Reviews by Benevolent
မှားသည်ဖြစ်စေ မှန်သည်ဖြစ်စေ သက်ရှိတိုင်းက ကိုယ်ရှိတာ အားကိုးတက်ကြတယ်။ချိုရှိသူက ချိုအားကိုးသလို
အစွယ်ရှိသူက အစွယ် အားကိုးတတ်ကြတဲ့သဘောတရားလည်းရှိတယ်။လူတွေရဲ့သဘာဝအရ မြေနိမ့်ရင် လှံစိုက်တတ်ပုံတွေလည်း ရှိတယ်။ နိမ့်ပါးတဲ့သက်ရှိတွေကသာလောကဒဏ်ရဲ့ရိုက်ခတ်မှုဒဏ်ကို အလူးအလဲ ခံစားရတာများတယ်။ ဒီစာအုပ်ထဲမှာတော့စိတ်ရဲ့တင်းကြပ်မှုတွေကို ဖြေရှင်းရာမှာ မှားတတ်ပုံလေးတွေပါမြင်ရတယ်။
စာအုပ်ခေါင်းစဉ်ကြောင့် တချို့ဇာတ်အိမ်ကို
ခန့်မှန်းလို့ ရပေမယ့် ကိုယ်တွေးတာထက်ပိုပြီး ဇာတ်ကွက်လေးက စိတ်ဝင်စားဖို့ကောင်းတယ်။တစိမ့်စိမ့်ရင်ထဲကိုတိုးဝင်းစေတဲ့စာအုပ်ကောင်းလေးအဖြစ် ကျနော်အတွက်တော့ သတ်မှတ်ထားတယ်။ တစ်ထိုင်တည်းဖတ်ဖြစ်ခဲ့တဲ့ စာအုပ်ပါပဲ။စာမျက်နှာ -၃၆၆ နဲ့ ဒီဘာသာပြန်စာအုပ်လေးဖြစ်ပေါ်လာတာကိုအနည်း ပြောပြပါရ စေ။ဆရာမြသန်းတင့်က ဆရာထင်လင်းကို A.J Cronin ရဲ့ ဒီစာအုပ်လေး ဖတ်ကြည့်ကွာ ဆိုပြီးပေးလိုက်တယ်။အတော်ကြာမဖတ်ဖြစ်ဘူး ၊ ဆရာမြသန်းတင့်က ဖတ်ပြီးပြီလား ခဏခဏ မေးရာကနေ ၊စ ဖတ်ကြည့်လိုက်တော့ဆယ်ရွက်လောက် ဖတ်ပြီး အရမ်းဆွဲဆောင်လွန်းတဲ့ စာအုပ်ကို ဆရာထင်လင်းအလွန်သဘောကျသွားတယ်။ဖတ်ပြီးဘာသာပြန်ဖို့ ဖြစ်လာတယ်။။
ဇာတ်လမ်းက၂၀ ရာစု အလယ်ပိုင်းလောက်ကို အခြေပြုထားတယ်။အင်္ဂလန်၊ ဝေါ့စလေမြို့လေးမှာဇာတ်အိမ်စတယ် ပြောရမယ်။ဗုဒ္ဓဟူးနေတိုင်း ကျောင်းအပြန် ဝတ်ကျောင်းရှေ့မှာလာစောင့်တက်တဲ့ ၂၁နှစ်အရွယ် ပေါလ်ဘားဂျက်က ဘဝကိုပျော်ပျော်ရွင်ရွင်နဲ့ ဖြတ်သန်းနေတဲ့ လူငယ်တစ်ယောက်လို့ ပြောရမယ်။ အဖေက မီးရထားမှောက်ပြီးဆုံးသွားတော့ အမေတစ်ခု သားတစ်ခု ဘဝထဲကို တစ်နေ့မှာတော့ မထင်ထားတဲ့အဖြစ်တစ်ခုဝင်လားတယ်။ အဲ့အဖြစ်ကတော့ ပေါလ်က အလုပ်လုပ်ဖို့ လိုအပ်တဲ့ မွေးစာရင်းကို အမေဆီကတောင်းမိရာက intermission စတယ် ပြောရမယ်။မွေးစာရင်းထဲက သူ့နာမည်က ပေါလ် ဘားဂျက် မဟုတ်ပဲ ပေါလ် မက်ထရီဆိုတဲ့အချက်နဲ့ သူ့အမေရဲ့နှစ်ရှည်လများ ဖုံးထားတဲ့လျှို့ဝှက်ချက်တစ်ခုကို သိလာရတယ်။
ဘာလို့ နာမည်အပြောင်းထားရတာလဲ
လျှိ့ဝှက်ချက်ဆိုတာကဘာလဲ လူငယ်ပီပီ စူးစမ်းချင်စိတ် သိလိုစိတ် ဆာလောင်လာတယ်။စူးစူးနစ်နစ် မေ့ထားခဲ့တဲ့ အတိတ်ဖြစ်ရပ်တစ်ခုကို အလည်ပြန်သွားရတော့တယ်။
သားဖြစ်သူ ငယ် ငယ် ရွယ်ရွယ်တည်းက မစ္စစ်ဘားဂျက် က လျှိုဝှက်ထားတဲ့စာရင်းကို လွယ်လွယ်ကူကူ ထုတ် မပေးခဲ့ဘူး။ဘာကြောင့်ဆို ပေါလ် ဖခင်ကထောင်ကျနေတယ်။သေဒဏ်ထက်ဆိုးတဲ့တစ်သက်တစ်ကျွန်း အပို့ခံလိုက်ရတဲ့ ဖခင်အဖြစ်ကိုသိတဲ့အခါ ငွေဘုရင်ကြီး အီနော့အော့စဝေါ့က အပြစ်မရှိသူအား အပြစ်တွေ ပုံချပြီး အစားထိုးသွားတာကို သိခဲ့ရတယ်။လုပ်ပိုင်ခွင့်ရှိသူ သူဌေးကြီး အီနော့အော့စဝေါ့ရဲ့လက်ချက်ကြောင့် ပြည့်တန်ဆာမလေး ရက်စက်စွာသ/တ်ဖြတ်ခံခဲ့ရတယ်။ ဒါကို ပေါလ် အဖေ ရိးစ်မက်ထရီကိုအစားထိုးခဲ့တယ်။
ငွေရှိရင်ဘာမဆိုဖြစ်နိုင်တယ်ဆိုတာ အတိတ်ကြေးမုံပြင်သာမက ပစ္စုန်ပ္ပန် ကောက်ကြောင်းတွေမှာပါ လယ်ပြင်မှာ ဆင်းသွားသလို သိသာစွာတွေ့ရနိုင်တယ်။ဒီစာအုပ်က ၁၉၂၀ ဝန်းကျင် အင်္ဂလန်နိုင်ငံရဲ့ ဥပဒေယန္တရားအပေါ် အခြေခံပြီး ရာဇဝတ်မှုတစ်ခုကို ဗဟိုပြုကာ လူ့အလွှာ၊ လူ့စရိုက်အသီးသီးကို ဖွဲ့ဆိုထားပါတယ်။နောင်လည်းရှိနေဦးမယ့်အရာပါပဲ။လူသတ်မှုတစ်ခုမှာ အပြစ်ရှိသူက လွတ်နေပြီး အပြစ်မရှိသူက ဆင်းရဲ ဒုက္ခမျိုးစုံတွေ ခံစားနေရတယ်။ဒါကြောင့် သူ့အဖေအမှုကို သူပြန်လိုက်တယ်။အထက်တန်းစားလူတယောက်ရဲ့လူသ/တ်မှုမှာအပြစ်မရှိတဲ့ လူလတ်တန်းစားလူတယောက်အပေါ် အပြစ်ပုံချ ၊အစားထိုးခံခဲ့ရတဲ့ကိစ္စကိုအနုစိပ်ရေးခြယ်ထားမှုက ဖတ်ရတာ တော်တော်မိုက်တယ်။
အစိမ်းရောင် ဘိုင်စကယ်၊ လူ့အရေပြားနဲ့ လုပ်ထားတဲ့
Unlock to read this premium article with 100 points.