SarPhat Author
တလောက ဒေါက်တာဖြိုးသီဟ ရေးတဲ့ စာလေး Facebook ပေါ်မှာတွေ့ပြီး အရင်တုန်းက အဖိုးပြောဖူးတာသတိရတယ်။
"ငါတို့က ယောက်ျားဆိုရင် ကျားကျားယားယား ကြမ်းတမ်းနေမှ" တဲ့၊ အဲ့လိုမှမဟုတ်ရင် သူကြည့်လို့မရပါဘူး။
ယောက်ျားလေးတွေလည်း ဝမ်းနည်းတတ်တယ်၊ ဒါပေမယ့် ငိုခွင့်တော့မရှိဘူး။ပတ်ဝန်းကျင်က မကြိုက်ကြဘူးလေ။အထင်သေးတတ်တယ်၊ ယောက်ျားမာနကို ထိခိုက်တယ်။ယောက်ကျားဆိုတာကိုယ့်ခံစားချက်ကိုဖော်ပြလို့မရဘူး။ အထူးသဖြင့်ပျော့ညံ့တဲ့ပုံစံမျိုးလုံးဝပြလို့မဘူး။
ကျွန်မတို့လူမှုပတ်ဝန်းကျင်က ဒီလိုစံနှုန်းတွေနဲ့ ယောက်ျားပီသမှုကိုတိုင်းတာကြတဲ့အခါ ပြဿနာရှိပါတယ်။ အကြီးအကျယ်စိတ်ညစ်ညူးနေတဲ့အမျိုးသားတွေဟာ သူတို့ရဲ့ ဝမ်းနည်းမှု၊စိတ်ထိခိုက်မှုတွေကို ပွင့်လင်းစွာထုတ်ဖော်မရတဲ့အဆုံး ဒေါသ ဆိုတဲ့ ခက်ထန်ကြမ်းတမ်းတဲ့အသွင်ပြောင်းပြီး အနီးအနားကလူတွေအပေါ်ပုံချကြတာပဲ။ဒီစံသတ်မှတ်ချက်တွေဟာ အိမ်တွင်းအကြမ်းဖက်မှုတွေရဲ့ကြိုးကိုင်တွေထဲက တစ်ခုလို့ကျွန်မထင်ပါတယ်။
ခန္ဓာကိုယ်တည်ဆောက်ပုံ၊ hormones တွေ အစရှိသဖြင့်ပေါ့ ၊ အဲ့လိုမျိုးအရာတွေကွာဟမှုကြောင့် ယောက်ျားနဲ့မိန်းမမှာ မတူတာတွေရှိတယ်ဆိုပေမယ့်။ စဥ်းစားဆင်ခြင်တတ်တဲ့ ဦးနှောက်ပါပြီး ၊ ခံစားမှုဉာဏ်ရည်မြင့်မားလှတဲ့ သတ္တဝါ(လူ) ဖြစ်တာခြင်းအတူတူမို့လို့ ယေဘုယျအားဖြင့် လူတစ်ယောက်မှာရှိတဲ့ အခြေခံသဘောတရားခြင်းကတော့တူတူပါပဲ။
အမေတွေ၊ မောင်နှမတွေ၊ ချစ်သူတွေ"သူတို့ကိုထွေးပွေ့ပေးပါ၊ လုံခြုံမှုပေးပါ၊ အတင်းသန်မာအောင်မလုပ်ယူခိုင်းပါနဲ့ ကျေးဇူးပြုပြီး အဲ့လိုဖြစ်အောင်တွန်းအားမပေးကြပါနဲ့"။ ဒါဟာ မိသားစုတွေ အိမ်ထောင်ဦးစီးကောင်းပိုင်ဆိုင်နိုင်ဖို့ ပတ်ဝန်းကျင် ကောင်းတစ်ခု ဖြစ်ပေးခြင်းဖြင့် တစ်ဖက်တစ်လမ်းက ကူညီတာပဲ။
ယောက်ျားနဲ့မိန်းမ ဆိုတာကို လုံးဝကွဲထွက်နေတဲ့ သတ္တဝါနှစ်ကောင်လို ရိုက်သွင်းပြုပြင်စရာမလိုပါဘူး လို့ကျွန်မထင်ပါတယ်။
စာလေးကတော့ဒီလောက်ပါပဲ။
စာဖတ်သူတို့လက်ခံထားတဲ့အမြင်မျိုးနဲ့မတူခဲ့သည်ရှိသော် 'ကျွန်မရဲ့ ရှုထောင့်' လို့သာသဘောထားနိုင်ပါတယ်။ အဆုံးထိဖတ်ပေးတဲ့အတွက်စာဖတ်သူတို့ကို ကျေးဇူးအထူးတင်ပါတယ်။
# လွတ်လပ်မှုရဲ့ ကံကောင်းခြင်းအပိုင်းအစများ
#Photo_Crd [pinterest ကမလာတာပါ]
Credit ပေးဖို့သတိပေးတဲ့ author ကိုလည်းကျေးဇူးတင်ပါတယ်။
"ယောက်ျားမာန(ယောက်ျားတွေကိုစိတ်ဒုက္ခ အပေးဆုံးအရာ) တဲ့ ဒေါက်တာဖြိုးသီဟရေးထားတာလေး တကယ်ကိုဉာဏ်ပွင့်စေပါတယ်။ဒီ link မှာဝင်ဖတ်ကြည့်လို့ရပါတယ်။
https://www.facebook.com/share/p/PYExUfcaejFepQnx/?mibextid=oFDknk
Keep Reading