Author's Profile Photo

SarPhat Author

14/05/2024

လွတ်မြောက်ရာဆီသို့

13 mins read
Personal Development
Education
General Knowledge
လွတ်မြောက်ရာဆီသို့'s photo

အခန်း(၃)
ကျွန်မရဲ့ဘဝမှာ ခုလို အသက်ငယ်ငယ်နဲ့ အင်တိုက် အားတိုက် မြန်မြန်ဆန်ဆန်ပြောင်းလဲသွားလိမ့်မယ်လို့ ကျွန်မဘယ်တုန်းကမှ မတွေးမိခဲ့ပါဘူး။ ၁၉၉၇ ဆောင်းအကုန်မှာတော့ ကျွန်မရဲ့ငယ်ဘဝ ကိုကျော်လွန်တော့မှာပါ။ ကုန်လွန်ခဲ့တဲ့ ကိုးနှစ်တာကလကာလဟာ ကျွန်မဘဝရဲ့ အပျော်ရွင်ရဆုံး အချိန်တွေပါ။ လိုချင်တာမှန်သမျှ အကုန်လုံးနီးပါးကိုလည်းရခဲ့ပါတယ်။

******

ကျွန်မရဲ့မွေးဇာတိ အင်ဒုက်ခ်မြိုကလေးဟာ မြောက်ကိုး ရီးယားနိုင်ငံရဲ့ အရှေ့မြောက်ဘက် တောတောင်ထူထပ်တဲ့ ကျေးလက် နားစွန်နားဖျားမှာ တည်ရှိနေတဲ့ မြို့ကလေး တစ်မြိုပါ။ တရုတ်နိုင်ငံနှင့် ရုရှားနိူင်ငံတို့ကို စည်းခြားထားတဲ့ တူမင်းမြစ်ကနေ ၁၅ ကီလိုမီတာခန့် သာသာလောက်သာ ကွာဝေးပါတယ်။

အဲဒီကတစ်ဆင့် ပင်လယ်ကမ်းခြေရှိရာ ဖက်ကို သွားမယ်ဆိုရင် နာရီဝက်အတွင်း ရောက်နိုင်ပါတယ်။ဆောင်းတွင်းကာလဆိုရင် အ​အေးဓါတ်က ခါးသီးစရာကောင်းလောက်အောင် အေးစက်လှပါတယ်။ ဆီးနှင်းများကျပြီဆိုရင် တစ်ပတ်ကနေ နှစ်ပတ်ထိ အောင်ကြာမြင့်တတ်ပြီး အပြာရောင် ကောင်းကင်ပြင်ကြီးတစ်ခုလုံးမှာ မြူခိုးများနဲ့ အုံ့ဆိုင်းလျှက် ရှိနေတတ်ပါတယ်။

တစ်ခါတစ်ရံ နှင်းများ ထူထဲသိပ်သည်းစွာ ကျဆင်းနေတဲ့ နှင်းတော ခရီးလမ်းကို ဖြတ်လျှောက်ရင်း ကျောင်းတက်ခဲ့ရတဲ့ ရက်တွေလည်း ရှိခဲ့ပါတယ်။ ကျွန်မကို မွေးဖွားတဲ့အချိန်က နွေလယ်လောက်မှာဆိုတော့ ရာသီဥတုကလည်း အမြဲလိုလိုနွေးထွေးပြီး စိုစိုထိုင်းထိုင်း ရှိနေတတ်တဲ့ အချိန်တွေပေါ့။

ကျွန်မက ၁၉၄၅ ခုနှစ်ဖွားဆိုတော့ ဂျပန်ကိုလိုနီလက်အောက်က လွတ်မြောက်တဲ့ လွတ်လပ်ရေးနေ့နဲ့လည်း တိုက်ဆိုင်နေပါတယ်။ မွေးနေ့ပွဲ ကျင့်ပတဲ့အခါတိုင်း အရမ်းပျော်ရွင်ခဲ့ရတယ်။ ကျွန်မတို့ မြို့လေးမှာ စက်ရုံတွေ ပတ်လည်ဝိုင်းနေတယ် ဆိုပေမဲ့လည်း မြို့ရဲ့ဧရိယာက အကျယ်ကြီးတော့ မဟုတ်ပါဘူး။

မြို့ကိုလည်ပတ်ရင် တစ်နာရီဝန်းကျင်လောက်နဲ့ တစ်မြို့လုံးကို နှံ့ပါတယ်။ တောင်တန်းတွေပေါ်မှာ သစ်ပင်တွေ ကျိုးတိုး ကျဲတဲ ပေါက်ရောက်နေကြတာကိုလည်း အဝေးကနေ လှမ်းမြင်နိုင်ပါတယ်။ ဒါပေမဲ့ အနီးအနားက တောင်ကုန်းတွေမှာတော့ ထင်းမီးအတွက် ခုတ်ထားကြတာကြောင့် ဘာသစ်ပင်မှမရှိဘဲ ပြောင်သလင်း ခါနေကြပါတယ်။

မြို့ထဲ့ကိုမရောက်ခင် ပထမဦးဆုံး နာမည်ကျော် မိုင်းတွင်း အမြောက်အများကို တွေ့နိုင်ပါတယ်။ ယခင်ရော၊ ခုအချိန်ထိတိုင် ပြုံယမ်းမြို့ကြီးက ပြစ်ဒဏ်ကျ အရာရှိတွေကို ပြစ်ဒဏ်ပေးတဲ့အနေနဲ့ အဲဒီ ကျွန်မတို့မြို့က မိုင်းတွင်းတွေဆီကို အလုပ်ခိုင်းစေဖို့ ပို့လေ့ရှိနေတုန်းပါပဲ။
နိုင်ငံအတွင်းက အခြားဒေသ အသီးသီးတွေမှာ စစ်တပ်တွေ အများအပြားတပ်စွဲထားသလိုမျိုး ကျွန်မတို့မြို့ကလေးမှာလည်းပဲ တပ်တွေချထားပါတယ်။

အမေရိကန် နှင့် သူတို့ရဲမဟာမိတ် တောင်ကိုးရီးတို့က အချိန်မရွေး ဝင်ရောက်ကျူးကျော်တော့မယ် ဆိုတဲ့ ဝါဒမှိုင်းတွေကြောင့်လည်း နေစဥ်လိုလို အကြောက်တရားတွေနဲ့ နေနေကြရပါတယ်။ ကျွန်မတို့ တောင်ပေါ်ကို မှိုကောက်ဖို့ တက်တဲ့အခါတိုင်း အမြောက်ကြီးတွေကို ဝှက်လို့တစ်ချို့၊ ​ပေါ်တင်တစ်ဖုံ မြင်ကွင်း တစ်လျှေက်လုံးမှာ တွေ့ရပါတယ်။

ကျွန်မတို့တွေ ခတ်မြင့်မြင့် တောင်ကုန်းတွေပေါ်မှာ မိုသွားကောက်တဲ့အခါတိုင်း ပုန်းလျှိုးကွယ်လျှိုး သွားလာကြရတဲ့ စစ်တန်းလျားတစ်ချို့လည်း ရှိကြပါတယ်။ ဘာလို့လည်းဆိုတော့ စစ်တပ်ထဲ့က စစ်သားတွေ အရမ်းဆိုးသွမ်းကြတာ။ မရှိဆင်းရဲသားတွေအပေါ်မှာ သူတို့အကျိုးအမြတ်အတွက် အာဏာပါဝါကိုသုံးပြီး ပြည်သူတွေအပေါ် မှာ ခဏခဏ စော်ကားတာတွေက အမြဲလိုလိုပါပဲ။ ဥပမာ စစ်သားတွေက အုပ်စုဖွဲ့လာပြီး ဆေးလိပ်သောက်နေတဲ့ လူတစ်ယောက်ဆီမှာ လက်ကမ်းပေးသလိုမျို့ပေါ့။ ပိုင်ရှင်က မပေးနိုင်ဘူးလို့ ငြင်းပယ်ရင်တော့ နောက်တစ်ခါ မငြင်းရဲအောင် နှိတ်စက်ကလူ ပြုတတ် ကြတယ်။

