Author's Profile Photo

စာကြမ်းပိုး

14/05/2024

မြစ်တို့၏မာယာ ဂျူး

1 min read
Book Review
မြစ်တို့၏မာယာ 
ဂျူး's photo



ဒီစာအုပ်မှာ အလွန် သဘောကျမိတာကတော့ ကျွန်မအလွန်နှစ်သက်ပြီး "စာမေးပွဲအမှတ်" ဆိုတဲ့ ဆုံးဖြတ်ချက်ကြီးအောက်မှာ သတ္တိရှိရှိ ရွေးချယ်ခွင့်မရလိုက်တဲ့ "မြန်မာစာ" အကြောင်းပါ။ အဲ့ဒီလို မြန်မာစာ ၊ ကျောက်စာ တွေအကြောင်းကို မက်မက်မောမော နစ်နစ်မြောမြော လေ့လာခွင့်ရတဲ့ ကေသီ ကို အားကျမိပါရဲ့ရှင်။

ဆရာမစာအုပ်တွေရဲ့ ထုံးစံအတိုင်းပဲပေါ့ ။ မြန်မာစာအကြောင်းကိုရော ပုဂံအကြောင်းကိုပါ အပေါ်ယံလေး မဟုတ်ပဲ တကယ့်ကို အချက်အလက်ကျကျ ရေးပြသွားတာကလည်း လေးစားစရာပါ ။ " အချစ် ဆိုတာ ဘာညာ "တွေကို ဖတ်ရင်းနဲ့ အဲ့ဒီလို စိတ်ကူးယဉ် ခံစားမနေတတ်ပေမယ့် ဂျူးရဲ့ စာအုပ်တွေကို ဒီလို စေတနာ ၊ ဒီလို ဖန်တီးမှုတွေကြောင့်ပဲ ဖတ်ဖြစ်နေမိတာပါ။ ပုဂံကိုတောင် နောက်တခေါက်ပြေးသွားလိုက်ချင်ပါရဲ့ ။ လမ်းတွေပြန်ဖွင့်ရင်တော့ ပထမဆုံးပုဂံကို သွားလိုက်ဦးမှ လို့တွေးထားတာ ဒါဖတ်ပြီး ပိုသွားချင်သွားတယ်..။

ဇာတ်လမ်းမှာ ကျွန်မသာ ကေသီ ဆိုရင်တော့ ကိုယ့်ကို ခပ်ချေချေ နေတတ်တဲ့ ကိန်းခန်းကြီး ယောကျ်ားတစ်ယောက် ကို ကိုယ့်ဖက်က စပြီး ပြန်လိုက်ရှာဖို့တော့ လုံးဝ စိတ်ကူးမိမှာ မဟုတ်တာမို့ မကေသီရဲ့ သတ္တိကိုတော့ လေးစားမိပါရဲ့ ။တဖက်ကလည်း စိတ်ညစ်မိပါရဲ့ ။ ကျွန်မသာ မိုးဝေဆိုလည်း ကိုယ်သဘောကျမိတဲ့ အမျိုးသမီးတယောက်ကို ယောကျ်ားလေးတယောက်အနေနဲ့တော့ ဒီထက် ပိုစိတ်ဝင်စားတဲ့အရိပ်အယောင် ပြမိမှာပဲ။ ကျွန်မသာ ဆရာ ဆိုရင်လည်း ကိုယ်လက်ထပ်မယ့် အမျိုးသမီးရဲ့ ဇာတ်လမ်းကို စိတ်ကူးထဲတင် ထင်ချင်သလိုတွေးထင်မနေပဲ သေချာ စုံစမ်းကြည့်ဖြစ်မယ်ထင်တယ်။

ဖတ်တဲ့သူရဲ့ စိတ်ထဲမှာ တစ်ခုခု ကျန်စေခဲ့တာ ၊ ထက်မြက်ပြီး ပြီးပြည့်စုံကာ ပညာတတ်တဲ့ အမျိုးသမီး ဇာတ်ဆောင်တွေက အချစ်နဲ့ပတ်သက်ရင် သမရိုးကျမဆန်ပဲ သတ္တိရှိပြီးရဲရင့်တယ်ခေါ်ရမလား ..မိုက်ရူးရဲ ဆန်တယ် ခေါ်ရမလား.. အဲ့ဒီလိုမျိုးဖြစ်တာကိုက..ဆရာမစာအုပ်တွေဖတ်ပြီး ခံစားရတဲ့အချက်တွေ လို့ ထင်တာပါပဲ။ ဒီစာအုပ်ထဲမှာ ဒါလည်း ထုံးစံအတိုင်းပဲထင်ပါတယ် :D

"အချက်အလက်" တွေနဲ့တင် ပျင်းရိမသွားစေပဲ ဇာတ်လမ်းအချိတ်အဆက်မိမိနဲ့ ပရိတ်သက်ကို ဆွဲဆောင်ထားတဲ့စာအုပ်တစ်အုပ် ကိုဖတ်လိုက်ရခြင်း မှာ..ကျောက်စာတွေအကြောင်းနဲ့ ပုဂံအကြောင်းကတော့ ကျေးဇူးတင်စွာနဲ့ အမြဲမှတ်မှတ်ရရဖြစ်နေတော့မှာပါ။ဒီအကြောင်းတွေကြောင့်ပဲ ဆရာမ စာအုပ်တွေကို အခွင့်ကြုံရင်ကြုံသလို ဖတ်နေမိဦးမှာပါ။

ဝတ်မှုံလေး (စာကြမ်းပိုး)

Keep Reading

မေတ္တာမဏ္ဍိုင်ဘာကြောင့် စာပေနိုဘယ်ဆုမရသေးတာလဲအပေါ်ယံသမားဟိုလိုလို ဒီလိုလို ဝေလည်လည်အဖေကို ဘာကြောင့်မုန်းတာလဲတဇောက်ကန်းသမားဧကရာဇ်မင်း၏ အတွေးမှတ်စု စာစောင်ငါး (၉-၁၄) ဧကရာဇ်မင်း၏ အတွေးမှတ်စု စာစောင်ငါး (၂၆-၃၂) ဧကရာဇ်မင်း၏ အတွေးမှတ်စု စာစောင်ခြောက် (၁-၁၀) ရှန်ဂရီလာ