Author's Profile Photo

စာကြမ်းပိုး

14/05/2024

ကိုယ်တွေ့ဝတ္ထုများ - ဦးဖိုးကျား

1 min read
Book Review
ကိုယ်တွေ့ဝတ္ထုများ - ဦးဖိုးကျား's photo



စာမျက်နှာ ၂၇၉ ၊ ဒုတိယအကြိမ် ၊ ပါရမီစာပေ ၊ မျက်နှာဖုံး - ပန်းချီစံတိုး

အမျိုးသားပညာဝန် ဆရာကြီး ဦးဖိုးကျားဟာ ကိုယ်တွေ့ဝတ္ထု ၆ တွဲ ရေးသားခဲ့ပါတယ်။ ဒီစာအုပ်မှာတော့ တိမ်မြုပ်ရှားပါးနေပြီဖြစ်တဲ့ ဆရာကြီးဦးဖိုးကျားရဲ့ ကိုယ်တွေ့ဝတ္ထုများ ကို ခက်ခက်ခဲခဲရှာဖွေပြီးစုစည်းတင်ဆက်ထားတဲ့ စာအုပ်တအုပ်ဖြစ်ပါတယ်။ အမှတ်စဉ် (၁) မှ (၄) အထိ စာအုပ် ၄ အုပ်မှာပါဝင်ခဲ့တဲ့ ကိုယ်တွေ့ဝတ္ထု ၂၀ ပုဒ်အနက် ၁၉ ပုဒ်ကိုစုစည်းဖော်ပြထားတဲ့စာအုပ်လည်း ဖြစ်ပါတယ်။

ကျွန်မတို့ငယ်ငယ်က ပြဌာန်းစာအုပ်မှာ သင်ခဲ့ရတဲ့ "မင်းကတော်" နဲ့ "မိတဆိုးရှင်ပြု " လို ဝတ္ထုတွေ ပြန်လည်ဖတ်ရှုရတာမို့ ဒီစာအုပ်ဖတ်နေစဉ်အတွင်းမှာ ကျောင်းသားဘဝက စာသင်ခန်းထဲမှာ သူငယ်ချင်းတွေ အတူဆွေးနွေးခဲ့ကြတာလေးတွေ အမှတ်ရမိခဲ့လို့ လွမ်းဆွတ်ဖွယ်ရာ ခံစားချက်လေးတခုလည်း ရရှိခဲ့ပါတယ်။

မိတဆိုးရှင်ပြုက သံချပ်တွေ ၊ မြို့သူနာမည်တွေ ၊ မင်းကတော်ဝတ္ထုက ညွန့်မေအမေရေးတဲ့လက်ရေးတွေကအစ တကယ့်ကိုအမှတ်တရအချိန်လေးတွေကို သတိရစေခဲ့ပါတယ်။ဆယ်စုနှစ်တခုအကျော်မှာ ပြန်ဖတ်မိတာဖြစ်ပေမယ့် ခုထက်ထိ ဖတ်ရတာရိုးသွားတာ ပေါ့သွားတာမျိုးမရှိပဲ ခံစားချက်တွေ ပိုမိုလေးနက်လာခဲ့ခြင်းသာဖြစ်ခဲ့တာလည်း သတိထားမိခဲ့ပါတယ်။

(၁၉) ပုဒ်လုံးမပျင်းမရိဖတ်ချင်စဖွယ်များသာဖြစ်တဲ့အပြင် တပုဒ်ချင်းစီအလိုက်လည်း တွေးစရာ ၊ သင်ခန်းစာ ယူစရာများ ပါဝင်ပါတယ်။ ဆရာကြီးဦးဖိုးကျားကိုယ်တိုင်ကလည်း ကျောင်းသားသူငယ်များဖတ်ရန် ဖတ်စာနှစ်မျိုးအနက် "အလွတ်ဖတ်ရန်ဖတ်စာ" အဖြစ်ရည်ရွယ်ပြီးရေးသားခဲ့တာမို့ ကျောင်းသားလူငယ်လူရွယ်လေးတွေအတွက် ဖတ်ဖို့အလွန်သင့်တော်ကောင်းမွန်လှတဲ့အပြင် ဘယ်အချိန်ပြန်ဖတ်ဖတ် ရသမပျက်ပဲ ပေးရတဲ့အချိန်နဲ့ တန်အောင် အကျိုးလည်းရှိလှတဲ့စာအုပ်တအုပ်လို့ ထင်မြင်မိပါတယ်။

ဝတ်မှုံလေး (စာကြမ်းပိုး)
23.4.23(Sun)
12:30 PM
https://youtube.com/@user-zj4sj8hc7b

Keep Reading

မေတ္တာမဏ္ဍိုင်ဘာကြောင့် စာပေနိုဘယ်ဆုမရသေးတာလဲအပေါ်ယံသမားဟိုလိုလို ဒီလိုလို ဝေလည်လည်အဖေကို ဘာကြောင့်မုန်းတာလဲတဇောက်ကန်းသမားဧကရာဇ်မင်း၏ အတွေးမှတ်စု စာစောင်ငါး (၉-၁၄) ဧကရာဇ်မင်း၏ အတွေးမှတ်စု စာစောင်ငါး (၂၆-၃၂) ဧကရာဇ်မင်း၏ အတွေးမှတ်စု စာစောင်ခြောက် (၁-၁၀) ရှန်ဂရီလာ