Reviews by Benevolent
ဖရန့်ဇ်ကက်ဖကာ(Franz Kafka ) ဆိုတာ ဂျာမန်ဘာသာဖြင့် ရေးသားခဲ့တဲ့ ကမ္ဘာကျော် ချက်စာရေးဆရာ တစ်ဦးဖြစ်တယ်။ ခေတ်သစ်စာပေ၏ အကျော်ကြားဆုံး စိတ်ကူးယဉ်နှင့် အဓိပ္ပာယ်ဖွင့်ဆိုလို့မရတဲ့ (Absurdist) ဝတ္ထုရေးဆရာများထဲမှ တစ်ဦးအဖြစ် သတ်မှတ်ခံရတယ်။ ဖရန့်ဇ်ကက်ဖကာ (Franz Kafka) ကို ၁၈၈၃ ခုနှစ်၊ ဇူလိုင် ၃ ရက်တွင် ပရာဂ်မြို့ (ယခု ချက်သမ္မတနိုင်ငံ) တွင် ဂျူးမိသားစုမှ မွေးဖွားခဲ့တယ်။သူ၏ လက်ရာများတွင် အထီးကျန်မှု၊ ဗျူရိုကရေစီစနစ်၏ ကြမ်းတမ်းမှု၊ အဓိပ္ပာယ်မရှိတဲ့ လူ့ဘောင်နှင့် အပြစ်ရှိမှုအပေါ် စိုးရိမ်ပူပန်ခြင်းစတဲ့ အကြောင်းအရာများ ပါဝင်တယ် ပြောရမယ်။
ဖရန့်ဇ်ကက်ဖကာအဖေက ဟာမန်ကက်ဖကာ(Hermann Kafka) ဖြစ်တယ်။၁၉ရာစုနှောင်းပိုင်းမှာ ဟာမန်ဟာ Prague မြို့ကိုပြောင်းရွှေ့ပြီး၊ အဝတ်အထည်နဲ့အသုံးအဆောင်ပစ္စည်းရောင်းတဲ့ဆိုင်ကို တည်ထောင်ခဲ့တယ်။ သူက ကြိုးစားပြီး အလယ်တန်းစားမိသားစုတစ်ခုရဲ့ ဘဝအဆင့်အတန်းကို ရရှိခဲ့တယ် ဆိုရမယ်။မိခင်ဂျူလီ ကက်ဖကာ (Julie Kafka)ကလည်း သူမ၏ခင်ပွန်း ဟာမန်နဲ့အတူ Prague မြို့မှာ အဝတ်အထည်ဆိုင်ကို လုပ်ကိုင်ခဲ့တယ်။ မိသားစုအတွက် စီးပွားရေးအရ ထောက်ပံ့ခဲ့တယ်။ ဖခင် ဟာမန်(Hermann )ကမိသားစုအတွင်း စိုးမိုးမှုရှိခဲ့တယ်။သူလုပ်ရပ်တွေကြောင့် က မိသားစုတစ်ခုလုံးကို ကြောက်ရွံ့စေခဲ့ရတယ်။ ဖခင် ဖြစ်သူ ဟာမန်ကက်ဖကာ (Hermann Kafka )က အာဏာရှိ၊ စိတ်ထက်သန်ပြီး သားသမီးအပေါ် အနိုင်ကျင့်တတ်သူ တစ်ယောက်သာဖြစ်တယ်။ကက်ဖကာ စာပေတွင် သူ့ဖခင်ဆန်တဲ့ ဇာတ်ကောင်များ အများဆုံးပါဝင်လေ့ရှိတယ်။
မိခင်ဖြစ်သူ ဂျူလီ ကက်ဖကာ (Julie Kafka )နူးညံ့ပင်မယ့် ခင်ပွန်း၏ စိတ်နှလုံးအား မပြောင်းလဲနိုင်ခဲ့ဘူး ပြောရမယ်။ဖရန့်ဇ်ကက်ဖကာဟာ သူ့အမေကို ချစ်ခင် လေးစားတယ်၊ ဖခင်၏ အာဏာရှင်ဆန်တဲ့ စရိုက်နဲ့ ဖိအားပေးမှုတွေကြောင့် မိသားစုဆက်ဆံရေး များစွာ ထိခိုက်ခဲ့တယ်။
ဖရန်ဇ်ကက်ဖကာ(Franz Kafka )မှာ မွေးချင်း ၅ ယောက်ရှိတယ်။ အစ်ကိုနှစ်ယောက်က သူငယ်စဉ်တည်းက သေဆုံးခဲ့ရတယ်။ညီမသုံးဦးက အရွယ်ရောက်သည့်အထိအအသက်ရှင်ခဲ့တယ် ဆိုရမယ်။ဒါပေမယ့်ကက်ဖကာ ရဲ့ ညီမသုံးဦးစလုံးဟာ နာဇီအာဏာရှင်စနစ်အုပ်စိုးစဉ်ကာလ Holocaust မှာ သေဆုံးခဲ့ရတယ်။