အင်ဒုတ်ခ် မြို့ကို ဖြတ်ပြီး စီးဆင်းနေတဲ့ မြစ်တစ်စင်းရှိပါတယ်။ အဲဒီ မြစ်ကို ဖြတ်ပြီး တံတားကြီးတစ်စင်းကိုလည်း ထိုးထားပါတယ်။ တစ်ခါတစ်လေ မြစ်ထဲမှာ ရေဆော့ကစားရတာကို သဘောကျမိတယ်။ မြစ်နှင့်အိမ်က သိပ်မဝေးလှတော့ မိနှစ်နစ်ဆယ်လောက် လမ်းလျှောက်သွားရင် ရောက်ပါတယ်။

မြို့ထဲ့က အကြီးဆုံးအဆောက်ဦးတွေကိုတော့ မီးခိုးရောင် ဘိလပ်မြေတွေနဲ့ ဆောက်လုပ်ထားကြပါတယ်။ အဲဒီအဆောက်အဦးတွေရဲ့လေသာဆောင်တွေကိုလည်း အ​ဖြူရောင် ဒါမှမဟုတ်ရင် ပန်းရောင်ဆေးတွေနဲ့သုတ်လေ့ရှိကြပါတယ်။ အဆောက်အဦးအများစုကတော့ ၅ ထပ်ဆောင် အဆောက်ဦးတွေက များပါတယ်။ ကျော်ငြာဆိုင်းဘုတ်တွေ ကိုတော့ ဘယ်နေရာမှာ မှ မတွေ့ရပါ။ အဆောက်အအုံ နံရံတွေမှာ ဘာမှမရှိရင်လည်းမရှိ။ ရှိပြီဆိုရင်လည်း မြောက်ကိုးရီးယားနိုင်ငံကို တည်ထောင်ခဲ့တဲ့ ကျွန်မတို့ရဲ့

"ချစ်လှစွာသော ခေါင်းဆောင်းကြီး ကင်ဂျုံအီလ်နှင့် ဆိုရှယ်လစ် သုခဘုံ" ဆိုတဲ့ ကင်ဂျုံအီးလ်ကို အမွန်းတင်ထားတဲ့ ပုံနှင့် စာလုံးကြီးတွေကို အဂ်ဒေပေါ်မှာ ထွင်ထုထားတာ တွေ့နိုင်ပါတယ်။ ကျွန်မတို့နေတဲ့ အဆောက်အဦးကတော့ နံရံမှာ အက်ကြောင်းကြီးတွေနဲ့ ပြိုကျ လု့လု့ သုံးထပ် အဆောက်အုံ တစ်ခုပါ။

"ဒီအဆောက်အအုံးကြီးကတော့ ပြိုကျတော့မှာ သေချာနေပြီ"

အဲဒီစကားက အိမ်နီးချင်းတွေက ပြောနေကြ စကားတစ်ခွန်းပါပဲ။

၁၉၉၀ ခုနှစ်မတိုင်ခင် နှစ်တွေတုန်းကဆိုရင် ပုံမှန်အားဖြင့် အရာရာတိုင် နီးပါးလောက်ကို ကျေနပ်ပီတိဖြစ်ခဲ့ရပါတယ်။ ကျောင်းဆင်းချိန်ဆို ဖေဖေက လာကြိုဆိုတတ်ပြီး ကျွန်မကို ကောက်ယူ ရွက်တာမျိုးလောက် ပျော်စရာကောင်းတဲ့ အချိန်မျိုး ကျွန်မ ဘဝမှာ မရှိခဲ့ပါဘူး။ တချို့ရက်တွေဆိုရင် ဖေဖေက သူအလုပ်ထဲ့က အဆက်အသွယ်နဲ့ ရုပ်ရှင်လက်မှတ်တွေ ရလာပြီဆိုရင် ကျွန်မကို ရုပ်ရှင်လိုက်ပြပေးလေ့ရှိပါတယ်။

အဖေက " ဇန်နဝါရီ ၂၀ " လို့ခေါ်တဲ့ လက်နှိက်စက်ရုံတစ်ခုမှာ အလုပ် လုပ်ပါတယ်။ "ဇန်နဝါရီ ၂၀ ” ဆိုတာ မြောက်ကိုးရီးယားကို တည်ထောင်ခဲ့သူ ကင်အီးဆောင်း အဲဒီစက်ရုံကို အလည်အပတ် ရောက်ရှိခဲ့တဲ့ နေ့စွဲ့ကို အထိမ်းအမှတ်တစ်ခု အနေနဲ့ အမည်ပေးထားတာလည်းဖြစ်ပါတယ်။ မြောက်ကိုးရီးယားနိုင်ငံမှာ အဆောက်ဦးတော်တော်များများကို မြောက်ကိုးရီးယားကောင်းဆောင်တွေ အလည်အပတ်ရောက်လာတာကို ဂုဏ်ပြုပြီး အမည်ပေးကြတာ များပါတယ်။

ဒီလို အမည်ပေးတဲ့ပေါ်လစီဟာလည်း နိုင်ငံ့အကြီးအကဲ အသိုင်းဝိုင်းတွေကြာမှာ ဝါဒဖြန့် ဓလေ့တစ်ခုကို ထိမ်းသိမ်းတဲ့အနေနဲ့ လက်တွေ့ ကျကျ လုပ်ဆောင်ရတဲ့ အရာ တွေထဲ့က တစ်ခုလည်းဖြစ်ပါတယ်။

အဲဒါတွေကို ကျွန်မ ​အချိန်တွေအတော်ကြာပြီးခါမှ သိလာရတာပါ။ ရုပ်ရှင်ကို သွားကြတဲ့အခါတိုင်း ဖေဖေက ကျွန်မကို မွန်းလွဲ့ပိုင်အချိန်တွေမှာ ရုပ်ရှင်ရုံရှေ့မှာတွေ့လေ့ရှိတယ်။ အရွယ်ရောက်နေတဲ့ မိန်းကလေးတစ်ယောက်လိုပဲ ကိုယ်တိုင် ရုပ်ရှင်ရုံကို လမ်းလျှောက်ပြီးသွားခဲ့ရတာက ပျော်စရာတစ်ခုပါ။ ရုပ်ရှင်တစ်ကြိမ် ကြည့်မယ်ဆိုရင် လက်မှတ်တစ်စောင် ရနိုင်ဖို့အရေးက အရမ်းခက်ခဲ့ပါတယ်။

ရုပ်ရှင်ရုံထဲ့ ဝင်ကြတဲ့အခါ လူတွေက အမြဲတမ်းလိုလို ပြေးပြီး ဝင်ရောက်လေ့ရှိတာကြောင့် ထိုင်ခုံရှာရတာဟာ ကျွန်မတို့အတွက် အခက်ခဲဆုံးပါပဲ။

ဒါကြောင့် လူအုပ်ကြားထဲ့ကို ဖြတ်လျှောက်ရတဲ့အခါမှာ ဖေဖေက ကျွန်မကို သူပက်ခုံးပေါ်မှာ ဂုံးပိုးပြီး ချီယူလေ့ရှိပါတယ်။ ကျွန်မဘဝမှာ အပျော်ရွင်ရဆုံးသော အချိန်အခိုတ်အတန့် လေးတွေဟာ အမှောင်ချထားတဲ့ ရုပ်ရှင်ရုံထဲ့မှာ ဖေဖေ့ရဲ့ ပက်ခုံပေါ်မှာ ဂုံးပိုးရင်း သွားခဲ့ရတဲ့ အချိန်တွေပါ။

