Default Profile Photo

SarPhat User

17/05/2024

ဘယ်နှစ်၊ ဘယ်နှ

1 min read
Book Review
Education
General Knowledge
ဘယ်နှစ်၊ ဘယ်နှ's photo

အချို့စကားတွေက အသံထွက်အတိုင်း ရေးသားရတယ် ဆိုတာ သတိမူဖို့ ဖြစ်ပါတယ်။

'ဘယ်နှစ်တန်း ရောက်ပြီလဲ' လား၊ 'ဘယ်နှတန်း ရောက်ပြီလဲ' လား။

ဒီအသုံးက အရေအတွက် ၂ ကို ရည်ညွှန်းပြီး သုံးတာ မဟုတ်ပါဘူး။ ဒါကြောင့် 'နှ'နဲ့ပဲ တွဲရပါတယ်။ 'နှ'တစ်လုံးတည်း တွဲတာ မဟုတ်ဘဲ 'ဘယ်' ဆိုတဲ့ စကားလုံးပါ တွဲပြီး 'ဘယ်နှ'လို့ တွဲသုံးရတာ ဖြစ်ပါတယ်။

* ဘယ်နှ (နာမဝိသေသန)= အရေအတွက်ကို သိလိုရာ၌ သုံးသော အမေးစကားလုံး။ ဘယ်မျှ။ မည်မျှ။

'ဘယ်နှ'ဟာ နာမဝိ​သေသနစကားလုံး ဖြစ်တဲ့အတွက် သူ့ကို သုံးရင် နောက်ကနေ နာမ်တစ်ခုခု တွဲသုံးရပါမယ်။ 'ဘယ်နှခန်း၊ ဘယ်နှအိမ်၊ ဘယ်နှကျောင်း' စသဖြင့်ပေါ့။ မျိုးပြပစ္စည်း 'ယောက်၊ ကြိမ်' စတာတွေနဲ့ တွဲပြီး 'ဘယ်နှယောက်၊ ဘယ်နှကြိမ်' စသဖြင့်လဲ သုံးနိုင်ပါတယ်။

'ဘယ်နှစ်' ဆိုရင်တော့ 'ဘယ်ခုနှစ်'လို့ ဆိုလိုတာ ပါ။ တစ်နည်းအားဖြင့် 'မည်သည့်နှစ်၊ မည်သည့်ခုနှစ်'ကိုပဲ ဆိုလိုတာ ဖြစ်ပါတယ်။

'ဘယ်နှ' ဆိုတာ 'ဘယ်မျှ၊ မည်မျှ'တို့နဲ့ အဓိပ္ပာယ် တူပါတယ်။ 'ဘယ်နှခန်း' ဆိုတာအစား 'အတန်း ဘယ်မျှ'၊ 'ဘယ်နှအိမ်' ဆိုတာအစား 'အိမ် မည်မျှ' ဆိုပြီး သုံးနိုင်တာမျိုး ဖြစ်ပါတယ်။ မျိုးပြပစ္စည်းနဲ့ တွဲတဲ့ 'ဘယ်နှယောက်၊ ဘယ်နှမျိုး' ဆိုရင် 'လူ ဘယ်မျှ၊ အကြိမ် မည်မျှ' ဆိုပြီး သုံးနိုင်ပါတယ်။

အေးကျော်မင်း
ကိုးကား ။ ။ အထက်ဖော်ပြပါ အကြောင်းအရာသည် ဆရာအေးကျော်မင်း၏ သင်ခန်းစာပို့ချချက်မှ ကောက်နုတ်ချက် ဖြစ်ပါသည်။

#ရေးမယ်ထရိန်နင်
#အသုံးအနှုန်းအလွဲ

(Post အား လွတ်လပ်စွာ Share နိုင်သည်။ ကူးယူဖော်ပြခွင့် မပြု။)

မယ်ရေးတို့ ဝေမျှနေတဲ့ ဗဟုသုတတွေကို ဖတ်ရှုနိုင်ဖို့
ရေးမယ်ထရိန်နင်ရဲ့ Social Media
Link တွေကိုပါ တင်ပြပေးလိုက်ပါတယ်။
Telegram channel
https://t.me/yaymaltraining

Instagram Channel
https://instagram.com/yaymal_training?igshid=119xh0bd0nfp5

Youtube Channel
https://youtube.com/channel/UCZmNsBQb0Bm6zwLKqVsc91Q

Keep Reading

AVA (Season 1 & 2) Beyond AVA The Fall of Hantharwaddyဘဝဟူသည်အရင်းအနှီးနဲ့ တည်ဆောက်ထားတဲ့ ဘဝရည်မှန်းချက်ပန်းတိုင်မေတ္တာမဏ္ဍိုင်တန်ဖိုးရှိတဲ့အရာ ခံစားမိအောင်ပါပီလွန်နှင့်ဗင်ဂို စာအုပ်ထဲက နိုးစက်သည်းခြေကြိုက် စာအုပ် ၆ အုပ်"စာအရေးအသား ကောင်းစေရန်" – အပိုင်း ၄: စာရေးသူတွေရဲ့ စိတ်နေသဘောထားတွေအကြောင်း  The Gentleman in the Parlour"စာအရေးအသား ကောင်းစေရန်" – အပိုင်း ၃: ဘယ်လို အမျိုးအစားတွေကို ရေးမလဲ