Author's Profile Photo

Reviews by Benevolent

7/05/2025

ပျူတွေ ဘယ်ပျောက်သွားသလဲ

3 mins read
Book Review
General Knowledge
History
ပျူတွေ ဘယ်ပျောက်သွားသလဲ's photo

ရှေးဦး မြန်မာလူမျိုး‌ပျူအနွယ်ဖွားတွေက ယောနယ်၊ တောင်သားလူမျိုးအဖြစ် အခုထိရပ်တည်နေကြတဲ့အကြောင်းဖတ်မိ၊ တွေ့မိတော့ ကျွန်တော် ပျူအကြောင်း အလွန်စိတ်ဝင်စားတဲ့ဓာတ်က ကြွလာတော့ ဒီစာအုပ်ကို ကိုင်ကြည့်မိခဲ့တယ်။ဒီစာအုပ်ထဲမှာ ဆရာကြီးဒေါက်တာသန်းထွန်းရဲ့ သုတေသနဇွဲ၊ သိစေချင်တဲ့စေတနာ ၊ကိုးကားညွန်းပြမှုအများကြီးတွေ့ရတယ်။

ပျူလူမျိုးတွေဟာ မြန်မာနိုင်ငံ အလယ်ပိုင်းကို ခရစ်နှစ်မတိုင်မီ ၅ ရာစု လောက်ကစတင်ဝင်ရောက်ပြီး ခရစ်နှစ် အစပိုင်းမှာ အင်အားကြီးထွားလာပြီး ခရစ်နှစ် ၄ ရာစု မှ ၉ ရာစုအထိကျယ်ပြန့်ခဲ့တဲ့ လူအဖွဲ့အစည်းဖြစ်တယ်။ပျူတွေဟာ ပြည်ထောင်စုနိုင်ငံကို ပထမဆုံးမြန်မာနိုင်ငံအတွင်း စတင်တည်ထောင်သော သူတွေဖြစ်တယ်။သရေခေတ္တရာ (ကျက်သရေရှိသောအရပ်) ကိုဘယ်မင်းဘယ်တုန်းကတည်ခဲ့သလဲ၊ ဘာကြောင့် ပျက်သလဲမေးရင် ရှေးကထားခဲ့တဲ့ ရာဇဝင်တွေမှာ အဖြေပြည့်ပြည့်စုံစုံပေးထားတယ်။ပျူလူမျိုးတွေဟာ တိဗက်-မြန်မာ နွယ်တွေဖြစ်တယ်။ ယွန်နန်နယ်စပ်မှမြန်မာနိုင်ငံအလယ်ပိုင်း ဧရာဝတီမြစ်ဝှမ်းတစ်လျောက် ခရစ်တော်မပေါ်မီ ၅ ရာစု ကတည်းက ဝင်ရောက်အခြေချခဲ့တဲ့ ပျူလူမျိုးတို့ အထင်ရှားရှိခဲ့တဲ့မြို့ကြီးတွေက ရွှေဘိုခရိုင် (ဟန်လင်းကြီး)၊ တောင်တွင်းကြီး (ဗိဿနိုး)၊ ပြည်မြို့(သရေခေတ္တရာ) တို့ဖြစ်တယ်။

ပျူမြို့တော် သရေခေတ္တရာမှာ စိုးစံသွားတဲ့မင်းတွေထဲက နောက်ဆုံးမင်းလို့ သိရတဲ့ သီဟဝိကြမ မင်းဟာ ခရစ်နှစ် ၇၁၈ ခုနှစ်က နတ်ရွာစံတယ်။ပျူလက်အောက်ခံ ၁၈ ပြည်ထောင် ရှိတယ်။ ပင်မမြို့ကြီးတွေကို လုံခြုံရေးခံတပ် ၉ မြို့နဲ့ ဝန်းရံထား။ပျူတို့ရဲ့ မြို့ပြတည်ထားခြင်းက စနစ်တကျ ရှိပုံတွေ၊ စစ်ရေးအတွက် ကြိုတင်တွက်ဆ ပုံတွေ၊ ထိုခေတ် ထိုအခါက ပျူ တွေဟာ လူနေအိမ်တွေကို အုတ်နဲ့ပဲ တည်ဆောက်ပုံ၊ အိုးလုပ်ငန်း နှင့် စဉ့်ထွင်းအိုးများ အဆင့်မြင့်မှုနဲ့ အုတ်ဖြင့်သာ မြို့ရိုးကိုတည်ဆောက်ခဲ့ကြတယ်။

