Author's Profile Photo

Min Khant (Verse)

14/05/2024

မနက်ခင်းတိုင်းမှာ မေးရမယ့် မေးခွန်း ၃ခု။

4 mins read
Personal Development

ဘဝမှာ မေးခွန်းတွေက အရေးပါပါတယ်၊ ကိုယ့်ကိုယ်ကိုယ် မေးနေတဲ့အပေါ်မှာပဲမူတည်ပြီး ရလာမယ့် ရလာဒ်တွေက တစ်ယောက်နဲ့တစ်ယောက် ကွဲပြားသွားနိုင်ပါတယ်။

ဒါဆိုရင် ဘဝမှာ အမြဲတမ်းနေ့စဥ် မနက်မိုးလင်းပြီဆိုတာနဲ့ မေးရမယ့် မေးခွန်း (၃) ခုရှိပါတယ်။ ကျွန်တော်ကိုယ်တိုင်လည်း လေ့လာကျင့်သုံးနေတဲ့ အရာလေးဖြစ်လို့ မျှဝေပေးချင်ပါတယ်။

(1) ဘာတွေကို အာရုံစိုက်နေလဲ။

Focus = Feeling တဲ့၊ ကျွန်တော်တို့နေ့ရက်တိုင်းနေ့ရက်တိုင်းမှာ ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ ကိုယ်အာရုံစိုက်နေတဲ့ အရာတွေအပေါ်မှာမူတည်ပြီးတော့ပဲ Feeling လို့ခေါ်တဲ့ ခံစားချက်တွေဖြစ်လာမှာပါပဲ။

ဥပမာ - ကိုယ်အာရုံစိုက်နေတဲ့အရာတွေက Online ပေါ်က ဗရုတ်တွေ၊ ပွဲတွေနဲ့ မမှန်ကန်တဲ့ သတင်းအချအလက်တွေပဲဆိုရင် ကိုယ့်ရဲ့ Feeling ကလည်း Bad ဖြစ်နေဦးမှာပါပဲ။

အကယ်၍ ကိုယ် အာရုံစိုက်နေတဲ့ အရာတွေကို ပြောင်းလဲလိုက်မယ်ဆိုရင်တော့ ကိုယ့်ရဲ့ စိတ်ခံစားချက်က ကောင်းမွန်လာတာကိုတွေ့ရပါလိမ့်မယ်။ စောနက အရာတွေအပေါ်မှာ အာရုံသိပ်မစိုက်တော့ဘဲ Podcast နားထောင်မယ်၊ တရားနာမယ်၊ တရားထိုင်ကြည့်မယ်၊ ဒါမှမဟုတ် GYM သွားလိုက်မယ်။ ဒါဆိုရင် ကိုယ့်ရဲ့ Feeling က Good ဖြစ်လာပါလိမ့်မယ်။

အာရုံစိုက်ခြင်း Focus နဲ့ပတ်သက်လို့ Tony Robbin ကဒီလိုပြောထားပါတယ်။

◻️Focus On What You Have

မင်းမှာဘာရှိလဲ ရှိတဲ့အရာတွေကိုပဲပိုပြီးတော့ အာရုံစိုက်ပါတဲ့။ မင်းမှာမရှိတဲ့ အရာတွေကို အာရုံပိုစိုက်နေပြီးတော့ စိတ်ကိုအညစ်အညူးမခံပါနဲ့တဲ့။ မရှိတာကိုပိုပြီးအာရုံစိုက်နေတော့ ရှိတာတွေကိုတန်ဖိုးမထားတတ်တော့ဘူး၊ မမြင်တော့ဘူးလို့ဖြစ်တတ်တယ်လို့ပြောထားပါတယ်။

◻️Focus On What You Can Control

ဘဝမှာ အရာရာတိုင်းကို အာရုံစိုက်လို့မရပါဘူး၊ ထိန်းချုပ်လို့ရတာနဲ့ မရတာဆိုပြီး ကွဲပြားပါတယ်။ မိုးရွာတာကို ကျွန်တော်တို့ ထိန်းချုပ်လို့မရပါဘူး၊ ဒါပေမယ့် မိုးရွာလာရင် ကိုယ့်ကိုယ် မစိုအောင်တော့ ထိန်းချုပ်လို့ရပါတယ်၊ ထီးတွေဘာတွေသုံးပေါ့လေ။

ဆိုလိုတာက ထိန်းချုပ်လို့ မရတဲ့အရာတွေအပေါ်မှာ အာရုံစိုက်တာများသွားမယ်ဆိုရင် ကိုယ့်ဘဝကြီးက အသုံးမကျပါလားဆိုတဲ့ အတွေးတွေကပဲပိုပိုပြီး ကြီးစိုနေပါလိမ့်မယ်။

အဲ့ဒီအစား ကိုယ်ထိန်းချုပ်လို့ရတဲ့ အရာတွေအပေါ်မှာပဲ အာရုံပိုစိုက်ပြီး ကိုယ့်ဘဝကိုယ်အကောင်းဆုံးဖြစ်အောင်ရှင်သန်ပါ။

◻️Focus On Th Present.

