Reviews by Benevolent
ကျွန်တော်အတွက်ကတော့ အများကြီးရှိနေလိမ့်မယ်။အဲ့ထဲကမှ ဝတ္ထုနှင့် ပြဇာတ်ကြား ပေါင်းကူးတံတားဆောက်ပေးသူ ( John Steinbeck) စာအုပ်တွေက အလေးသာတယ်လို့ မှတ်ကျောက်တင်ထားတယ်။ဂျွန်စတိန်းဘတ်၏ စာရေးဟန်က ဝတ္ထု နှင့် ပြဇာတ် နှစ်မျိုးလုံးနှင့် လိုက်ဖက်ညီတယ် ပြောရမယ်။ တို့ပိုင်တဲ့မြေ(Of Mice and Men) နှင့် တို့ဘဝတို့ကမ္ဘာ (Tortilla Flat) ဝတ္ထုတို့တွင် လေ့လာနိုင်တယ်။ စကားပြောဟန်နှင့် ဇာတ်ညွှန်းညွှန်ကြားချက်များကို ထိရောက်စွာ အသုံးပြုကာ စိတ်ဝင်စားဖွယ် ဇာတ်လမ်းများ ဖန်တီးထားတယ်။ပြောစကားကို အခြေခံတဲ့ ဇာတ်လမ်းဖွဲ့ခြင်း၊ဝတ္ထုများတွင် ပြဇာတ်ဆန်တဲ့ ဒိုင်ယာလော့များပါဝင်ပြီး ဖတ်ရှုရာတွင် ဇာတ်စင်ပေါ်က စိတ်မျှော်လင့်ချက်နှင့် တင်းမာမှုများ သရုပ်ဖော်ပြထားတယ်။ခေတ်သစ်စာပေလှိုင်း (Modernism) နှင့် ဂျွန်စတိန်းဘတ် လက်ရာများတွင် အထင်ကရ လက္ခဏာများ ဖြစ်တဲ့လူမှုရေးနှင့် စီးပွားရေးစူးစမ်းခြင်းအတွက်လည်းကိုက်ညီ ပြောရမယ်။ဇာတ်လမ်းနှင့် လူမှုရေးဝေဖန်မှုကို ရောစပ်ထားတယ်။ အလုပ်သမားများ၏ ဒုက္ခ ၊ အထီးကျန်မှု နှင့် မျှော်လင့်ချက်ပျောက်ဆုံးမှု ခေတ်ပြိုင်ပြဿနာမ
Unlock to read this premium article with 100 points.