လေးရာစုတွင် တောင်ပိုင်းအိန္ဒိယ စာရေးနည်းကိုသုံးပြီး ဗုဒ္ဓဝါဒ မဟာယာနဂိုဏ်း နှင့် ဟိနယာဂိုဏ်း နှစ်ဂိုဏ်း‌ပေါ်လာပြီး ဟိနယာန ပို၍ထွန်းကားခဲ့ကြောင်း။ဗုဒ္ဓဘာသာ ကိုအများစု ကိုးကွယ်ပြီး မဟာယာန၊ ဟိနယာန၊ ဗြာဟ္မဏဝါဒ၊ နတ်ကိုးကွယ်မှု တွေလည်း ရှိခဲ့သလို ဗေဒင်ကိုလည်းယုံကြပြီး မြေပုံဘုရားတို့ကိုလည်း တည်ထားခဲ့ကြတယ်။မြို့ဟောင်း (မော်ဇာ) ဘုရားတောင်မှာ ၁၉၉၃ ကတွေ့ရှိခဲ့တဲ့ကျောက်အရိုးအိုးကျောက်စာတွေအပြင် အေဒီ ၁၁၁၂ ကရေးထိုးခဲ့သော ရာဇကုမာရ်ကျောက်စာ ၊ ပုဂံပျက်ပြီး တရုတ်တပ်များ ပုဂံမြို့တော်နေကြစဉ် ပုဂံနှင့်တကွ မြန်မာကိုသိမ်းပိုက်နိုင်ခဲ့ကြောင်း မှတ်တမ်းကျောက်စာတွင် တရုတ်၊ပျူ နှစ်ဘာသာဖြင့်ရေးထိုးထားသည်ကို တွေ့ရကြောင်း၊ အောက်ဘက် ဧရာဝတီ မြစ်ဝှမ်းတစ်လျောက် ပျူ တွေနေထိုင်ခဲ့တာ အထောက်အထား အခိုင်အမာနဲ့ မြေပုံကားချပ်၊ တွေ့ရှိသောအမှတ်အသား အချက်အလက်တွေကို ဒီစာအုပ်ထဲမှာ ပူးတွဲတင်ပြထားတယ်။

ပျူ တွေကို တရုတ်လူမျိုးတွေက "ဖျောက်" လိုခေါ်တယ်။ပျူ တွေက သူတို့ကိုယ် သူတို့ "ထုလောကျူ " လို့ခေါ်တယ်။မွန် လူမျိူးတွေက "တိရ်စုလ်" လ

တစ်ကျွန်းစံ၏အပြန်လမ်းအသပြာလုလင်ညပျူတွေ ဘယ်ပျောက်သွားသလဲဧကရာဇ်မင်း၏ အတွေးမှတ်စု စာစောင်ငါး (၂၆-၃၂) စာအုပ်လား ရုပ်ရှင်လားကိုယ့်အလှ ဘဝငွေလမင်း - တက္ကသိုလ် ဘုန်းနိုင်𝙂𝙚𝙤𝙧𝙜𝙚 𝙊𝙧𝙬𝙚𝙡𝙡 𝘾𝙤𝙡𝙡𝙚𝙘𝙩𝙞𝙤𝙣မပျင်းစရာ စွဲမက်စရာ ကောင်းတဲ့စာအုပ်တွေဧကရာဇ်မင်း၏ အတွေးမှတ်စု စာစောင်သုံး (၁၁-၁၅)

Unlock to read this premium article with 100 points.