ဖရန့်ကက်ဖကာ(Franz Kafka) က သူဘဝတွင် ဗျူရိုကရေစီစနစ်ကိုမုန်းခဲ့ပေမယ့် အခက်ခဲဆုံးအရာ ၊ အပင်ပန်းခဲ့ဆုံးအရာက ဖခင် Hermann Kafka နှင့် ဆက်ဆံရေး လို့ဖွင့်ဟခဲ့တယ်။ Child Trauma စိတ်ဒဏ်ရာက သူအတွက် ပိုပြင်းထန်ခဲ့တယ်။ ဖခင်နှင့် အဆိပ်သင့်ဆက်ဆံရေးက ဆိုးရွားခဲ့တယ်။ဖခင် ကအာဏာရှင်ဆန်ပြီး စိတ်ထိခိုက်လွယ်တဲ့ စီးပွားရေးသမားတစ်ဦးဖြစ်တယ်။ကက်ဖကာ ကို ငယ်ငယ်တည်းက စဉ်ဆက်မပြတ် ဝေဖန်ပြစ်တင်လေ့ရှိတယ်။တဖြည်းဖြည်း ကက်ဖကာ အပြစ်ရှိသူ၊အပြစ်သားအဖြစ် ခံစားစေခဲ့တယ်။ဖခင်နှင့် ဆက်ဆံရေးကြောင့် ကက်ဖကာက မိမိ၏တန်ဖိုးကို မမြင်နိုင်ခြင်း၊ အပြစ်ရှိတဲ့လူတစ်ယောက်အဖြစ် အမြဲခံစားရခြင်းတို့ဖြင့် ရုန်းကန်ခဲ့ရတယ်။ဖရန့်ဇ်ကက်ဖကာက အဖေကို မုန်းတာထက် ကြောက်ရွံ့ပြီး မကျေနပ်ခဲ့တာလို့ ပြောလို့ရတယ်။ဖခင်ရဲ့ အာဏာကြောင့်သူ့ဘဝတစ်ခုလုံး အရိပ်ထဲမှာ နေခဲ့ရတယ်။ဒါကြောင့် သူ့စာတွေမှာ အာဏာရှင်တွေ၊ အဓိပ္ပာယ်မရှိတဲ့ ဖိအားတွေ ပါနေတာပါ။ ကက်ဖကာ ရဲ့ ညီမတွေကိုလည်း "အကြမ်းဖက်ဆန်တဲ့စကားတွေ" ပြောခဲ့ဖူးတယ်။
သူ့အဖေကို မုန်းတီးရခြင်း အကြောင်းရင်း ကို သူ့၏ Letter to His Father စာအုပ် မှာ အသေးစိတ် ရှင်းပြထားတယ်။ဖခင် က ကက်ဖကာ ကိုပရာဂ်( Prague)တက္ကသိုလ်ကနေ ဥပဒေဘွဲ့ အတင်းယူခိုင်းပြီး အာမခံကုမ္ပဏီမှာ အလုပ်လုပ်စေခဲ့တယ်။ ဒါပေမယ့် ကက်ဖကာက စာရေးချင်တာသာ အားသန်နေခဲ့တယ်။ကက်ဖကာက ဥပဒေအလုပ်ကို မုန်းပေမယ့် ဖခင်၏ ဖိအားကြောင့် ဆက်လုပ်ခဲ့ရတယ်။သူ၏စာရေးချိန်များကို ညဘက်များတွင် ဖခင်မသိအောင် ခိုးလုပ်ခဲ့ရတယ်။
စာပေနှင့် လက်တွေ့ဘဝကြား ပဋိပက္ခ ဖြင့်ရှင်သန်ခဲ့တယ်။"The Metamorphosis" ကို ညနက်ပိုင်းများတွင် ရေးသားခဲ့ခြင်းဖြစ်တယ်။နေ့ဘက်တွင်တော့ ဗျူရိုကရေစီဆန်တဲ့အလုပ်မှာ ရုန်းကန်ရတယ်။ ဖခင်ကစာရေးခြင်းဆိုတာ ပိုက်ဆံရတဲ့အလုပ်တစ်ခုမဟုတ်ဘူးဆိုပြီး အမြဲနှိမ့်ချပြောဆိုခဲ့တယ်။ စိတ်ပိုင်းဆိုင်ရာ နှိပ်စက်မှုတစ်ချက်ဖြစ်တဲ့ သူ့ရေးထားတဲ့စာကို ဖတ်ပြီး "ဒီစာတွေ မီးဖိုထဲ ပစ်ချ" ဖို့ အော်ဟစ်ခြိမ်
Unlock to read this premium article with 100 points.