Author's Profile Photo

SarPhat Author

17/05/2024

ဘာသာစကားတစ်ခုကို လေ့လာရာမှာ ဦးစားပေးလုပ်ဆောင်ရမယ့် အရာတစ်ခု

1 min read
Personal Development
Education
General Knowledge
ဘာသာစကားတစ်ခုကို လေ့လာရာမှာ ဦးစားပေးလုပ်ဆောင်ရမယ့် အရာတစ်ခု's photo

ဝေ တို့တွေ ဘာသာစကား တစ်ခုကို လေ့လာတဲ့ အခါမှာ ပထမဆုံး စတင်သင်ယူဖို့လိုတဲ့အရာက Grammar လား၊ Speaking လား ဒါမှမဟုတ် Reading လား....။ အဲ့ဒါတွေ တစ်ခုမှ မဟုတ်ပါဘူး ။
အားလုံးမှတ်မိကြမလား.. ဝေ တို့ ကလေးအရွယ်က မိခင်ဘာသာစကားကို ဘယ်လိုသင်ယူခဲ့ရလဲဆိုတာ..။
စကားတစ်လုံးမှ မပြောတတ်မဆိုတတ်ခင်က မိဘတွေနဲ့ ပတ်ဝန်းကျင်ကသူတွေပြောတဲ့ စကားတွေကိုပဲ နားထောင်ပြီး Listening Skill နဲ့ စတင်ခဲ့ရတာဖြစ်ပါတယ်။ အဲ့လို ကလေးသာသာ အရွယ်ကဆို Grammarတွေ ၊Reading တွေ၊Writingတွေ ဆိုတာ အသာထား၊ ဝေ တို့ ကြားနေရတဲ့ အသံတွေကို ပုံတူ လိုက်ဆို၊လိုက်ပြောရင်းနဲ့မှ Speaking ဆိုတဲ့ နောက်ထပ် skill တစ်ခုကို တတ်မြောက်လာတာ ဖြစ်ပါတယ်။

အဲ့ဒါကြောင့် ဘာသာစကား အသစ်တစ်ခုခုကို သင်ယူရာမှာ ကလေးလေးများလိုပဲ Listening Skill နဲ့ စတင်သင့်ပါတယ်။ အစပိုင်းမို့ နားမလည်တာတွေ၊ အာရုံစိုက်ရတာတွေ ရှိနိုင်ပေမယ့် Trust me, it's worth ပါ။ အခုမှ စလေ့လာနေဆဲမို့ နားမလည်နိုင်လည်း စိတ်လေးရှည်ရှည်ထားပြီး များများ နားထောင်ပေးပါ။ ကိုယ်လေ့လာနေတဲ့ဘာသာစကားရဲ့ အသံကို အမြဲကြားနေနိုင်တဲ့ ပတ်ဝန်းကျင်တစ်ခု ကိုယ်ကိုယ်တိုင် ဖန်တီးကြည့်ပါ။ သီချင်းတွေနားထောင်နိုင်တယ်၊ Podcast တွေနားထောင်နိုင်တယ်၊ Ted talk တို့ Radio ‌တို့လည်း နားထောင်နိုင်တယ်။ ရုပ်ရှင်တွေလည်း ကြည့်နိုင်တယ်၊ Audiobook တွေလည်း နားထောင်လို့ရပါတယ်။

နားထောင်ရင်း အချိန်ကြာလာတဲ့အခါမှာ ဘာဖြစ်လာမလဲဆို ဝေ တိို့ရဲ့ စိတ်ထဲ၊မှတ်ဉာဏ်ထဲမှာ Input လုပ်ထားတဲ့ အဲ့ဒီ Listening Skill ဟာ Output အနေနဲ့ ပြန်ထွက်လာစေဖို့ skill အသစ်တစ်ခုကို လှုံ့ဆော်လာပါလိမ့်မယ်။ ဥပမာ ကိုယ်လေ့လာနေတဲ့ ဘာသာစကားရဲ့သီချင်းကို အလိုလို လိုက်ဆိုလာနိုင်တာတို့၊ podcast တွေ၊ Ted talk တွေ နားထောင်ရင်း သူတို့ပြောတဲ့အတိုင်း နောက်ယောင်ခံ လိုက်ပြောလာနိုင်တာတို့ (shadowing လုပ်နိုင်တာမျိုး) စသဖြင့် Speaking skill ကိုပါလက်‌ဆင့်ကမ်းပေးပါလိမ့်မယ်။

ဒါကြောင့်မို့ ဝေတို့တွေ ဘာသာစကား အသစ်တစ်ခုကိုလေ့လာတဲ့အခါဦးစားပေးသင်ယူရမယ့် အရာနေရာမှာ Grammar တွေ၊ Writing, Speaking skills တွေကို ခဏမေ့ထားပြီး အရေးကြီးဆုံးဖြစ်တဲ့၊ ကိုယ်လေ့လာနေတဲ့ ဘာသာစကားကို ကိုယ့်စိတ်ထဲမှာ အမြဲစွဲပါနေအောင် လုပ်ဆောင်ပေးမယ့် Listening skill နဲ့ စတင်‌ဖို့ကို အကြံပြုချင်ပါတယ်။

(နောက်ထပ် Input ဖြစ်မယ့် skill တစ်ခုရှိပါသေးတယ်။ ဒါကတော့ ကိုယ် လေ့လာနေတဲ့ ဘာသာစကား အပေါ်မှာ အတော်အသင့် နားလည်လာတဲ့အခါ စတင့်တဲ့ skill ပါ။ အဲ့ဒါကတော့ Reading skillပဲဖြစ်ပါတယ်။ ဒီအကြောင်းကိုတော့ နောက် contentတွေမှာ ဆက်ရေးပေးသွားပါမယ်။)

ဒီနေ့တော့ ဒီနားမှာပဲ ရပ်နားထားပါဦးမယ်။ အချိန်ပေးပြီး ဖတ်ရှုပေးလို့ ကျေးဇူးတင်ပါတယ်။ သာယာသောနေ့လေးဖြစ်ပါစေ။

Keep Reading

စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးစာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်းအပေါ်ယံသမားစာစောင်လေးဆယ့်တစ် - ပန်းတိုင်သို့အရောက်တက်လှမ်းခြင်းစာစောင်သုံးဆယ့်ကိုး - အကြီးမားဆုံးဆုလာဘ်စာစောင်လေးဆယ် - အလိုကြီးအရနည်း ဟိုလိုလို ဒီလိုလို ဝေလည်လည်စာစောင်သုံးဆယ် - အရင်းအမြစ်ပြည့်စုံခြင်းစာစောင်နှစ်ဆယ့်ငါး-ခက်ခဲမှုတို့ရဲ့နောက်ကွယ်တန်ဖိုးစာစောင်သုံးဆယ့်နှစ်-ကိုယ့်ကိုယ်ကိုယ်နှစ်သိမ့်ခြင်း