ဂျပန် ကိုလိုနီ နည်ချဲ့လက်ပါးစေတွေကို ဆန့်ကျင်တိုက်ထုပ်ကြရာမှာ ရဲ့ရင့်တဲ့ သူရဲကောင်းတွေအဖြစ် ဇတ်အိမ်ဖွဲ့နွဲ့ထားတဲ့ တော်လှန်ရေး ဇတ်ကားမျိုးကိုပဲ ကျွန်မတို့ ကြည့်ကြရပါတယ်။

ဒါ့အပြင်

" ဗိုလ်ချုပ်ကြီး ကင်ဂျုံအီလ်ကို ထောက်ခံကာ ကျွန်ပ်တို့အားလုံး ညီညွတ်ကြစို့” ဆိုတဲ့ ပိတ်ကားအပြည့် ပေါ်လာတဲ့ စာသားတွေကို ဖတ်ကြရတယ်။ တစ်ခါတစ်လေ ပြုံ့ယမ်းက လာတဲ့ အထူးရှယ် "နိမ်းမျှိုင်" ခေါ် ခေါက်ဆွဲအေး တစ်မျိုးကို လမ်းဘေးပျံကျစျေးသည်တွေဆီကနေ ဖေဖေက ဝယ်ပေးလေ့ရှိတယ်။ အစိုးရက ဖေဖေ့ကို အစားအသောက် ကူပွန်လက်မှတ်တွေပေးရင် ဖေဖေက အလုပ်ထဲ့မှာ အလုပ်လုပ်နေကြတဲ့ အမျိုးသမီးတွေကို ဂုဏ်ယူစွာနဲ့ လက်ဆောင်းအဖြစ် ပေးတတ်ပါတယ်။

ခေါက်ဆွဲတွေရလာပြီဆိုရင် ကျွန်မတို့တစ်ထွေ အဲဒီခေါက်ဆွဲတွေကို အိမ်ယူသွားပြီးမှ စားကြပါတယ်။ ကျွန်မစားဖူးသမျှ အကောင်းဆုံးခေါက်ဆွဲတွေထဲ့မှာ အဲဒီ
နိမ်းမျှိုင် ခေါက်ဆွဲအေးလောက် ကောင်းတာကို ဒီနေ့အထိ မစားဖူးသေးပါဘူး။

ဗိုက်ပြည့်အောင် မစားရပေမည့်လည်း ခုလိုခေါက်ဆွဲမျိုးကို စားရတဲ့ပီတိရသမျိုးက ဘယ်အရာနဲ့မှ အစားထိုးနိုင်မည်မဟုတ်ပါ။

အဲဒီအချိန်တုန်းကဆိုရင် ကျွန်မရဲ့မိဖတွေဟာ ငတ်မွတ်ပြီး မကြာခင် သေရတော့မှာပါလား ဆိုတဲ့အတွေးမျိုး ဘယ်တုန်းကမှ တွေးမိခဲ့ကြမှာ မဟုတ်ပါဘူး။ ဘာဖြစ်လို့လည်းဆိုတော့ ဖေဖေ နှင့် မေမေတို့ရဲ့မိဘတွေဟာ အခွင့်ထူးခံ သူကောင်းမျိုးမှ ဆင်းသက်လာတွေကြောင့်ပါပဲ။

ပြောရမယ်ဆိုရင်

ကျွန်မရဲ့အဘိုး၊အဘွားတွေဟာ အထက်တန်းစားတွေဖြစ်ကြပါတယ်။ စစ်တပ်အပြင် မြောက်ကိုးရီးယာနိုင်ငံကို အုပ်ချုပ်နေတဲ့ အလုပ်သမားပါတီနဲ့ လည်း ဆက်ဆံရေးကောင်းကြပါတယ်။ ကျွန်မရဲ့မိဖတွေ ငယ်ရွယ်တုန်းကဆိုရင် အထက်တန်းစား လူကုန်တန်တွေသာ သီးသန့်နေကြတဲ့ ပြုံယမ်းမြို့ကြီးမှာ နေထိုင်ကြီးပြင်းခဲ့ကြတဲ့ သူတွေပါ။

ကျွန်မရဲ့ အဖိုးက အဆင့်မြင့်မြင့် အစိုးရအရာရှိတစ်ယောက်ဖြစ်ခဲ့ပါတယ် ။ ကျွန်မရဲ့မေမေကိုလည်း အဲ့ဒီအချိန်တုန်းက ကင်အီဆောင်း တက္ကသိုလ်ကို ပို့ပြီးပညာသင်ကြားပေးဖို အိမ်မက် မက်ခဲ့သူပါ။ ကင်အီဆောင်းတက္ကသိုလ်က မြောက်ကိုးရီးယားနိုင်ငံမှာ ဆိုရင် အထင်ရှားဆုံးနှင့် ဂုဏ်သရေအရှိဆုံး တက္ကသိုလ်တစ်ခုပါပဲ။

ကင်ဂျောင်းအီလ်ကိုယ်တိုင် အဲဒီတက္ကသိုလ်မှာ ပညာဆည်းပူးခဲ့ပါတယ်။ မေမေအတွက်လည်း အဲဒီကျောင်းကိုတက်ရောက်နိုင်ဖို့ သေချာပေါက် အခွင့်အလမ်း
ကောင်းတွေနဲ့ ရှိနေတာပါ။ မေမေ့ရဲ့အဖေဖေ ကျွန်မရဲ့ဘိုဘိုးကလည်း အားကစားကွင်းတွေကို ယခင်ကထက်ပိုပြီးကောင်မွန်အောင် လုပ်ပေး​ပြီး တက္ကသိုလ်မှ ဆရာတွေကို လဒ်ထိုးခဲ့ပါတယ်။ ဒါပေမည့် ကျွန်ရဲ့အဖိုးကတော့ ကံမကောင်းခဲ့ပါဘူး။ ကျွန်မမေမေက ကျောင်းတက်ရမှာကို တကယ် အလေးမထားတတ်တဲ့ အကြမ်းပတမ်းအမျိုးသမီး တစ်ယောက်လိုဆိုရမှာပါပဲ။

ဘာဖြစ်လို့လည်းဆိုတော့ မေမေက ဒရိုင်ဘာတစ်ယောက်ဖြစ်ချင်ခဲ့တာကြောင့်ပေါ့။ ပိုဆိုးတာက အဲဒီတက္ကသိုလ်ကြီးကို တက်ရောက်နိုင်ဖို့ ဝင်ခွင့်စာမေးပွဲဖြေဆိုတဲ့နေ့မှာ မေမေက ကျောင်းနောက်ကျခဲ့တယ်။အဲဒီလိုနဲပဲ ကျွန်မရဲ့အဖိုးဟာ မေမေ့ အပေါ်ထားတဲ့ မဟာရည်မှိုင်းချက်ကြီး ပြိုလဲခဲ့ရပါတယ်။ အဲဒီအချိန်ကပင်စလို့ မေမေဟာ စိတ်ကြမ်းလူကြမ်း အမျိုသမီးတစ်ယောက်ဖြစ်တယ်ဆိုတာကို မေမေကိုယ်တိုင်ပဲ သက်သေပြလိုက်ပါပြီ။ သိသာနေတာက မေမေရဲ့အမူအကျင့်တွေက ကျွန်မရဲ့ ဘဝထဲ့မှာပါ ကိန်းအောင်းကျန်ခဲ့တာ သံသယရှိစရာမလိုလောက်အောင် သက်သေထူနေပါတယ်။

