Min Khant (Verse)
တကယ်တမ်းက ကျွန်တော်တို့ကို ဘယ်သူကမှဂရုမစိုက်ပါဘူး၊ ကျွန်တော်တို့ကသာ ဂရုစိုက်နေတာပါ။ ဘာဖြစ်လို့လဲဆို ကျွန်တော်တို့ ၁၉/၂၀ အရွယ်လောက်တုန်းက လွဲခဲ့တဲ့အရာတွေ၊ မှားခဲ့တဲ့အရာတွေကို ကျွန်တော်တို့ အသက် ၂၅ လောက်ရောက်သွားချိန်မှာ ဘယ်သူမှမမှတ်မိတော့ပါဘူး။
ဒါမဲ့ ကျွန်တော်တို့က အဲ့အရွယ်ရောက်တဲ့အထိ ငါ အသက် ၂၀ တုန်းက လွဲခဲ့၊ မှားခဲ့၊ အသုံးမကျခဲ့တာတွေနဲ့ ငါ့ကိုပြန်တိုက်ခိုက်နေရင်ဘယ်လိုလုပ်််မလဲဆိုပြီးစိတ်ပူနေကြတာများပါတယ်။
အဓိကဆိုလိုချင်တာကတော့ ရှင်းပါတယ်၊ ဇာတ်လမ်းတစ်ပုဒ်ကိုကြည့်ရသလိုပဲပေါ့၊ ဒီဇာတ်လမ်းရဲ့ အစကိုကောင်းလား၊ မကောင်းဘူးလား ဘယ်သူမှအရမ်းကြီးဂရုမစိုက်ကြပါဘူး၊ ဒါမဲ့ ဇာတ်သိမ်းကိုတော့ စိတ်ဝင်စားကြပါတယ်။
အဲ့တော့ မင်းအနေနဲ့ကလည်း မင်းလုပ်ချင်နေတဲ့အရာ ဝါသနာပါတဲ့အရာကို လုပ်ချင်နေတယ်ဆိုရင် မင်းအခုရောက်နေတဲ့ အရွယ်မှာပဲလုပ်လို့ရပါတယ်။
မင်းစလုပ်လိုက်တဲ့ အသက် ၁၉/၂၀ အရွယ်မှာ မှားနေတာတွေ၊ လွဲနေတာတွေကို လူတွေကအရမ်းဂရုမစိုက်ပါဘူး၊ သို့ပေမယ့် မင်းဘယ်လို အောင်မြင်သွားလဲ၊ မင်းဘယ်လိုကျရှုံးသွားမလဲ၊ မင်းဘယ်လို ဖြစ်ထွန်းသွားလဲ ဆိုတာကိုပဲ လူတွေပ ဂရုစိုက်ကြတာပါ။
အဲ့တော့ လူတွေကိုအရမ်းဂရုစိုက်နေတာထက် မင်းရဲ့ လမ်းအဆုံးကိုပိုဂရုစိုက်ပါ၊ ဘယ်လိုမျိုးမင်းရဲ့ Journey ကို ပြီးသွားချင်လဲကပိုအရေးကြီးပါတယ်။
Min Khant (Verse)
Keep Reading