Author's Profile Photo

အက္ခရာ - Haruki

14/05/2024

Presentation ကိုဘယ်လိုပြင်ဆင်မလဲ

1 min read
Personal Development
General Knowledge
18 Again
Presentation ကိုဘယ်လိုပြင်ဆင်မလဲ's photo

Project တွေလုပ်ရတာ Powerpoint Slide တွေပြင်ရတာဟာ အခုလိုနည်းပညာခေတ်မှာ ရေပန်းစားလာပြီဖြစ်ပါတယ်။ အထူးသဖြင့် Online School, Seminar, Business, Class တွေမှာအသုံးများကြပါတယ်။

ဒီနေ့မှာမျှဝေပေးမှာက ဒီလို Presentation Slide တွေကိုဘယ်လိုပြင်ဆင်ရမလဲဆိုတာပြောပြပေးမှာပါ။ ဒီနည်းလမ်းတွေကို ကိုယ့်ရဲ့ Project တွေမှာ အသုံးချကြည့်ပါခင်ဗျာ။

၁။ လေ့လာပါ

သူများ Topic တွေကိုတိုက်ရိုက် မ Copy ပါနဲ့။ လိုတာရော မလိုအပ်တာတွေရော ပါနေတတ်ပါတယ်။ ဒါကြောင့် လောလောနဲ့မလုပ်ပါနဲ့။

ကိုယ်တင်ပြမယ့်အကြောင်းအရာတွေကို ကျယ်ကျယ်ပြန့်ပြန့်လေ့လာပါ။ တချို့အရာတွေက ၁၀၀၀ ဘိုးလေ့လာမှ ၁၀၀ ဘိုးပဲ အသုံးချလို့ရတာမျိုးတွေရှိတတ်ပါတယ်။

ဒီလိုကျယ်ကျယ်ပြန့်ပြန့်လေ့လာထားမှ ကိုယ်ကအဓိက ဘာပြောချင်တာလဲ၊ ဘာတွေသိသွားစေချင်တာလဲဆိုတဲ့အပါ်မူတည်ပြီး ပြန်လည် စီစစ်လို့ရမှာပါ။

၂။ ရိုးရှင်းပါစေ

Slide တွေကို လိုက်ဖက်တဲ့ Color လေးတွေနဲ့ ရိုးရိုးရှင်းရှင်းပဲလုပ်ပါ။ စာတွေများနေတာတို့၊ ပုံတွေများနေတာတို့ မလုပ်ပါနဲ့။

စာဆိုရင်လည်းကိုယ်ပြောမယ့်အကြောင်းအရာရဲ့ Note လောက်ကိုပဲဖော်ပြပါ။ တချို့ကိုယ်သတိထားစေချင်တဲ့ စကားလုံးလေးတွေကို Hightlight တားပေးထားပါ။

၃။ Intro

Presentation တစ်ခုကို Intro နဲ့ပဲစတင်သင့်ပါတယ်။ ဖော်ဖော်ရွေရွေနှုတ်ဆက်ပါ။ ကိုယ့်ကို စိတ်ဝင်စားအောင်လုပ်ယူပါ။

Intro မှာ ကိုယ့်ရဲ့အကြောင်း၊ ကိုယ့် Team Member နဲ့ Topic မိတ်ဆက်လေးတွေကို ပြောကြတာများပါတယ်။

၄။ Use Photo , Element

ကိုယ်ပြောမယ့် အကြောင်းအရာလေးတွေနဲ့ကိုက်ညီမယ့်ပုံလေးတွေကို ထည့်သုံးကြည့်ပါ။ ပုံတွေနဲ့ Slide တွေကို ချွေတာလို့ရပါတယ်။

ကိုယ်ပြောမယ့် Topic နဲ့ ကိုက်ညီတဲ့ ပုံတစ်ပုံကိုရွေးချယ်ပြီး အဲ့ဒီ ပုံကို Slide အနေနဲ့သုံးပြီး ပြောသွားတာမျိုးပေါ့။ Element တွေကလည်း ကိုယ့်ရဲ့ Slide ကိုစိတ်ဝင်စားအောင် ကူညီပေးနိုင်ပါတယ်။

၅။ မေးခွန်းလေးတွေ၊ ဆွေးနွေးမှုလေးတွေလုပ်ပါ။

ကိုယ်ကပဲပြောနေရင် နားထောင်သူတွေ ငြီးငွေ့နေတတ်ပါတယ်။ Presentation ပြောနေရင်း ကြားမှာ မေးခွန်းလေးတွေ၊ ထင်မြင်ချက်လေးတွေကိုမေးပါ။ ဆွေးနွေးပါ။

၆။ Outro

နောက်ဆုံးအပိတ်မှာ ကိုယ့်ရဲ့ Topic တစ်ခုလုံးမှာ သူတို့ကိုအဓိကသိရှိသွားစေချင်တဲ့အချက်လေးတွေကို Note ထုတ်ပြောပြပါ။ ကိုယ့်ရဲ့ Topic နဲ့ပတ်သတ်ပြီး ကိုယ့်ရဲ့ရည်ရွယ်ချက်နဲ့၊ လုပ်ချင်တဲ့အရာတွေကိုလည်း ပြောပြနိုင်ပါတယ်။

နောက်ဆုံးအရေးကြီးတာကတော့ နားထောင်သူလေးတွေကို ကျေးဇူးတင်ဖို့ မမေ့ဖို့ပါပဲခင်ဗျာ။

နွေဦးအက္ခရာ ( May 14, 2024 . 5:20 PM )

Keep Reading

စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးလိုမှသုံးပါ"တော်တဲ့သူတွေက ဆင်ခြေမပေးဘူး...  ဖြေရှင်းနည်းကိုပဲ ရှာကြတယ်"အင်တာနက်နဲ့ လူနေမှုဘဝ စာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်းအပေါ်ယံသမားစာစောင်လေးဆယ့်တစ် - ပန်းတိုင်သို့အရောက်တက်လှမ်းခြင်းစာစောင်သုံးဆယ့်ကိုး - အကြီးမားဆုံးဆုလာဘ်စာစောင်လေးဆယ် - အလိုကြီးအရနည်း ဟိုလိုလို ဒီလိုလို ဝေလည်လည်