Author's Profile Photo

SarPhat Author

17/05/2024

"ဘေဘီလုံမှာအချမ်းသာဆုံးပုဂ္ဂိုလ်"

1 min read
Book Review
Finance
Entrepreneurship
"ဘေဘီလုံမှာအချမ်းသာဆုံးပုဂ္ဂိုလ်"'s photo

▪️“ကျောက်မီးသွေးလုပ်ငန်းရှင်ကြီးတစ်ဦး၏ ရုံးခန်းဝ၌ကုဗပုံဧရာမကျောက်မီးသွေးတုံးကြီးတစ်တုံးချထားပြီး၊ယင်း၏မျက်နှာစာတစ်ဖက်တွင် သူ့အား သူကြွယ်ဘဝသို့ ပို့ဆောင်ပေးခဲ့သည့် အရေးပါဆုံးစာအုပ်နှစ်အုပ်ကိုချိတ်ဆွဲပြသထားသည်။ ယင်းအနက်တစ်အုပ်သည်ယခု “ဘေဘီလုံမှာ အချမ်းသာဆုံး ပုဂ္ဂိုလ်” ဖြစ်သည်။”

▪️ဒီစာကတော့စာအုပ်ရဲ့နောက်ကျောဘက်မှာပါတဲ့စာသားဖြစ်ပါတယ်။ဒီစာအုပ်ဟာဓနဥစ္စာနဲ့ပတ်သတ်ပြီးဘယ်လိုရှာ‌ဖွေစု‌ဆောင်းသင့်တယ်ဆိုတာဝတ္ထုပုံစံနဲ့ရှင်းပြထားတဲ့ဘာသာပြန်ဝတ္ထုကောင်းတစ်ပုဒ်ဖြစ်ပါ။ဒီreviewမှာတော့ခေါင်းစဉ်မှာပါတဲ့ဘေဘီလုံမြို့ကြီးအကြောင်းနဲ့စာအုပ်ထဲမှာပါတဲ့ကြီးပွားချမ်းသာရေးဥပဒေသ(၅)ရပ်အကြောင်းကိုအကျဉ်းချုံးအမြည်းဖော်ပြပေးသွားမှာဖြစ်ပါတယ်ရှင်။

▪️ဘေဘီလုံမြို့ဟောင်းဟာအီရတ်နိုင်ငံဘဂ္ဂဒက်ရဲ့တောင်ဘက်မိုင်(၅၀)လောက်အကွာမှာရှိပါတယ်။
ဘေဘီလုံမြို့ကြီးဟာသိပ်ချမ်းသာခဲ့တယ်ဆိုလို့တောတောင်ရေမြေသဘာဝနဲ့တွင်းထွက်ရတနာတွေကြွယ်ဝတယ်လို့ထင်လိုက်ရင်တော့မှားသွားပါလိမ့်မယ်။ယူဖရေးတီးစ်မြစ်နားမှာရှိတဲ့ခြောက်သွေ့တဲ့လွင်ပြက်ဒေသတစ်ခုအနေနဲ့မြေနဲ့ရေ(၂)မျိုးပဲပိုင်တာတောင်မြစ်နဲ့အလှမ်းဝေးတဲ့ဒေသတွေအတွက်ရေရဖို့သိပ်ကိုခက်ခဲပါတယ်။ဒါပေမယ့်ဘေဘီလုံသားတို့ရဲ့ပြောင်မြောက်တဲ့ဆည်ရေပေးစနစ်နဲ့စိုက်ပျိုးရေးကိုအောင်မြင်စေခဲ့ပါတယ်။ဒါ့အပြင်ပန်းတိမ်၊ပန်းတဉ်း၊ပန်းချီနဲ့ကုန်သွယ်မှုအတတ်တွေမှာလည်းထူးချွန်ခဲ့ကြပါတယ်။

▪️ဒီလိုမြို့ကြီးမှာအချမ်းသာဆုံးပုဂ္ဂိုလ်တစ်ယောက်ကဘယ်လိုနောက်ခံနဲ့လူမျိုးပါလိမ့်။ ဘယ်လိုနည်းလမ်းတွေကျင

မေတ္တာမဏ္ဍိုင်ဘာကြောင့် စာပေနိုဘယ်ဆုမရသေးတာလဲအပေါ်ယံသမားဟိုလိုလို ဒီလိုလို ဝေလည်လည်အဖေကို ဘာကြောင့်မုန်းတာလဲတဇောက်ကန်းသမားဧကရာဇ်မင်း၏ အတွေးမှတ်စု စာစောင်ငါး (၉-၁၄) ဧကရာဇ်မင်း၏ အတွေးမှတ်စု စာစောင်ငါး (၂၆-၃၂) ဧကရာဇ်မင်း၏ အတွေးမှတ်စု စာစောင်ခြောက် (၁-၁၀) ရှန်ဂရီလာ

Unlock to read this premium article with 10 points.