မေမေဟာ ကျွန်မတို့အိမ်ရဲ့မရှိမဖြစ်တဲ့ အိမ်ထောင်ဦးစီးပါ။ မေမေရဲပုံစံက အရမ်းကြီး အပြစ်ပြောစရာ မဟုတ်ပေမဲ့လည်း အလွန်ညာဏ်ကောင်းပြီး ဆုံးဖြတ်ချက်ခိုင်မာတဲ့သူပါ။ နေမကောင်ဖြစ်နေတာတောင်မှ မေမေ့ရဲ့ မျက်နာက ကျမ္မာသန်စွမ်းနေပုံမျိုး နေတတ်ပြီး သာမှန်လူတစ်ယောက်လိုပဲ သွားသွာလာလာ၊ ဘာမှမဖြစ်သလိုမျိုးနေတတ်ပါတယ်။

ဒီလိုလေးစားဖွယ် အချက်တွေကြောင့် ကျွန်မ အမေမေ့ကို အရမ်းပဲ လေးစား ချစ်ခင်ခဲ့ရပါတယ်။ ကျွန်မငယ်ငယ်တုန်းကဆိုရင် ကျန်မကျမ္မာရေးကောင်တာကြောင့် တစ်ခါတစ်လေ ကျွန်မနေမကောင် ဖြစ်ပြီဆိုရင် ဘယ်သူကမှ ကျွန်မနေမကောင်ဖြစ်တယ်လို့ မထင်ကြပါဘူး။ ဒါကြောင့်လည်း ကျွန်မကို ကျောင်းတက်ခိုင်းကြပါတယ်။

အဲဒါတွေကို အခြားသူတွေက မလုပ်နိုင်တဲ့အချိန်မှာ ကျွန်မပင်ကိုယ် စွမ်းရည်က စေ့ဆော်ပေးနိုင်တာလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ မေမေက အင်ဒုတ်ခ် မြို့လေးရဲ့ဆေးရုံးမှာ လုပ်ရတဲ့ သူမရဲ့အလုပ်ကို တန်ဖိုးလည်းထားသလို ကျေးဇူးလည်းတင်နေတယ်။ ဘာလို့လည်းဆိုတော့ အဲဒီအလုပ်က မေမေ့ကို အစားအသောက်တွေနဲ့အတူ နေစရာအိမ်ပါ ထောက်ပန့်ပေးထားလို့ပါပဲ။

ကျွန်မတို့ စားချင်တဲ့အခါတိုင်း အလုပ်မှ ကြိုက်တာကို ယူလာပေးနိုင်တာကြောင့် မေမေရဲ့အလုပ်ဟာ ကျွန်မတို့ရဲ့ဆာလောင်မွတ်သိပ်မှုတွေကို နှစ်များစွာ ကုစားပေးနိုင်တဲ့ အရာတစ်ခုလည်း ဖြစ်နေခဲ့ပါတယ်။ ဖေဖေ့ကိုလည်း စီးပွားရေးအမြင် မရှိဆိုပြီးတော့ မကြာခဏဆူပူလေ့ရှိပါတယ်။ မေမေက ဖေဖေ့ကို အတွေ့အကြုံပိုင်းဆိုင်ရာ အရရော၊ ရုပ်ပိုင်းဆိုင်ရာအရပါ အားကိုးလို့မရဘူးလို့ထင်မြင်ယူဆထားတာပါ။ ဖေဖေနှင့် မေမေတို့ရဲ့လက်ထပ်ဓာတ်ပုံကိုကြည်းရင်း ဖေဖေဟာ အတော်ကြံခိုင်မှုရှိမယ်ဆိုတာကို ခုအချိန်မှာ ပြန်တွေးကြည့်ရင်း ပြန်လည်အမှတ်ရလာမိတယ်။

တကယ်လည်းပဲ အဲဒီအခါတုန်းက ဖေဖေဟာ မေမေဆူသလို အလုပ်လုပ်တဲ့အခါမှာ ​တော်တော်လေးကို ခုတ်ရာတခြား ချရာတစ်ခြားဖြစ်လာခဲ့ပါတယ်။ တစ်ခါမှာ ကျွန်မတို့စားဖို့အတွက် မေမေက ဖေဖေကို ပြောင်းခင်းတွေမှာ ပြောင်းဖူး ခိုးဖို့ လွတ်ဖူးတယ်။ ဖေဖေ့မှာ ပြောင်းဖူးမရလာတဲ့အပြင် အဖေနဲ့အတူ ပါသွားတဲ့ ဆိတ်တစ်ကောင်ပါ ဆုံးရှုံးခဲ့ရပါတယ်။ ပြောင်းဖူးခင်း ပိုင်ရှင်က ဖေဖေ့ကို ဖမ်းမိပြီး စစ်တတ်ကို လူသိရှင်ကြားတိုင်မယ်ဆိုပြီး ငြိမ်းခြောက်တာကြောင့် ဖေဖေဟာ သူနဲ့အတူ ပါသွားတဲ့ ဆိတ်ကို အဲဒီလယ်သမားကို ပေးအပ်ခဲ့ရတာပါ။ မေမေက အရမ်းဒေါသထွက်တာပေါ့။

မြောက်ကိုးရီးယားနိုင်ငံက အိမ်ရှင်မတစ်ယောက်ဟာ အများက သဘောကျ ချစ်ခင်လေးစားမှုရဖို့ဆိုရင် ယောက်ကျားဖြစ်သူရဲ့အလုပ်က ငွေရွင်တဲ့အလုပ် ဒါမှမဟုတ်ရင် ရာထူးကြီးတဲ့ အလုပ်မျိုး ဖြစ်နေဖို့လိုပါတယ်။

မြောက်ကိုးရီးနိုင်ငံရဲ့ အရှေ့ဘက် ကမ်းရိုးတန်းမှာရှိတဲ့ ချုံးဂျိမ် ဆိပ်ကမ်းမြို့ကို မေမ.. အလုပ်ကိစ္စနဲ့ မပြောင်းရွေ့ခင် ဖေဖေနှင့် မေမေတိုရဲ့လက်ထပ်ပွဲကို မေမေ့ရဲ့အဘိုးအဘွားတွေဘက်က စီစဥ်ပေးခဲ့ကြပါတယ်။

ဖေဖေမှာ စီးပွားရေးအမြင် မရှိပေမဲ့လည်း စာရေးသားခြင်းအလုပ်တစ်ခုကတော့ ဖေဖေ့ရဲ့ စွဲ့စွဲ့မြဲမြဲလုပ် လေ့ရှိတဲ့ အလုပ်တစ်ခုပါပဲ။ စက်ရုံတွေမှာတော သတင်းစာတွေ၊ဝါဒဖြန်စာတွေကို အမြဲလိုလို စေတနာထားပြီးရေးပေးလေ့ရှိတယ်။

ဘာလိုပဲဖြစ်ပါစေ အားလုံးထဲမှာတော့ ဖေဖေဟာ ကျွန်မရဲ့ ရွေရောင်နလုံးသားပိုင်ရှင်ပါ။ ဖေဖေရဲ့သမီးကျွန်မအတွက်တော့ အဲဒါတွေနဲ့တင် ပြည်စုံ လုံလောက်ပါတယ်။ နောက်ပြီး လမ်းမှာအခက်အခဲတစ်စုံတစ်ခု ကြုံရတဲ့အခါတိုင်း ရှေ့ဆုံကနေ အမြဲအကာအကွယ်ပေးတဲ့ အစ်မ ဂုမ့်ဆမ်က ကျွန်မအတွက် အမြဲအားကိုးသူတစ်ဥိီးပါပဲ။ ကျွန်မကို ယောက်ကျားလေးတွေက လာပြီး အနောင့်အချက်ပေးရင် အစ်မ ဂုမ့်ဆမ်က ရင်ဆိုင်ဖို့ လက်မနေးတတ်သူပါ။

