Author's Profile Photo

Youth’s Book Reflections

28/04/2025

ကိုယ့်အလှ ဘဝငွေလမင်း - တက္ကသိုလ် ဘုန်းနိုင်

1 min read
Book Review
General Knowledge
Fiction
ကိုယ့်အလှ ဘဝငွေလမင်း  -  တက္ကသိုလ် ဘုန်းနိုင်'s photo


Favorite ဝတ္ထုတွေထဲမှာ ဆရာဘုန်းနိုင်ဝတ္ထုတွေလည်းပါတယ်။ နိုင်ငံရေးအမြင်တွေဖယ်ထုတ်လိုက်ရင် ဆရာ့ဝတ္ထုတွေမှာ တရားသဘောတွေတွေ့ရတတ်သလို အနုပညာဂီတနဲ့ပတ်သက်ပြီး ဆရာ့ခံယူချက်၊အမြင်တွေ၊ဒဿနတွေ တပါတည်းမြင်ရတယ်။အခု ဒီ စာအုပ်ထဲမှာဆို ပုံပမာ ခိုင်းနှိုင်းတင်စားသွားတာတွေကို သဘောကျမိတယ်။ဂီတကိုကဗျာမှုပြုတယ်လို့ဆိုပဲ။

ဇာတ်လမ်းကတော့ “Beauty and the beast”။ အဘက်ဘက်က လိုအပ်ချက်ရှိရတဲ့အထဲ ကိုယ့်ကြောင့်နဲ့ ကိုယ်တစ်ဖက်သတ်ချစ်ရတဲ့သူ ပြဿနာတက်၊ဒုက္ခရောက်ရရှာတော့ ကျွန်တော်တို့ဇာတ်ကောင်ခမျာ ရင်ထဲမချိ ရက်စက်တဲ့ကြမ္မာကိုသာ အပြစ်တင်ရတော့တယ်။အဲ့ဒီမှာလာပါပြီ။ဒီအဖြစ်ပျက်ကလေးကို သူက ကဗျာစပ်လိုက်တယ်။ ကိုယ့်ကိုယ်ကို လမင်းလို့ဖော်ပြပြီး ကိုယ့်ချစ်ရသူကိုတော့ ပဒုမ္မာကြာလို့တင်စားလိုက်တယ်။ သူ့သီချင်း“လရောင်မချစ်သောပန်းနဲ့ ပန်းကို မသိသောလရယ်…” ကပေါက်သွားပြီး သူ့ဘဝတစ်ဆစ်ချိုးကို အပြောင်းအလဲပေးလိုက်တယ်။ နောက်တစ်နေရာမှာလည်း သဘောကျမိပြန်တယ်။ “လေရူးသည်စာမတတ်ပါ”တဲ့ ။အတိုချုပ်ပြန်ပြောရရင် တရားသဘောကို ဝှက်ထားတာ။ လေရူးနဲ့ ကြမ္မာကို ထပ်တူနှိုင်းသွားတာ။ ကြမ္မာက ကျောသားရင်သားမခွဲခြား၊ချစ်သူမုန်းသူမသိ၊မစာနာတတ်ပေ။မှန်ပေသည်၊ကြမ္မာသည်လည်း စာမတတ်ပါ။သူ့သီချင်းတွေက နိုင်ငံကျော်ဖြစ်သွားတာရဲ့ရလဒ်က ဘယ်လိုကြမ္မာဖန်လာလေဦးမလဲ။

အပေါ်ကပြောခဲ့တာတွေက Highlight တွေပေါ့။တစ်အုပ်လုံးမှာ စာပေဆိုင်ရာ ဂီတဆိုင်ရာ သုတတွေကတော့ စုံလင်ပါတယ်။မှတ်သားစရာတွေပါတယ်။တွေးစရာ၊ယူစရာတွေပါတယ်။ထုံးစံလိုဖြစ်တာကတော့ ကိုယ်ရည်ကိုယ်သွေးပိုင်းမှာ ဆရာဘုန်းနိုင် ဇာတ်ကောင်တွေဟာ မခေကြပါဘူး။သူ့နယ်ပယ်နဲ့သူမှာ ထိပ်ရောက်သူတွေဖြစ်တာပါပဲ။ဒါတွေကတော့ ကျွန်တော်တို့လိုစာဖတ်သူလူငယ်တွေ ရွေးချယ်အတုယူစရာများပေါ့။တချို့နေရာတွေဆို သင်ပါ သင်ပေးသွားသေးတာနော်။

