ်အပြီးမှာ ညီအစ်မသုံးဦးသည် လမုတောကိုရောက်ကြရသည်။ဒါတောင် နာရီဝက်မက လှော်ခတ်ကြရသည်။ မောပမ်းပြီး ညောင်းညာပေမဲ့လည်း အကြီးမ ကင်ယာ ခများ အငယ်နှစ်ယောက်ကို သတိမလပ်အောင် စောင့်လျှောက်ရပြန်သည်။ အထူးသဖြင့် ရေမကူးတတ်တဲ့ ဂျူလီဆာလေးကို မျက်စိထောက်ထောက်ကြည့်နေရသည်။

မြစ်မကြီးက ရေစီးပြင်တာကြောင့် သူတို့လေးတွေ အိမ်အရောက် နောက်ကျတတ်သည်။ ထိုအချိန်မျိုးဆိုရင် သူတို့လေးတွေရဲ့မိခင်ဖြစ်သူမှာ ပူပင်နေရပြီ။ ရှိသမျှခွန်အားလေတွေစုပြီး သုံးယောက်လုံး တက်ညီလက်ညီ လှေကလေးကို လှော်ခတ်အပြီးမှာတော့ နောက်ဆာံးပန်းတိုင်ဖြစ်တဲ့ သူတို့ သွားလာနေကျ ဆိပ်ကမ်းလေးကို အရောက်လှမ်းနိုင်ကြတော့သည်။ ကျောင်းမတက်ကြတဲ့ အခြားကလေးတွေကတော့ ရေဆင်းကူးနေကြသည်။ ကင်ယာတို့ ညီအစ်မတွေနဲ့ မတူတာက ကျောင်းမတက်ကြတဲ့ကလေးတွေအဖို့ အိမ်မှုဝေယာဝိစ္စတွေကို အကုန်လုပ်ပြီးခါမှ ကစားချိန်ရကြသည်။ ကျောင်သူလေး ကင်ယာတို့ ညီအစ်မသုံးယောက်မှာတော့ ပင်ပန်းလို့ အတူမကစားနိုင်ကြပေ။

ဆပ်ကမ်းမှာလှေကလေးကို ကြိုးချည်ပြီးတာနဲ့ ညီအစ်မသုံဦတို့မှာ အမေရှိရာ
အိမ်လေးသို့ တန်းပြန်ချင်နေကြသည်။ သူတို့လေးတွေမိုးမမိခဲ့တာပဲ ကံကောင်းလှသည်။
မိုးရာသီကာလတွေမှာ အထူးသဖြင့် နေစောင်းချိန်ဆိုရင် မိုးတစ်ပြိုက်နှစ်ပြိုက်မက ရွာလေ့ရှိသည်။ ကုန်တွင်းပိုင်းမှာကတော့ သူတို့လေးတွေရဲ့ ကျောင်းနေဖက်သူငယ်ချင်း ဂရေဗင်မှာ သူ့ရဲ့အိမ်ပြန်ခရီးဝေးကြီးကို ခြေထောက်လေးတွေ တရွက်တိုက်ဆွဲမတတ် ရှိချေမည်။ ပူအစ်တဲ့ နေပူဒဏ်နှင့် တစ်နေ့တာမောပန်းသမျှတို့က ကလေးနဲမမျှအောင် ပင်ပန်းလွမ်းလှသည်။

ဂရေဗင်ရဲ့ မိသားစုတို့မှာ စားဝတ်နေရေးအတွက် မိသားတစ်စုလုံးအုန်ဆီချက်ပြီး ဝင်ငွေရှာကြရသည်။ ရတဲ့ဝင်ငွေကလည်း ငါးလီတာ တစ်ပူးကိုကိုမှ ၇ ဒေါ်လာခွဲသာ ရကြသည်။ အဲဒီ ငါးလီတာတစ်ဗူးရဖို့အတွက် မိသားစုငါးယောက်လုံး သုံးနာရီကြာ အလုပ်လုပ်ကြရသည်။ ယနေ့အဖိုကတော့ ဂရေဗင် အန္တာရယ်ကင်း ဘေးရှင်းစွာနှင့် အိမ်မှာ မိသားစုနှင်အတူ ရှိနေနိုင်ပြိီ။ နောက်ဆုံးတော့ ညီအစ်မသုံဦးမှာလည်း သူတို့ရဲ့ ဆန်နီကိုလစ် ရွာကလေးကို အချိန်မှီ ရောက်ရှိလာခဲ့ကြသည်။ အိမ်ရောက်ခါနီတော့ အငယ်မလေး ဂျူလီမှာ ပီတိဖြစ် နေရှာသည်။ အကြီးမနှစ်ယောက်ကလည်း သူတို့အမေကို တွေ့ရဖို့ မစောင့်နိုင်လောက်ဖြစ်နေရှာသည်။