ခါတစ်လေ လူတွေတွေက ကျွန်မတို့ ညီအစ်မကို အမွာညီအစ်မဆိုပြီး အထင်မှားတတ်ကပါတယ်။ ဒါပေမဲ့
ကျွန်မကတော့ အဲသလို မထင်ထားခဲ့ပါဘူး။ အမ်မဂုမ်ဆမ်က ကျွန်မထက် အသက်နှစ်နှစ် ပိုကြီးတယ်၊ အရပ်ကလည်း ကျွန်မထက်ပိုရှည်သလို ကျွန်မရဲ့မျက်လုံးများနဲ့နှိုင်းစာရင် သူ့မျက်လုံးက ကျွန်မရဲ့မျက်လုံးများထက် ပိုကြီးပါတယ်။ နှာတံကျပုံချင်းကတော့ တူတယ်လို့ပြောလို့ ရနိုင်မယ်ထင်ပါတယ်။

တစ်ခုရှိတာကတော့ အစ်မဂုမ်ဆမ်က သူရဲ့ဗီဇအရ စိတ်မြန်လက်မြန်ပြီး သူ့ကိုယ်သူ ယုံကြည်မှုလည်း ရှိပါတယ်။အစ်မ ဂုမ်ဆမ်ရဲ့ ဇရိုက်က သူမသာ မှန်တယ်ထင်ရင် ဘယ်တော့မှလက်လျှော့ အရှုံးပေးတတ်သူတော့ မဟုတ်ဘူး။ အင်ဒုဒ်ခ် မြိုမှာတော့ အစ်မဂုမ်ဆမ်ကို ဖေဖေမေမေတို့ရဲ့ မိတ်ဆွေတွေက အရွယ်ရောက်ပြီအထင်နဲ
"အပျိုမလေး” လို့ ချစ်စနိိုး အမည်ပေးထားကြပါတယ်။

*****

ကလေးဘဝတုန်းကဆိုရင် ကျောင်းတက်ရတာကို အရမ်းသဘောကျမိခဲ့တယ်။ပျော်လည်းပျော်ခဲ့ပါတယ်။အဲဒီအချိန်တုန်းကဆိုရင် ကျွန်မက တော်တဲ့ကျောင်းသူတစ်ဦးပေါ့။ မနက်စောစောအချိန်က ကျွန်မတို့ ကျောင်းတက်ရတဲ့ အချိန်ပါပဲ။ မနက်မိုးမလင်ခင်ကပင် မေမေက ကျွန်မတို့ကို အိပ်ရာမှနိူးပါတယ်။

အိပ်ရာက နိုးပြီဆိုရင် အေးစက်နေတဲ့ ရေနဲ့ မျက်နာ သစ်ကြရပါတယ်။ ဆောင်းတွင်ကာလမှာ ရေတွေက မကြခဏအေးခဲ့နေတတ်ကြပါတယ်။ ကိုယ်လက်သန့်စင်ပြီးရင် ကျွန်မရဲ့ ကျောင်းဝတ်စုံ မိုးပြာရောင်စကပ်နှင့်အင်းကျီအဖြူတစ်ထည်ကို သေသေသပ်သပ်မီးပူတိုက်ရပါတယ်။ ကျွန်မရဲ့ ကလေးများအသင်းဝင် အနီရောင်လည်းစည်းလည်းအပါအဝင်ပေါ့။

ကင်ကျုံအီလ် ရုပ်ပုံပါတဲ့ ရင်ထိုးလေးကိုတော့ ကျွန်မ မဝတ်ဆင်ရသေးပါဘူး။ လူငယ်အသင်းဝင် ကျောင်းသား ကျောင်းသူတွေမှသာ ကင်ကျုံအီလ်ရုပ်ပုံပါတဲ့ ရင်ထိုးကလေးတွေကို ရင်ဖက်မှာ ထိုးထားရပါတယ်။

အပြင်မှာ အလင်းရောင်က လူလုံးမသဲမကွဲတဲ့ချိန်
မြို့လယ်က ကွင်းပြင်ကြီးဆီကို သူငယ်ချင်းတွေနဲ့ အတူစုံရုံးဖို ကမန်းကတန်းပြေးကြရပါတယ်။

၇နာရီ ”ဒေါင်”လို့ထိုးပြီဆိုတာနဲ့….

'' အရွယ်ငယ်ငယ် ကျွန်မတို့တစ်ထွေ
စိတ်က မခေဘူးတစ်ကယ်…
တို့ရဲ့ကောင်းဆောင်ကြီး ကင်ကျုံးအီလ်အတွက်ဆိုရင်လေ
တို့တစ်ထွေ အမြဲစောင့်လျှေက်ပေးဖို့အဆင်သင့်ပါပဲကွယ်” ဆိုပြီး

ကျွန်မတို့နိုင်ငံရဲ ခေါင်းဆောက်ကြီးတွေ အတွက် စပ်ဆိုထားတဲ့ ဘုန်းတော်ဘွဲ တေးသီချင်းတွေကို သီဆိုရင်း အတန်းလိုက် ၊အတွဲလိုက် ကျောင်းတော်သို့ ချီတက်ကြရပါတယ်။ "မိုင်တစ်ထောင်မှ သင်ခန်းစာ”( A thousand miles of learning) ဆိုတဲ့ သီချင်းကတော့ ကျွန်မ ကြိုက်တဲ့ သီချင်းတွေထဲ့က သီချင်းတစ်ပုဒ်ပါပဲ။ ဂျပန်နယ်ချဲ့တွေထံမှ လွတ်လပ်ရေးရဖို့ တိုက်ထုပ်နေရတဲ့အချိန်၊ တရုပ်နိုင်ငံထဲ့မှ တောတွေ၊တောင်တောင်တွေထဲ့မှာ ဖြတ်သန်းခဲရတဲ့ ဘဝခရီးကြမ်းတွေကို စပ်ဆိုထားတဲ့ သီချင်းတစ်ပုဒ်ပါပါ။

ဆယ်မိနှစ်ကြာ စစ်တပ်စတိုင် ချီတက်ပြီးနောက် ကျွန်မတိုအားလုံးရဲ့ ကျောင်းဝတ်စုံတွေကို ဆရာ၊ဆရာမတွေက အသေအချာစစ်ဆေးကြပါတယ်။
တစ်ယောက်ချင်းစစ်ဆေးလို့ပြီးမှသာ ကျွန်မတို့ကို စာသင်ခန်းထဲ့သို့ ဝင်ခွင့်ပြုပါတယ်။ ကင်ကျုံအီလ်ရဲ့ငယ်ဘဝအကြောင်း စာတစ်ပုဒ်ကို ပုံမှန်နေ့တိုင်း ပထမစာသင်ချိန်မှာ ဆိတ်ငြိမ်စွာနှင့်ဖတ်ပြကြရပါတယ်။ အဲဒီစာပုဒ်ထဲကမှ ကျွန်မတို့အတွက် သင့်တော်မည့် သင်ခန်းစာတွေကို ထုပ်နုတ်ပြီး သင်ပေးပါတယ်။

တစ်ခါက သားရှေ့မှာ ဆန်တွေကို ကောက်ယူစုဆောင်းနေတဲ့ ကင်ကျုံအီလ်ရဲ့ မိခင် ကင်ကျုံဆမ့် အကြောင်းကို ဖတ်ခဲ့ရပါတယ်။

"ဘာအတွက်ကြောင့် အဲဒါတွေလုပ်နေတာလည်း အမေရေ…ကျွန်တော်တို့မှာ ဝမ်းစာအပြည့် ရှိပြီးသားပဲ မဟုတ်လား”

" အမေတို့နိုင်ငံရဲ့ တန်ဖိုးရှိတဲ သယံဇာတ တွေကိုအလဟသ ဘာတစ်ခုမှ အဆုံးရှုံးမခံနိုင်ဘူးလို့ ပေါ့သားရေ ”

