Author's Profile Photo

SarPhat Author

15/05/2024

အတိတ်တွင်ပိတ်မိနေသူများအတွက်ဖတ်စာ

1 min read
General Knowledge
18 Again
အတိတ်တွင်ပိတ်မိနေသူများအတွက်ဖတ်စာ's photo

မနက်ဖြန်အတွက် ရှေ့ဆက်ဖို့ အားအင်တွေမရှိတော့ဘူးလား။ငါသာလောကထဲကထွက်သွားရင် ပြသနာတွေမရှိတော့ဘူးလို့တွေးနေပြီလား။ မင်းကဘယ်သူ့အတွက်မှအရေးမပါဘူးလို့တွေးမိနေပြီလား။ မင်းပင်ပန်းနေတာမှန်ပါတယ်။ ဒါပေမယ့် ကျေးဇူးပြု၍ မပြိုလဲလိုက်ပါနဲ့။
အတိတ်မှာဖြစ်ပျက်ထားတဲ့အရာတွေကိုလွှတ်ချထားလိုက်ပါ။ အတိတ်ဟာပြန်လည်တူးဆွဖို့မဟုတ်ပါဘူး။ မင်းဘဝကိုလွတ်လပ်စွာဖြတ်သန်းချင်တယ်ဆိုရင် အတိတ်ထောင်ထဲမှာပိတ်မိမနေပါစေနဲ့။ ရုန်းထွက်လိုက်ပါ။ လွတ်မြောက်ဖို့ကြိုးစားလိုက်ပါ။ အနာဂတ်ရဲ့အလင်းရောင်ကိုမြင်ချင်ရင် အတိတ်ရဲ့မှောင်မိုက်မှုထဲမှာရပ်တန့်မနေပါနဲ့။ ရဲရဲသာလျှောက်လှမ်းခဲ့လိုက်စမ်းပါ။ တောက်ပတဲ့အနာဂတ်တွေမင်းကိုစောင့်နေတယ်။ မင်းရဲ့ပခုံးပေါ်မှာထမ်းထားတဲ့ မလိုအပ်တဲ့အရာတွေကို လွှတ်ချခဲ့လိုက်ပါ။ ရှေ့ဆက်ပြီး မင်းရဲ့အနာဂတ်သစ်ကို ပုံဖော်လိုက်ပါ။ မင်းရဲ့ပျော်ရွှင်မှုတွေကိုခိုးယူမခံပါနဲ့။ တစ်စုံတစ်ယောက်ကမင်းပေါ်မှာအမှားတွေပြုလုပ်ထားလား။ လွှတ်ချလိုက်ပါ။ ဘာလို့မင်းရဲ့အတွေးထဲမှာ သူတို့ကိုဝင်ရောက်ကျူးကျော်ခွင့်ပြုမှာလဲ။ သူတို့မထင်ထားလောက်တဲ့ထိ မင်းဘဝကိုတိုးတတ်ပြောင်းလဲခွင့်ပေးလိုက်ပါ။ မင်းကနေမင်းလောက်ထိမလင်းနိုင်ရင်တောက်မှ ကြယ်တစ်ပွင့်လို တောက်ပပြလိုက်စမ်းပါ။ မင်းလုပ်နိုင်ပါတယ်။ အတိတ်ကရုန်းထွက်ခဲ့လိုက်ပါ။ မင်းတွက် တောက်ပတဲ့အနာဂတ်သစ်တွေကြိုနေပါတယ်။

Keep Reading

ကိုယ့်ကိုယ်ကိုယ်ကုစားနည်းစာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးအကျင့်ဆိုးဖျောက်နည်းစိတ်ခွန်အားပြန်လည်မွေးယူပါစာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်းပျူတွေ ဘယ်ပျောက်သွားသလဲစာစောင်လေးဆယ် - အလိုကြီးအရနည်း စာစောင်လေးဆယ့်တစ် - ပန်းတိုင်သို့အရောက်တက်လှမ်းခြင်းအာရုံများနေခဲ့ရင်ဘာလုပ်သင့်လဲနှစ်သစ်ကူး(တန်ခူးလ)၏ အကြောင်း သိမှတ်ဖွယ်ရာများ။