Author's Profile Photo

မြသွန်း(တောင်ဒဂုံ)

14/05/2024

?ကိုယ့်ရဲ့ crush လေးက ဒီအချက်တွေကိုလုပ်နေပြီဆိုရင် ကိုယ့်ကိုပြန်ပြီးသဘောကျနေလို့ပါ...

1 min read
Personal Development
General Knowledge
?ကိုယ့်ရဲ့ crush လေးက ဒီအချက်တွေကိုလုပ်နေပြီဆိုရင် ကိုယ့်ကိုပြန်ပြီးသဘောကျနေလို့ပါ...'s photo

?ဒီနေ့မှာတော့မိတ်ဆွေတို့ကို ကိုယ့်ရဲ့crushကပဲဖြစ်ဖြစ်၊ တစ်ခြားသူတစ်ယောက်ယောက်ကပဲဖြစ်ဖြစ် ကိုယ့်ကိုတိတ်တခိုး crush နေတာဟုတ်၊မဟုတ်သိရနိုင်တဲ့ အချက်ကလေးတွေကို sharing လုပ်ပေးသွားမှာဖြစ်ပါတယ်။ ယောကျာ်းလေးတွေနဲ့ မိန်းကလေးတွေရဲ့ crush signs တွေက တစ်ယောက်နဲ့တစ်ယောက်မတူကြတာကြောင့် သပ်သပ်စီခွဲပြီးတော့ပြောပြပေးချင်ပါတယ်။ ပထမဦးဆုံး ယောကျာ်းလေးပဲဖြစ်ဖြစ်၊ မိန်းကလေးပဲဖြစ်ဖြစ် ဒီအချက်ကိုလုပ်နေပြီဆိုရင် အဲ့တာသင့်ကိုသ‌ဘောကျနေပြီဆိုတာ ၉၉%လောက်သေချာတယ်ဆိုပြီး စိတ်ပညာရှင်တွေကပြောပြထားပါတယ်။ အဲ့ဒီအချက်ကတော့ ကိုယ့်ကိုမကြာခဏ ခိုးခိုးကြည့်နေပြီးတော့ ကိုယ်ကပြန်ကြည့်လိုက်ရင် တစ်ဖက်ကိုအမြန်လှည့်သွားတတ်တာပဲဖြစ်ပါတယ်။ ဒါဆိုရင် မိန်းကလေးတွေအတွက် တစ်ခြားကောင်လေးက ကိုယ့်ကိုကြိတ်ပြီးကြိုက်နေတာဟုတ်၊မဟုတ်သိနိုင်မယ့် အချက်တွေကတော့ အခုလိုပါပဲရှင်.. နံပါတ်(၁)ကောင်လေးက ကိုယ့်နားမှာတဝဲလည်လည်လုပ်ပြီး အမြဲတမ်းပြုံးနေတယ်၊ နံပါတ်(၂) ကိုယ့်ကို ခဏခဏလာပြီး စနောက်နေမယ်၊ နံပါတ်(၃) ကိုယ်က တစ်ခြားကောင်လေးနဲ့ရှိနေတာတွေ၊ စကားပြောနေတာတွေကို မနာလိုဖြစ်နေမယ်၊ နံပါတ်(၄)ကိုယ့်ကို အသားချင်းလာထိဖို့အတွက် မကြာခဏအနားကိုရောက်လာ‌တာတွေ၊ နံပါတ်(၅) ကိုယ့်ရဲ့အကြောင်းကို detailသိနိုင်ဖို့စိတ်ဝင်စားနေပြီ၊ အမြဲတမ်းကူညီဖို့အသင့်ရှိနေတယ်ဆိုရင်တော့ သေချာပြီ..မိန်းကလေးကို အဲ့ဒီကောင်လေးက ရင်ထဲမှာတိတ်တခိုးချစ်မိနေလို့ပဲဖြစ်ပါတယ်။