အဲဒါကတော့… ကျွန်မတို့ရဲ အနာဂတ်အာဏာရှင်ကြီး ကင်ကျုံအီလ်က မိခင်ဖြစ်သူကို မေးလိုက်တဲ့ မေးခွန်းကိုကင်ကျုံအီရဲ့မိခင် ကအမြော်အမြင်ရှိရှိနဲ့ ပြန်ပြောလိုက်တာပါ။

အထက်ပါစကားစုတွေဟာ ဖတ်ခဲ့ရတဲ့ကင်ကျုံအီးလ် မိခင်အကြောင်း စာပုဒ်ထဲမှ စကားတွေပဲဖြစ်ပါတယ်။ အဲဲဒီအချိန်တုန်းက အဲဒီပုံပြင်ထဲမှာ ကျွန်မတို့ကိုပေးချင်တဲ့ မက်ဆစ် ကို ကျွန်မ အမြဲနားမလည်ခဲ့ပါဘူး။

ဒါပေမည့် မေ့သွားမှာစို့လို ကျွန်မအဲဒီစာသားတွေကို ကူးရေးဖို့ ကြိုးစားပါတယ်။ ဆရာမကလည်း အဲဒီစာကြောင်း တွေကို ကူးရေးခိုင်းပါတယ်။ စာသင်ခန်းထဲမှာ ကျွန်မခိုးကြောင်ခိုးဝှက် မကြခဏ ဝေ့ဝိုက်ပြီး ကြည့်ဖြစ်ပါတယ်။ စာသင်ခန်းထဲ့မှ ကြမ်းပေါ်မှာ သပ်သပ်ရပ်ရပ် စီထားတဲ့ စာရေးစားပွဲရှေ့မှာ ထိုင်နေကြတဲ့ ကျောင်းသား ၄၀ ယောက်ရှိပါတယ်။ စာသင်ခန်းရှေ့မှ ပလက်ဖောင်းပေါ်မှာ ဆရာမရဲ့ သစ်သား စားပွဲကြီးကို ထားပါတယ်။

ဆရာမစားပွဲနောက်က နံရံမှာ ဘောသင်ပုန်းကြီးကို ချိတ်ဆွဲထားပါတယ်။ အဲဒီဘော သင်ပုန်းရဲ့အပေါ်မှာ ကင်ကျုံအီလ်ရဲ့ မှန်ဘောင်ကွတ်ထားတဲ့ ဓာတ်ပုံကြီးက ကျွန်မတို့ကို သေသေချာချာ စိုက်ကြည့်နေသည့်အလား
ထင်ရပါတယ်။ စာသင်ခန်းရဲ့ နောက်ဖက်မှာတော့ ကျွန်မတို့ရဲ့နေ့လည်စာကို အပူပေးလို့ရအောင် လုပ်ထားတဲ့ မီးဖိုတစ်ခုကိုလည်း ထားပေးထားပါတယ်။ မနက်တိုင်းဆရာမ စာသင်ခန်းထဲ့ကို ဝင်လာပြီဆိုရင် ကျွန်မတိုအထဲ့မှ တစ်ဦးကို မတ်တပ်ရပ်ခိုင်းပြီး ကင်ကျုံအီးအကြောင်း
ရေးထားတဲ့ စာပုဒ်ကို အသံကျယ်ကျယ်နဲ့ အော်ဖတ်ခိုင်းပါတယ်။

ကိုးရီးယားနိုင်ငံမှ စာသင်ကျောင်းတွေမှာ သချ်ာဘာသာရပ်ရယ်၊ ကိုးရီးယား ဘာသာစကားနှင့် ကိုးရီးယားအနုပညာဘာသာရပ်ရယ်၊ ကွန်မြူနစ်ကျင့်ဝတ် ဘာသာရပ်တို့ကို သင်ယူကြရပါတယ်။ အရေးပါဆုံးဘာသာရပ် တစ်ခုကတော့ မြောက်ကိုးရီးယား ကောင်းဆောင်တွေ့ရဲ့ ဘဝအကြောင်းတွေကို လေ့လာသင်ယူကြရတဲ့ ဘာသာရပ်ပါပဲ။

စာသင်ခန်းထဲ့မှာတော့ ကျွန်မတို့ကို စကားပြောခွင့် မပေးပါဘူး။ တိတ်ဆိတ်စွာနေကြရပါတယ်။ မဆိုစလောက် အနှောင့်အချက်ဖြစ်စေတာလောက်နှင့် စာသင်ခန်းရှေ့ထွက်ခိုင်းပြီး လူအများရှေ့မှာ အရှက်ရအောင် အပြစ်ပေးတာခံကြရပါတယ်။ ပြီးရင် ဆရာမက သူမရဲ့ နည်းပြတုတ်နဲ့ပါ ထပ်ပြီး ရိုက်ပါတယ်။

အဲဒီအချိန်တုန်းကဆိုရင် အပြစ်လုပ်တဲ့ ဂြိုကောင်တွေကို အဲဒီလိုနည်းနဲ့ အပြစ်ပေးတာ မျှတတယ်လို့ ထင်မိခဲ့ပါတယ်။ ဒါပေမဲ့ ကျွန်မကိုတော့ အဲဒီလို အပြစ်ပေးတာမျိုး မခံခဲ့ရပါဘူး။ ကျွန်မက တာဝန်သိ ကျောင်းသူတစ်ယောက် ဖြစ်တာကြောင့်လည်း ဖြစ်နိုင်ပါတယ်။

ဒါပေမဲ့လည်း ကျောင်းသားဖြစ်ဖြစ်၊ စက်ရုံအလုပ်သမားပဲ ဖြစ်ဖြစ် ကျွန်မတို့ နိုင်ငံမှာ မဖြစ်မနေ လိုက်နာကြရတဲ့ စည်းကမ်း တစ်ခုကို ချိုးဖောက်ရာမျိုးကျွန်မ လုပ်မိသွားခဲ့ပါတယ်။ ကျွန်မရဲ့ တာဝန်သိကျောင်းသူဆိုတဲ့ ဂုဏ်ပုဒ်ကလည်း ကျွန်မရဲ့ အမှားကို မကယ် နိုင်ခဲ့ပါဘူး။ နောက်တစ်နေ့ ကျောင်းမဆင်းခင်ချိန်
စာသင်ခန်းရှေ့ကိုထွက်ပြီး ကျောင်းသားတွေရဲ့ရှေ့ မှောက်မှာ ကျွန်မရဲ့မှားကို ဝန်ချတောင်းပန် ပေးခဲ့ရတာကို ကျွန်မ ခုထိတိုင် အမှတ်တရ ရှိနေဆဲပါပဲ။

"ကိုယ် မစားရပဲနဲ့ ဒီပြောင်းဖူးတွေကို လိုက်ကောင်းပေးနေရတာဟာ ဘာအတွက်ပါလိမ့်” ဆိုတဲ့

အဲ့ဒီ စကားလေး တစ်ခွန်းကြောင့် ကျွန်မကို အပြစ်ပေးခံရတာပါ။ ဘာကြောင့် အဲဒီစကားလုံး ကျွန်ပါးစပ်က ထွက်ကျရတာလည်းဆိုတာ ကို ရှင်းပြချင်ပါတယ်။
ကျွန်မတို့လို တာဝန်သိ ကျောင်းသားကောင်းတွေကိုမှ ရွေးပြီး အလုပ်စေခိုင်းတဲ့ တာဝန်တစ်ခုကြောင့်ပါပဲ။