နောက်ဆုံးတော့ ညီးအစ်မသုံးဦးမှာ အိပ်သို့ ဘေးကင်းလုံခြုံစွာနဲ့ပဲ ရောက်ရှိလာခဲ့ကြသည်။ အိမ်ရာက်တော့ သူတို့ရဲ့အမေ ဒိုနာဂျူလီယာမှာ ညနေစာချက်ပြုတ်လျှက်ရှိနေသည်။ ဒီည အသားမီးကင် နဲ့စားရမယ်။ သူတို့တွေ ကျောဆန့်ကာ အညောင်းအညာဖြေကြသည်။ ပြီးရင် တစ်ယောက်ချင်းစီ သူတို့ရဲ့အမေကို သွားဖက်လိုက်ကြသည်။မိသားစုတစ်ခုလုံးမှာ စိတ်လက်ပေါ့ပါးနေကြတာ အထင်းသားပေါ်လွင်နေသည်။ တစ်နေ့တာအတွက်ကတော့ ကလေးတွေအတွက် အန္တာရာယ်တွေက လွတ်ကင်းဘေးရှင်းရလေပြီ။ နေ့တိုင်းခက်ခက်ခဲခဲ ဘာကြောင့် ကျောင်းတက်ရလည်းဆိုတာကို အကြီးမ ကိုးနှစ်ကလေး ကင်ယာက အပြည့်အဝ နားလည်ထားသည်။

''ကြီးလာရင် ဆရာမလုပ်ချင်တယ် '' လို့ အငယ်မလေးက သူရဲ့အိမ်မက်ကို ပြောပြသည်။

ယနေ့ သူမအတွက်တော့ မျော်မှိုင်းထားတဲ့ အိမ်မက်ဆီသို့ ခြေတစ်လှမ်းလှမ်းနိုင်ခဲ့လေပြီ။

နေဝင်ချိန်ကလည်း တစ်စစနဲ့နီကပ်လာနေပြီး အမှောင်ထုက သူတို့ရဲ့ တဲလေးဆီသို လွမ်းခြုံစပြုလာနေသည်။ ညနေငါးနာရီဆို နေဝင်ခါနီနေပြီ။ မောပန်းလာတာကြောင့် ကလေးတွေ အိပ်ရာဝင်ကုန်သည်။ ထိုအချိန်သည်ကား ညီအစ်မ သုံးဦးရဲ့ အိပ်စက်အနားယူချိန်ပပင်ဖြစ်သည်။

မနက်ဖန်ဆိုတာ နေသစ်ရဲ့ နေ့တစ်နေ့ ။ အဲဒီ နေ့ရက်သစ်ဟာ သူတိုလေးတွေအတွက် စွန့်စားမှုအသစ် ၊ စွမ်းအင်အသစ်တွေနဲ့ ရုံကန်ကြရပေအုံ့မည်။

နီကာရာဂွာနိုင်ငံရဲ့ အရှေ့ပိုင်းမှာရှိတဲ့ ရီယိုအီစကွန်ဒီဒိုမြစ်သည်ကား ကမ္ဘာ့အန္တာရယ် အရှိဆုံး ကျောင်းတက်လမ်းတွေထဲ့က မြစ်တစ်စင်းအဖြစ်ဆက် ဆက်လက်စီးဆင်နေပေအုံ့မည်။

ပြီးပါပြီ။

Most Dangerous Ways To School | NICARAGUA
January 31, 2021

ဗီဒီယို မှတ်တမ်းကို ဆောင်းပါးအသွင် ဘာပြန်ဆိုထားပါတယ်။

Kyi San khin

Keep Reading

အာရုံစူးစိုက်မှုစာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးCambridge English Examအချိန်ဆွဲတဲ့အကျင့်ဆိုးအချိန်ဆွဲတာကိုကုစားမယ် အင်တာနက်နဲ့ လူနေမှုဘဝ "တော်တဲ့သူတွေက ဆင်ခြေမပေးဘူး...  ဖြေရှင်းနည်းကိုပဲ ရှာကြတယ်"လိုမှသုံးပါစာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်းစာစောင်လေးဆယ့်တစ် - ပန်းတိုင်သို့အရောက်တက်လှမ်းခြင်း