Author's Profile Photo

SarPhat Author

17/05/2024

အကြံဉာဏ်ဖြင့်ကြီးပွားရေး

1 min read
Book Review
အကြံဉာဏ်ဖြင့်ကြီးပွားရေး's photo

?စာရေးသူ၏စကားချီး?

‌သင်သည်မည်သည့်အရာကိုအလိုရှိသနည်း
✨‌ငွေကိုအလိုရှိသလော
✨‌ထင်ပေါ်ကျော်စောခြင်းကိုအလိုရှိသလော
✨‌ဩဇာတိက္ကမကြီးခြင်းကို အလိုရှိသလော
✨‌ရောင့်ရဲကျေနပ်ခြင်းကို အလိုရှိသလော
✨‌ဥပဓိရုပ်ကောင်းခြင်းကို အလိုရှိသလော
✨‌စိတ်ငြိမ်းခြင်းကိုအလိုရှိသလော
✨‌ချမ်းသာသုခကိုအလိုရှိသလော


? ဤစာအုပ်တွင်ဖော်ပြပါရှိသော နည်းလမ်းမျိုးသည်ယောက်ျားအတွက်ဖြစ်စေ၊မိန်းမအတွက်ဖြစ်စေ လောက၌ မိမိတို့လိုအပ်သောအရာကို မချွတ်ဆက်ဆက်ရနိုင်ရန်အတွက် အတိုဆုံးသောဖြတ်လမ်းကြီးဖြစ်ပေသည်။

?ဤစာအုပ်တွင် သင်၏ကြီးပွားရေးအတွက် လျှို့ဝှက်နက်နဲသော အချက်ကြီးတစ်ချက်ပါရှိ၏။ထိုအချက်ကိုကျွန်ုပ်တို့ကိုယ်တိုင် ထုတ်ဖော်ညွှန်ပြခဲ့လျှင် ခရီးမရောက်မည်စိုးသောကြောင့် သင့်အလိုအလျောက်ရှာဖွေဖို့ ချန်လှပ်ထားခဲ့၏။သင်သည်ကြီးပွားထိုက်သောပုဂ္ဂိုလ်တစ်ဦးဖြစ်ခဲ့လျှင် ထိုလျှို့ဝှက်သောအချက်ကို မုချဧကန် တွေ့ရမည်ဖြစ်၏။တွေ့အောင်ရှာပါလေ။

?ထူးခြားသောအချက်မှာ ထိုလျှို့ဝှက်သောအချက်ကို ကိုယ်တိုင်တွေ့အောင်ရှာနိုင်သောသူသည် မကြီးပွားပဲမနေနိုင်။ထွက်၍ပြေးသောလည်းမလွတ်။ဓနဥစ္စာသည် ထိုသူရှိရာသို့ အတင်းလာရောက်ချေတော့မည်ဖြစ်၏။ဤလျှို့ဝှက်သောအရာသည်အခန်းတိုင်းတွင်ပါရှိ၏။ကြီးပွားထိုက်သောသူမှန်လျှင် မတွေ့ပဲမနေနိုင်ချေ။တွေ့ရှိသောသူအဖို့၌ ငွေသည်လည်းကောင်း၊ဩဇာတိက္ကမသည်လည်းကောင်း၊ကျော်စောကိတိက္ကမသည်လည်းကောင်း၊ချမ်းသာသုခသည်လည်းကောင်း၊အလိုအလျောက်လာရောက်မည်ဖြစ်၏။သဘောစူးစိုက်စွာဖတ်၍ ရှာလေလော့။

?ဤစာအုပ်တွင် အခန်း(၁၀)ခန်းပါရှိသည်။အခန်းတိုင်းတွင် မှတ်သားစရာပါရှိသည်။စာအုပ်နာမည်ကိုကြည့်ပြီး ဤစာအုပ်ဖတ်ပြီးရင်"ငါကြီးပွားချမ်းသာမည်"ဟုတထစ်ချပြော၍မရ။စာအုပ်ပါအကြောင်းအရာ နည်းနာများကို လိုက်နာကျင့်သုံးမှသာလျှင် ကြီးပွားချမ်းသာပေမည်။အခန်းတိုင်းတွင် လိုက်နာကျင့်သုံးရမည့် နည်းဥပဒေပါရှိသည်။ထိုနည်းနာများကို ဖတ်ရုံဖြင့်မရပေ။နည်းဥပဒေများ၊မှတ်သားဖွယ်ရာများကို မိမိ၏နေ့စဉ် မြင်သာနိုင်သော နေရာများတွင် ရေးသားဖော်ပြထားရမည်။နေ့စဉ်မနက်တိုင်းအသံထွက်၍ရွတ်ဖတ်ရမည်။ဤစာအုပ်ပါအကြောင်းအရာနည်းနာများသည် ကိုယ်တိုင်လိုက်နာကျင့်သုံးမှသာလျှင် ကြီးပွားခြင်းကိုရရှိပေမည်။စာရေးဆရာကြီး ဝှက်ထားသော လျှို့ဝှက်ချက်ကို ကျွန်ုပ်လည်းရှာမတွေ့သေးပါ။နောက်တစ်ကြိမ်ထပ်ဖတ်၍ ရှာဖွေရပေအုံးမည်။

#အကြံဉာဏ်ဖြင့်ကြီးပွားရေး
#ရွှေဥဒေါင်း
#ThinkAndGrowRich
#napoleonhill

Keep Reading

AVA (Season 1 & 2) Beyond AVA The Fall of Hantharwaddyဘဝဟူသည်အရင်းအနှီးနဲ့ တည်ဆောက်ထားတဲ့ ဘဝရည်မှန်းချက်ပန်းတိုင်မေတ္တာမဏ္ဍိုင်တန်ဖိုးရှိတဲ့အရာ ခံစားမိအောင်ပါပီလွန်နှင့်ဗင်ဂို စာအုပ်ထဲက နိုးစက်သည်းခြေကြိုက် စာအုပ် ၆ အုပ်"စာအရေးအသား ကောင်းစေရန်" – အပိုင်း ၄: စာရေးသူတွေရဲ့ စိတ်နေသဘောထားတွေအကြောင်း  The Gentleman in the Parlour"စာအရေးအသား ကောင်းစေရန်" – အပိုင်း ၃: ဘယ်လို အမျိုးအစားတွေကို ရေးမလဲ