အဲဒီ အလုပ်ကလည်း စာသင်ကျောင်းနဲ့ သက်ဆိုင်တာမဟုတ်ပဲ အတန်းပိုင် ဆရာမရဲ့ ကိုယ်ပိုင် စိုက်ပျိုးခြံထဲ့မှာ ပြောင်းဖူးတွေ ခူးဆွတ်ကြရတဲ့ အလုပ် တာဝန်မျိုးပါ။ ပင်ပင်ပန်းပန်းလုပ်နေရချိန်မှာ အထက်မှာ ပြောခဲ့စကားကို ကျွန်မကိုယ် ကျွန်မ ဝေဖန်ပြောဆိုမိခဲ့တာကို ပုံကြီးချဲပြီးအပြစ်ပေးတာခံခဲ့ရပါတယ်။

တစ်ဦးတစ်ယောက်ရဲ့ ဆန္ဒနှင့် သဘောထားတွေကို မြောက်ကိုးရီးယားနိုင်ငံရဲ့ ဆိုရှယ်လစ် လူ့အသိုင်းဝိုင်းတွေကြားမှာ လက်ခံတဲ့ ထုံးစံဆိုတာ မရှိပါဘူး။

ဒါကြောင့် ဆရာမက ကျွန်မရဲ့အပြစ်ကို လူအများသိအောင် အတန်းဖော်တစ်ယောက်ကိုခေါ်ပြီး ကြေငြာခိုင်းပါတယ်။ ကြောငြာလို့အပြီးမှာ ဆရာမက သူမရဲ့ရှေ့တော်မောက်ကို ကျွန်မကိုခေါ်ပြီး ရှူးရှူးရှဲရှဲနဲ့ ဒေါမှန်တက်ကာ ကျွန်မကို ပြင်းပြင်းထန်ထန် အပြစ်ဆိုတာကို ခံခဲ့ရပါတယ်။

နောက်တစ်နေ့မှာ ကျွန်မကိုယ်တိုင် လိုလိုလားလားနဲ့ ကျွန်မရဲ့အပြစ်ကို အများရှေ့မှာ ဝန်ချတောင်းပန်ပေးခဲ့ ရပါတယ်။ ဝန်ချတောင်းပန်လို့ ပြီးပြီးချင်းမှာပဲ ကျွန်မကလည်း အခြားကျောင်းသူ တစ်ယောက်ရဲ့ အမှားလုပ်ရပ်ကိုပါ လက်စားချေတဲ့အနေနဲ့ ထည့်ပြောလိုက်ပါတယ်။
ရိုးရိုးသားသားဝန်ခံရရင် အဲဒီကျောင်းသူအပေါ် ကျွန်မ မနာလိုစိတ်တွေ ရှိနေခဲ့တာပါ။ အဲဒီလို ပြောလိုက်ရတဲ့ အတွက်ကြောင့်လည်း ကျေနပ်တဲ့ စိတ်မျိုး ဖြစ်ခဲ့ဖူးပါတယ်။

ကျွန်မရဲ့ဖေဖေနဲ့အတူ ကျွန်မ မနာလို ဖြစ်နေတဲ့ကျောင်း သူရဲ့ အဖေဟာ စက်ရုံတစ်ရုံတည်းမှာ အတူလုပ်နေကြတဲ့ သူတွေပါ။ အဲဒီ ကျောင်သူရဲ့ အဖေက ကျွန်မရဲ့ ဖေဖေ ထက် ရာထူးတိုးပြီး ရိပ်ခါတွေလည်း အများကြီးရပါတယ်။ ကျွန်မအဲဒီ ကျောင်းသူကို မုန်းတီးရတဲ့ အဓိက
အကြောင်းခံက အဲဒါပါပဲ။

ကျောင်းတွေမှာ နာမည်ရ ကျောင်းသား..ကျောင်းသူတွေကို လေ့စားကြရပါတယ်။ ကျောင်းတက်နှစ် အစမှာ အတန်းခေါင်းဆောင် တစ်ယောက်ကို ဦးစားပေး ရွေးချယ်ကြရပါတယ်။ ပြီးမှ အခြားတာဝန်တွေအတွက် နောက်ထပ် တာဝန်သိခေါင်းဆောင်တွေကိုပါ ရွေးချယ်တင်မြောက်ကြရပါတယ်။ အဲဒီလို ခေါင်ဆောင် ရွေးပွဲကို တရားဝင်ရွေးချယ်တဲ့နေရာမှာ ရာထူးတစ်ခုစီအတွက် သင့်တော်သူ တစ်ဦးကတော့ ရှိစမြဲပါပဲ မဟုတ်ပါလော။

ငယ်ဘဝတုန်းက အကြောင်းတွေကို ပြန်တွေးရင်းနဲ့ သိလိုက်ရတာလတစ်ခုက အဲဒါတွေဟာ ဟန်ပြသက်သက် အာပလာတွေပဲဆိုတာကို ခုလိုအချိန်မှာ ပိုပြီး နာလည်းသဘော ပေါက်လာမိပါတယ်။

ဒီအကြောင်းတွေနဲ့ ဆက်စပ်လို့ တစ်ခါတုန်းက ကျောင်းမှာ တာဝန်တစ်ခုအတွက် ဘယ်လိုဘယ်ပုံ ခေါင်းဆောင် ရွေးချယ်ခဲ့ကြလည်းဆိုတာကို ကျွန်မ ဥပမာနဲ့ တင်ပြချင်
ရှင်းပြချင်ပါတယ်။

ခေါင်းဆောင် မရွေးခင် တစ်နေ့မှာ ဆရာမက ကျွန်မကို သီးသန့်ခေါ်တွေ့ပါတယ်။ အဲဒီလို ကျွန်မကို ခေါ်တွေတာဟာလည်းကျွန်မက တာဝန်သ်ိ ကျောင်းသူတစ်ယောက်ဖြစ်တာကြောင့်လည်း ဖြစ်နိုင်ပါတယ်။ နောက်တစ်နေ့အတန်းတက်ချိန်မှာတော့ ဆရာမက…..

“သားတို့၊သမီးတို့ စိတ်ထဲ့မှာ သင့်တော်တဲ့ ကောင်ဆောင်တစ်ယောက် ကို ရွေးထားတာရှိပါသလား” တဲ့။

အတန်းသူ၊အတန်းသားတွေလည်း ဆရာမ အမေးကြောင့် ဘာအသံမှ မကြားရလောက်အောင် တစ်ခန်းလုံးတိတ်ဆိပ်သွာပါတယ်။ အဲဒီအချိန်မှာပဲ ကျွန်မက ထရပ်ကာ လက်ကို ဆန့်ထုပ်လိုက်ပြီး ကျောင်းသားတစ်ယောက်ကို လက်ညိုးထိုးညွန်ပြပေး လိုက်ရပါတယ်။

” ကင်ဆောင်းကူ”

အဲဒီနာမည်ကို ခေါ်ဖို့အတွက် ကုန်ခဲ့တဲ့တစ်နေ့ကပင် ဆရာမက ကျွန်မကို ကျော်တင် အမိန်းပေးထားတဲ့အတိုင်း နာမည်ကို ထုပ်ခေါ်လိုက်အချိန်မှာ

” အားလုံးသဘေားတူကြပါသလား”

ဆရာမက ကျောင်းသားတွေကို မေးလိုက်တဲ့အခါမှာတော့ အားလုံးက တုန်ဆိုင်းမနေကြပဲ တစ်ခန်းလုံးက ညီညီညွန့်ညွန့်နဲ့ သဘောတူလိုက်ကြပါတယ်။

အဲဒါဟာ ကျွန်မရဲ့သူငယ်ချင်း ကင်ဆောင်းကူ ကို ခေါင်း ဆောင်တင်မြောက်ခံရတဲ့ အကြောင်းအရင်းပါပဲ။ ကင်ဆောင်းကူးရဲ့ အဖေက လက်သမားတစ်ယောက်ဆိုတော့ ဆရာမကို ထင်းတွေ ထောက်ပန့်ပေးနေတာကို ကျွန်မတိုသံသယဖြစ်မိခဲ့ကြပါတယ်။