လက်ရှိရှိနေတဲ့ အချိန်ကိုပဲ အာရုံပိုစိုက်ပါတဲ့။ ကျွန်တော်တို့ အားလုံးမှာ အတိတ်နဲ့ ဖြစ်ချင်တဲ့ အနာဂတ်ရယ်ဆိုပြီး ရှိကြတာပါပဲ။ ဒါပေမယ့် ဖြစ်ပျက်ခဲ့ပြီးတဲ့ အတိတ်တွေဟာ ဆိုးသည်ဖြစ်စေ၊ ကောင်းသည်ဖြစ်စေ ပြန်ပြီးတော့ ယူလို့်မရသလို ပြင်လို့လည်းမရတော့ပါဘူး။

ဒါကြောင့်မို့ မကောင်းတာတွေကိုလွှတ်ချခဲ့ပြီး ကောင်းတဲ့အတိတ်တွေကိုပြန်တွေးပြီးကြည်နူးလို့ရပါတယ်၊ များသောအားဖြင့် လုပ်နေမိတာက မကောင်းတာတွေကိုပိုပြီး အာရုံစိုက်မိနေကြတာပါပဲ။ မကောင်းတာကိုအာရုံပိုစိုက်တော့ မကောင်းတာတွေကိုပိုရလာတယ်ပေါ့။

ထိုနည်းတူပါပဲ ဖြစ်လာမယ့် အနာဂတ်အတွက် အရမ်းစိတ်ပူနေတာမျိုးကလည်း အတော်လေးကိုယ့်ရဲ့ လက်ရှိပစ္စုပ္ပန်ကိုအနှောက်ယှက်ပေးတယ်ပေါ့လေ။

မြင်သာအောင်ပြောရရင် ငယ်ရာကနေ ကြီးလာမှာကို အရမ်းစိတ်ပူခဲ့ကြဖူးတယ်မဟုတ်လား၊ ဒါမဲ့ အသက်ကြီးလာတော့လည်း အဲ့ငယ်ရွယ်ချိန်တုန်းက စိတ်ပူရသလောက် ဟုတ်မနေတော့ဘူးပေါ့လေ။

ဆိုတော့ ကျွန်တော်တို့အနေနဲ့ လက်ရှိကိုပဲ အာရုံစိုက်ခြင်းအားဖြင့် ကိုယ့်ရဲ့ Feeling ကိုပိုပြီးကောင်းမွန်လာစေပါလိမ့်မယ်။

(2) ကိုယ်အာရုံစိုက်တဲ့အရာတွေက ဘယ်လောက်ထိ အဓိပ္ပာယ်ရှိလဲ။

Focus = Meaning တဲ့၊ ကိုယ်အာရုံစိုက်တဲ့အရာက ကိုယ့်ဘဝထဲကိုတိုက်ရိုက်ရောက်လာမယ့် အဓိပ္ပာယ်ဖြစ်လာပါလိမ့်မယ်၊ ဆိုလိုတာက အဓိပ္ပာယ်ရှိတဲ့ အရာတွေကိုပိုပြီး အာရုံစိုက်လေလေ ကိုယ့်ဘဝက ပိုပြီး အဓိပ္ပာယ်ရှိလာလေလေပါပဲ။

(3) ကိုယ်အာရုံစိုက်တဲ့အရာတွေကို တကယ်ရောလိုက်လုပ်ရဲ့လား။

Focus means nothing without action တဲ့၊ ဘယ်လောက်ပဲ အဓိပ္ပာယ်ရှိတဲ့ အရာတွေကို အာရုံစိုက်နေပါစေ၊ တကယ်လိုက်လုပ်ခြင်းဆိုတဲ့ Action မပါဘူးဆိုရင် Nothing (ဘာမှဖြစ်မလာနိုင်ဘူး) တဲ့နော်။

အဲ့တော့ ဒီအကြောင်းအရာလေးကို ပြန်ပြီး အကျဥ်းချုက်လိုက်ရမယ်ဆိုရင် ဘဝမှာ မနက်နိုးလာပြီဆိုတာနဲ့ ဒီ မေးခွန်း (၃) ခုကို ပြန်ပြီးမေးကြည့်ကြည့်ပါ။

◻️ငါဘာတွေကိုအာရုံစိုက်နေလဲ။
◻️ငါအာရုံစိုက်နေတဲ့အရာတွေက အဓိပ္ပာယ်ရှိရဲ့လား။
◻️ငါအာရုံစိုက်ထားတဲ့အရာတွေကို ငါတကယ်ရော လက်တွေ့အသုံးချပြီး လိုက်လုပ်ဖြစ်ရဲ့လား။

အဖြေကတော့ မိတ်ဆွေ စာအုပ်ထဲမှာချရေးပါ၊ ရေးပြီးရင် မိတ်ဆွေရဲ့ ဘဝကို နိုးပြီဆိုတာနဲ့ ဒီစာအုပ်ထဲကချရေးထားတဲ့ ကိုယ်အာရုံစိုက်ရမယ့် အရာတွေနဲ့ ကိုယ့်တစ်နေ့တာကို စတင်လိုက်ပါ။

စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးစာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်းအရင်းအနှီးနဲ့ တည်ဆောက်ထားတဲ့ ဘဝရည်မှန်းချက်ပန်းတိုင်တစ်ကိုယ်ရည်ငွေကြေးဆိုင်ရာ ထားရှိသင့်တဲ့ အပြုအမူတွေ… အပိုင်း (၅)စာစောင်သုံးဆယ် - အရင်းအမြစ်ပြည့်စုံခြင်းPersonal Finance Levelsငွေကြပ်တည်းမှုစာစောင်သုံးဆယ့်နှစ်-ကိုယ့်ကိုယ်ကိုယ်နှစ်သိမ့်ခြင်းဖြစ်နိုင်ပါ့မလား?စာစောင်သုံးဆယ့်ကိုး - အကြီးမားဆုံးဆုလာဘ်

Unlock to read this premium article with 100 points.