ဒါဆိုရင် ဒီတစ်ခါကောင်လေးတွေအတွက် သူမက ကိုယ့်ကို ကြိတ်crushနေလားဆိုတာကိုသိနိုင်မယ့် အချက်လေးတွေကိုပြောပြပေးပါမယ်။ နံပါတ်(၁) ကိုယ့်ကို ခိုးခိုးပြီးကြည့်နေမယ်၊ နံပါတ်(၂) ကိုယ့်ကို ခဏခဏလာစနေမယ်၊ ရန်ဖြစ်နေမယ်၊ နံပါတ်(၃) ကိုယ်နဲ့စကားပြောနေတဲ့အရှိန်လေးကို ရှေ့ဆက်‌နိုင်ဖို့ ကြိုးစားအားထုတ်နေတာတွေ၊ နံပါတ်(၄) တစ်ခြားကောင်မလေးနဲ့ ကိုယ်ကအတူရှိနေပြီဆိုရင် ရုပ်တည်ကြီးနဲ့ သဝန်တိုပြီးစိတ်ကောက်နေတတ်တာမျိုး၊ နံပါတ်(၅) ကိုယ့်ကို သူမက စိတ်ဝင်စားနေပြီဆိုတဲ့ လက္ခဏာလေးတွေပြပြီးတော့ ရှောင်နေတာမျိုး၊ နံပါတ်(၆) ကိုယ့်နားကိုရောက်ရင် သူမပုံစံက nervousဖြစ်နေတာမျိုး စတဲ့အချက်တွေနဲ့ အဲ့ဒီကောင်မလေးရဲ့ reaction က တစ်ချက်နှစ်ချက်လောက်ငြိနေပြီဆိုရင်တော့ သေချာပြီ.. ကိုယ့်ကိုအဲ့ဒီကောင်မလေးက တိတ်တခိုးချစ်မိနေတာပဲဖြစ်ပါတယ်။

ဒါဆိုရင် စိတ်ပညာကပြောတဲ့ ချစ်သူတွေကြားက စိတ်ဝင်စားစရာဆက်နွှယ်မှုလေးတွေအကြောင်းကိုလည်း sharing လုပ်ပေးချင်ပါတယ်။ ပထမအချက်ကတော့ တစ်ယောက်ယောက်က ရယ်နေရင်းကိုယ့်ကိုခဏခဏလာကြည့်တာက ကိုယ့်ကိုစိတ်ဝင်စားနေလို့ပါပဲ။ နောက်ပြီး ကိုယ့်ရဲ့ဦးနှောက်ထဲမှာ တစ်စုံတစ်ယောက်အကြောင်းကို အမြဲတမ်းမေ့ဖျောက်‌လို့မရဘူးဆိုရင် အဲ့ဒီတစ်ယောက်က ကိုယ့်အကြောင်းကို ‌တွေးနေတာကြောင့်ပါပဲ။ ‌ပြီးတော့ညဘက်အိပ်နေရင်းနဲ့ နိုးလာပြီးပြန်အိပ်မရတော့ဘူးဆိုရင် တစ်ယောက်ယောက်ရဲ့အိပ်မက်ထဲကို ကိုယ်ကရောက်နေတာကြောင့်ပါ။ နောက်ဆုံးတစ်ချက်ကတော့ အဖွဲ့ထဲမှာကိုယ့်ကို စကားအနည်းဆုံးပြောတဲ့သူက ကိုယ့်ကိုသဘောအကျဆုံးလူတစ်ယောက်ဖြစ်နေနိုင်ပါတယ်။ ကဲ..ဒါဆိုရင် အခုပြောပြလိုက်တဲ့အချက်တွေနဲ့ မိတ်ဆွေတို့အပြင်မှာကြုံနေရတဲ့အချက်တွေက ကိုက်ညီမှုရှိတယ်၊ မရှိဘူးဆိုတာကိုလည်း comment ထဲမှာsharing လုပ်ပေးခဲ့ပါဦးနော်...

Keep Reading

မရှုပ်မရှင်း မရှင်းမရှုပ် အပိုင်းတစ်မရှုပ်မရှင်း မရှင်းမရှုပ် အပိုင်းနှစ်စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးစိတ်ရှည်ပါ။မိုက်ရဲ့ အရင်းအနှီးတွေက ဘာဖြစ်မလဲ။ဆီလီကွန်ဗယ်လီမှာ မက်လောက်စရာ အကောင်းဆုံး အလုပ်တန်ရာတန်ကြေးနိယာမအဆန့်အဖျက်အဲလက်ဇ် ဘာဂျာ ဘယ်လိုနည်းနဲ့ ဟောလီးဝုဒ်ထဲ ရောက်ခဲ့သလဲ အပိုင်းနှစ်အကျိုးရှိမယ့်စာအုပ်ပဲဖတ်ပါ