မြောက်ကိုးရီးယားနိူင်ငံမှာ ဆရာ၊ဆရာမတွေကို မိဘတွေက လက်ဆောင်နဲ့ လတ်ထိုးပေးခြင်းအားဖြင့် သူတို့ရဲ့ သားသမီးတွေရဲ့ပညာရေးမှာ သေချာပေါက် အောင်မြင့်ဖို့ အကောင်းဆုံး နည်းလမ်းတစ်ခုပါပဲ။

အဲဒီနည်းလမ်းတွေကတော့ ကျွန်မရဲ့မိဖတွေ ဘယ်တော့မှနားမလည် ၊သဘောမပေါက်ခဲ့ကြတဲ့ နည်းလမ်းတစ်ခုပါပဲ။ တစ်ခါမှတော့ ကောင်းဆောင်ရွေးပွဲတစ်ခုမှာ ကျွန်မ မျော်လင့်မထားတဲ့ အံသြစရာတစ်ခုနဲ့ ကြုံခဲ့ရပါတယ်။ အတန်းပြီးချိန် အခန်းသန့်ရှင်းရေးအတွက် တာဝန်အရ ကျောင်းသူ တစ်ယောက်ကိုရွေးကြဖို့ ဆရာမက ကျောင်း သားတွေ ကို တောင်းဆိုလိုက်ပါတယ်။

သန့်ရှင်းရေး အလုပ်ဆိုတာက လူအများ နာခေါင်းရှုံ့ကြတဲ့ အလုပ်တစ်ခုပါ။ဒါပေမဲ့ အဲဒီအလုပ်က ကျောင်မှာတော့ အဆင်ရှိတဲ့ အလုပ်တစ်ခု အနေနှင့် ဆွေးနွေးတိုင်ပင်ရပါတယ်။ ပြီးတော့ ကျောင်းသားတစ်ယောက်က ထပြီး ကျွန်မရဲ့ နာမည်ကို အများရှေ့မှာ ကြေငြာလိုက်ပါတယ်။

ကျွန်မနာမည်ကို မထင်မှတ်ပဲ ကြားလိုက်ရအချိန်မှာ ကျွန်မမျက်နာ တစ်ပြင်လုံး နီမြန်းသွားခဲ့ရပါတယ်။ အဲဒီအချိန်တုန်းက ယောက်ကျားလေးတွေလည်းရှိနေတာဆိုတော့ ကျွန်မအရမ်းရှက်မိခဲ့တယ်။ ဒါပေမဲ့ ကျွန်မကတော့ အဲဒါကို ဘယ်သူ့ကိုမှလည်း ဖွင်မပြောခဲ့ပါဘူး။ ကျွန်မအဲဒီကျောင်းသားကို အရင်တုန်းကလည်း သတိမထားမိခဲ့ပါဘူး။ ကျွန်မရဲ့သန့်ရှေးတာဝန်ကို သူက ကြေငြာပြီးအချိန်ကစလို့ အဲဒီကျောင်းသားကို ချိုဝှက် တန်ပြန်လက်စားချေဖို့ စိတ်တွေတစ်ဖွဖွတိုးလာခဲ့ရပါတယ်။

အဲဒီကျောင်းသားရဲ့အဆင့်က ကြယ်သုံးလုံနှင့် နှစ်ဘားဆိုတော့ အဲဒီအဆင့်က ကျောင်းမှာ အမြင့်ဆုံးအဆင်ဖြစ်နေတယ်။ ကျွန်မအဆင့်က ကြယ်နှစ်လုံးတည်းဆိုတော့ အတန်းရာထူး အဆင့်ကိုလောက်သာ ကိုယ်စားပြုပါတယ်။ ကြယ်သုံးလုံးနှင့် သုံးဘားရှိတဲ့ ကျောင်းသားကတော့ အတော်ဆုံးကျောင်းသားပါပဲ။

စမတ်အကျဆုံး ကျောင်းသားတွေ ဒါမှမဟုတ် တာဝန်တစ်ခုကို တာဝန်အရလုပ်တာမျိုးမဟုတ်ပဲ စေတနာထားလုပ်ဆောင်ကြတဲ့ အတော်ဆုံး၊ကျောင်းသားတွေကို ဆရာမက အဲဒီ ကြယ်သုံးလုံးနှင့် သုံးဘား အဆင့်ကို ဆုချီးမြင့် လေ့ရှိပါတယ်။

ဥပမာ ကျောင်းမှာ ပြတင်းပေါက်ကျိုး ပျက်နေရင် ကျောင်းသားမိဘတစ်ဦးဦးက ပြုပြင်ဖို့ငွေ ကြေးထောက်ပန့်ပေးရင် ငွေကြေးထောက်ပန့်သူတွေရဲ့သားသမီးတွေက ကျောင်းမှာ အလိုအလျှောက် အိုတို ရာထူးတိုးပါတယ်။

အဲဒီလိုမျိုးက မြောက်ကိုးရီးယားမှာ ဖြစ်နေကျအလေ့အထတစ်ခုပါပဲ။ ကံမကောင်းတာက ကျွန်မတို့ ညီအစ်မနှစ်ယောက်ပါ။ အဲဒီနည်းလမ်းမျိုးနဲ့ တစ်ခြားကျောင်းသား မိဖတွေ ဘယ်လိုလုပ်စားနေ ကြလည်းဆိုတာကို ကျွန်မတို့ မိဖတွေ ဘယ်တော့မှ နားလည်နိုင်တဲ့ နည်းလမ်းတစ်ခုပဲ။

ကျွန်မကို အခန်းသန်ရှင်းရေး ခန်အပ်ခံရပြီးနောက်ပိုင်းမှာ ကျွန်မမှာ နောက်ထပ် အံသြစရာတစ်ခုရှိလာခဲ့ပြန်တယ်။ အဲဒါကတော့ ကျွန်မကို သန့်ရှင်း​ရေးတာဝန်ပေးအပ်ဖို့ ကျွန်မရဲ့ အမည်ကိုဖော်ထုပ်ခဲ့တဲ့ ကျောင်းသားကိစ္စပါ။ အဲဒီကျောင်းသားကိုယ်တိုင်က ကျွန်မကို သန့်ရှင်းရေးအလုပ်မှာ လုပ်စေချင်လို့ ခန့်အပ်လိုက်တာလား (ဒါမှမဟုတ်) ဆရာမက တိုက်တွန်းလို့လုပ်ခဲ့တာလားဆိုတာပါပဲ။

ယနေ့အချိန်အထိ အဲဒီကိစ္စကို ကျွန်မ စဥ်းစားလို့မရနိုင်
သေးပါ။ နောင်လည်း ကျွန်မ ဘယ်တော့မှ ဖော်ထုပ်လိုရနိုင်ဖို့ မဖြစ်နိုင်တော့တဲ့ ပဟေဠိ တစ်ခုဖြစ်နေပေအုံ့မည်။

ဘာသာပြန် Kyi San Khin

အခန်း ၄ ကို ဆက်ပါဦးမည်။

Keep Reading

စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးအင်တာနက်နဲ့ လူနေမှုဘဝ စာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်းအပေါ်ယံသမားစာစောင်လေးဆယ့်တစ် - ပန်းတိုင်သို့အရောက်တက်လှမ်းခြင်းစာစောင်သုံးဆယ့်ကိုး - အကြီးမားဆုံးဆုလာဘ်စာစောင်လေးဆယ် - အလိုကြီးအရနည်း ဟိုလိုလို ဒီလိုလို ဝေလည်လည်စာစောင်သုံးဆယ် - အရင်းအမြစ်ပြည့်စုံခြင်းစာစောင်သုံးဆယ့်နှစ်-ကိုယ့်ကိုယ်ကိုယ်နှစ်သိမ့်ခြင်း