“လရောင် မချစ်သော ပန်းနဲ့ . . . ပန်းကို မသိသော လရယ်... ကုမုဒြာလို ပွင့်မနိုးတော့ မျက်ရည်ခိုးကျတယ်... ဖြစ်ရချက် အသည်းနာဖွယ်... သစ္စာတစ်ခုပဲ ပြောပြမယ်၊ လမင်းပါကွယ် ပဒုမ္မာပန်းအလှရဲ့... မုန်းမုန်း ချစ်ချစ် ကိုယ်လင်းရတယ်... နေမင်းလို မပူ နေခြည်လိုမနွေး·…အေးအေးမြမြ ကိုယ်လင်းတော့မယ်... ငွေလမင်းပါကွယ်၊ မင်းအတွက် ထာဝရငွေလ ကိုယ်ပါကွယ်...”

https://www.facebook.com/share/v/168mTLrktZ/?mibextid=wwXIfr
(Googleကနေ ရှာရင်းတွေ့ထားတာလေးပါ၊အခုလိုခေတ်ရေစီးမှာကျ အလှမ်းဝေးနေတတ်လို့ ခံစားလို့ရအောင်ပါ)

‘ကျန်ရစ်မောင်’တဖြစ်လဲ ‘တင်အောင်
အူ’တဖြစ်လဲ ဘဝစုံနယ်စုံတဲ့ ကျွန်တော်တို့ဇာတ်ကောင် တင်အောင်ဦးအတွက် ဒီဘဝမှာ ‘ကုမုဒြာ’ နဲ့ရောဆုံစည်းနိုင်ခွင့်၊ပေါင်းဖက်ခွင့်ရှိပါလေဦးမလား။ ဖတ်ကြည့်ကြပါ စာဖတ်သူများခင်ဗျာ။ကျေးဇူးပါ။

“လူ့လောကမှာ ကြမ္မာငင်မှုတွေ ရှိတယ် ခက်တာက လူတွေဟာ မာနကြီးတတ်ကြတယ် တလောကလုံး၊ အနတ္တဖြစ်ရက်နဲ့ အတ္တလို့ ထင်တတ်ကြတယ်

အစိုးမရတဲ့ တရားတွေ ထင်ရှားပြနေလျက်က အစိုးတရ ထင်တတ်ကြတယ်

ကြမ္မာငင်လာတော့မှ ငိုတတ်ကြတယ်၊ ဒါပေမဲ့ ကြမ္မာဆိုတာဟာ ငိုခြင်းကိုလည်း မသိဘူး ရယ်ခြင်းကိုလည်း မသိဘူး ကြမ္မာဟာ စာမတတ်ပါဘူး သူငယ်ချင်း. . . .”

Read more reviews at Facebook page:
https://www.facebook.com/share/1967VRW172/?mibextid=wwXIfr

#တက္ကသိုလ်ဘုန်းနိုင်
#ကိုယ့်အလှဘဝငွေလမင်း
#bookreview
#Youths_book_reflections

Keep Reading

ညဖြူဖြူ သူတော်စင်ရူး သူခိုးငရိုးလိုမှသုံးပါအင်တာနက်နဲ့ လူနေမှုဘဝ မေတ္တာမဏ္ဍိုင်ရှောင်တာက ကြောက်ခြင်းမဟုတ်အပေါ်ယံသမားဟိုလိုလို ဒီလိုလို ဝေလည်လည်အဖေကို ဘာကြောင့်မုန်းတာလဲတဇောက်ကန်းသမားဧကရာဇ်မင်း၏ အတွေးမှတ်စု စာစောင်ငါး (၉-၁၄)