Reviews by Benevolent
အဖွဲ့အနွဲ့တွေမပါဘဲ ရိုးရိုးစင်းစင်း ပြောပုံတွေကိုသာ သဘောကျသူတစ်ယောက်ဖြစ်တဲ့ ဂျော့အော်လ်ဝဲက စာပေဩဇာကြီးမားခဲ့တဲ့ ဆမ္မားဆက်မွန် ၊ ဂျိမ်းစ်ဂျွိုက်စ် တို့က သူ့အကြိုက်ဖြစ်ခဲ့တယ်။ မရိုးနိုင်လောက်အောင် အလေးထား လွှမ်းမိုးနိုင်တဲ့ စာရေးဆရာများအဖြစ် ရှိခဲ့တယ်။ မှောင်မိုက်သောအမြင်များပါတဲ့ Animal Farm နှင့် 1984 လက်ရာနှစ်ခုဟာ အာဏာရှင်သဘော အပြင် အော်ဝဲလ်လက်ရာကောင်းနှစ်ခုအဖြစ် ကမ္ဘာကတရားဝင်အသိမှတ်ပြုခဲ့ရတယ်။ကမ္ဘာ့ကျော်စာရေးဆရာအဖြစ် တွန်းပို့ခဲ့တဲ့ 1984 နှင့် Animal Farm ဝတ္ထုများတွင် လူသားများနေထိုင်ရာ မြို့ကြီးပြကြီးနှင့် ကျေးလက်ကို လွှမ်းခြုံထားတဲ့ ဇာတ်လမ်းတွေသာဖြစ်တယ်။ငယ်ငယ်လေးကတည်းက သူ့ရည်မှန်းချက် ပန်းတိုင်က အောင်မြင် ကျော်ကြားတဲ့ စာရေးဆရာကြီး ဖြစ်ဖို့သာဖြစ်တယ်။ ငယ်ငယ်က ရှက်တတ်လွန်တဲ့ အင်္ဂလိပ်လူမျိုးတစ်ယောက်၊ ရိုမန်တစ်ဆန်တဲ့ အလေ့အထကို ရင်ခုန်ခဲ့ပေမယ့် လက်တွေ့ဝါဒီ (Realism)တစ်ဦးအဖြစ်နဲ့သာ ရပ်တည်ခဲ့တယ်။
အိန္ဒိယမှာ မွေးပြီး မြန်မာပြည်မှာ နေထိုင်ခဲ့ဖူးသူတစ် ယောက်ဖြစ်တဲ့ သူကို ၁၉၂၂ ခုကနေ ၁၉၃၇ ခုနှစ်အထိ ဗြိတိသျှအင်ပါယာ လက်အောက် အမှုထမ်းတစ်ဦးအဖြစ် မြန်မာပြည်တွင်အချိန်ကြာ နေထိုင်ခဲ့တယ်။မြန်မာပြည်ရာသီဉတုက အော်လ်ဝဲ ကျန်းမာရေးကို ထိခိုက်စေခဲ့ပေမယ့် မူလမျိုးရိုးရှိရာလန်ဒန်မြို့ကြီးကိုလည်း မနှစ်သက်သူတစ်ယောက်ဖြစ်နေပြန်တယ်။လုပ်ဖော်ကိုင်ဖက် အင်္ဂလိပ်လူမျိုးတွေနဲ့လည်း သူက သိပ်အစေးမကပ်သည့်အပြင် မြန်မာပြည်သူတွေနဲ့လည်း သူက မနီးစပ်တာမို့ အထီးကျန်ဆန်စွာ နေထိုင်ခဲ့ရတယ်။ဖြတ်သန်းမှုတွေက အမှုထမ်းဘဝ နှင့် စာရေးဆရာဘဝ အပြင် စာအုပ်ရောင်းသမားဘဝ၊ အရောင်းဝယ်သမား တစ်ယောက် ၊လွတ်လပ်သော လေဘာပါတီ ဝင်တစ်ဦးဖြစ်ခဲ့ဖူးသူတစ်ယောက်လည်းဖြစ်တယ်။စပိန်တွင် ကြုံတွေ့ခဲ့ရတဲ့ လက်ဝဲနိုင်ငံရေးပါတီများအတွင်း အပြန်အလှန်ကြိတ်လုပ်ကြံပုံများကြောင့် နိုင်ငံရေးကို ကြောက်သွားခဲ့တယ်။စိတ်ထဲတွင်မူ လက်ဝဲဘက်မှ ပြတ်သားစွာရှိခဲ့ပြီး ဒုတိယကမ္ဘာစစ်ကြီးပြီးတဲ့အခါ ပါတီမှ နှုတ်ထွက်ခဲ့တယ်။ စာရေးဆရာဆိုတာ ပါတီနိုင်ငံရေး တံဆိပ်များမှ ကင်းရှင်းမှ ရိုးသား မှန်ကန်သည်ဟု ယူဆ လာသောကြောင့်ဖြစ်တယ်။စာရေးခြင်းအလုပ်အကိုင်အပြင် ဉယျာဉ်စိုက်ခြင်းကိုလည်း ဝါသနာပါခဲ့တယ်။ခေတ်ပေါ်ဇိမ်ခံပစ္စည်းကိုမကြိုက်တတ် ၊ စစ်ပွဲများတွင် ပါဝင်တိုက်ခိုက်ခဲ့ခြင်း မပြုတာကလွဲလို့ ဘဝမှာ လုပ်ချင်ရာ လုပ်ခဲ့သူတစ်ယောက်လို့ ဆိုနိုင်တယ်။စစ်ပွဲတွေက အော်ဝဲလ်ကို ခက်ခဲစေခဲ့တယ်။ သူ့တိုက်ခန်း ဗုံးကြဲခံရပြီး သူ့စာအုပ်တော်တော်များများ ပျက်စီးသွားခဲ့တယ်။
1984 စာအုပ်တွင် ဂျော့အော်ဝဲလ် (George Orwell) ဆိုလိုချင်တဲ့ အယူဝါဒများက Oligarchical Collectivism အဖြစ် ဖော်ပြချင်ပုံရတယ်။စတာလင်အယူဝါဒ အများအပြား ရောနှောကာ အတိုင်းအတာတစ်ခုအထိပါနေတာကြောင့် စတာလင်ဝါဒီကိုလည်း ဝေဖန်ချက်ထုတ်ပြချင်ပုံရတယ်။၊ ဖိနှိပ်မှုများဖြင့် အုပ်ချုပ်နိုင်တဲ့ အနာဂတ်လူ့အဖွဲ့အစည်းများကို မှတ်တမ်းပြုထားတဲ့ 1984 ဝတ္ထု သတ်မှတ်ချက်က မြို့ပြတစ်ခုတည်း အခြေအနေသာဖြစ်တယ်။ကျွန်တော်အမြင် ဆိုရှယ်လစ်ဖြစ်ဖြစ်၊ ဒီမိုကရက်တစ်ဖြစ်ဖြစ် ပင်ကိုသဘာဝအရ မူမမှန်ရင်တော့ အမြတ်အစွန်းအားလုံးက ပြည်သူထက် အုပ်ချုပ်သူလူနည်းစုသာ ကောင်းစားနေကြမှာပါပဲ။အော်ဝဲလ်ရဲ့ ကမ္ဘာသစ်တခုကို ရုပ်လုံးကြွလာအောင် အချိတ်အဆက်မိမိ ဖန်တီးနိုင်စွမ်း၊ခန့်မှန်းလို့မရလောက်အောင် ဇာတ်လမ်းအစီအစဉ် ချထားနိုင်စွမ်း၊ နိုင်ငံရေးအသိအမြင် ကြွယ်ဝမှု၊ တပါတီအာဏာရှင်စနစ်ရဲ့ ဆိုးကျိုးတွေနဲ့ တသီးပုဂ္ဂလ လွတ်လပ်မှု အရေးကြီးပုံတွေကို ကွက်ကွက်ကွင်းကွင်း ပုံဖော်နိုင်မှုတွေကြောင့် ဒီဝတ္ထုဟာ အချိန်ကာလတွေကို ကျော်လွန်လာသည့်တိုင် ဘယ်အချိန်ဖတ်ဖတ် အမြဲသစ်လွင်ကောင်းမွန်နေမယ့် ဝတ္ထုတပုဒ်ဖြစ်နေတယ်။
Animal Farm ဝတ္ထုကတော့ လူတွေရဲ့ ရှိရင်းစွဲ စိတ်သဘာဝကို ဖော်ကြူးထားတဲ့ စာပြောင်ဝတ္ထုလို့ လည်းပြောလို့ရတယ်။အနိုင်ကျင့်တဲ့သူတွေကိုတွန်းလှန်ရင်း အခွင့်အာဏာရလာသောအခါ လုပ်ပိုင်ခွင့်များအပေါ် သာယာယစ်မူးလာရာမှ မိမိကိုယ်တိုင် တွန်းလှန်ခဲ့တဲ့ သူများပုံစံတွေဖြစ်သွားတဲ့အကြောင်းလေးကို ရေးထားတာပါ။အာဏာဟာ လူကို ဖျက်ဆီးတတ်တဲ့သဘောရှိသလား။ အာဏာကိုပဲ လူက ဖျက်ဆီးသလား။ဘယ်သူမဆို ပြုမူတတ်တဲ့ စရိုက်မျိုးကို ဂျော့ချ်အော်ဝဲလ်က ဖော်ထုတ်ထားခြင်းသာဖြစ်တယ်။ လူ့အဖွဲ့အစည
Unlock to read this premium article with 100 points.