Author's Profile Photo

Max's sharing

13/05/2024

စိတ်၏ အဟန့်အတား( barrier of mental health)

1 min read

"ဗုဒ္ဓစိတ်ပညာရှုထောင့်အရ စိတ်ကျန်းမာရေးကို ထိခိုက်စေတဲ့အရာတွေက ဘာတွေလဲ"

စိတ်အေးချမ်းမှုကို ရှာဖွေရင်း မသိစိတ်ထဲမှာ ကိန်းအောင်းနေတတ်တဲ့ အရာတွေကို ‌ဗုဒ္ဓစိတ်ပညာက အောက်ပါအတိုင်း ဖော်ပြထားခဲ့ပါတယ်။ အဆိုပါအရာတွေဟာ လူတစ်ယောက်အတွက် စိတ်ကျန်းမာရေးကောင်းဖို့ အဟန့်အတားတွေဖြစ်ပါတယ်။

၁။ လိုချင်တပ်မက်မှုများတဲ့စိတ်၊

၂။ရန်လိုမုန်းတီးတတ်တဲ့စိတ်၊

၃။ ပျင်းရိခြင်းနဲ့ ထိုင်းမှိုင်းခြင်းဖြစ်နေတဲ့စိတ်၊

၄။ မတည်ငြိမ် ပျံ့လွင့်ခြင်းနဲ့ စိုးရိမ်သောကဖြစ်နေတဲ့စိတ်၊

၅။ ယုံမှားသံသယဖြစ်နေတဲ့စိတ်။

◾စိတ်ကျန်းမာရေးကို ဟန့်တားဆိုးဝါးစေတဲ့အချက်တွေ ကာကွယ်ဖို့ဆိုရင် ‌စိတ်ပိုင်းဆိုင်ရာလေ့ကျင့်ခန်းဖြစ်တဲ့ meditation တရားထိုင်ခြင်းဟာ အကောင်းဆုံးနည်းလမ်းဖြစ်ပါတယ်။ အနောက်တိုင်း neuroscience ပညာရှင်တွေရဲ့ သက်သေအချက်အလက်များကြောင့် ၎င်းတို့ နိုင်ငံသားတွေ စိတ်ကျန်းမာရေးကောင်းစေဖို့ meditation လုပ်ခြင်းဟာ နေ့စဉ်ဘဝရဲ့ အစိတ်ပိုင်းတစ်ခုအဖြစ်လေ့ကျင့်နေပြီဖြစ်ပါတယ်။ တရားထိုင်ခြင်းဖြင့် မိမိစိတ်အတွင်းဖြစ်ပေါ်နေတဲ့ မကောင်းတဲ့အရာတွေ မဖြစ်လာအောင် ထိန်းချုပ်လာနိုင်ပါတယ်။

မိမိကိုယ်တိုင်ကလည်း အထက်ပါ စိတ်၏အဟန့်အတား(၅)မျိုးကြောင့် နေ့စဉ်ဘဝမှာ ဘယ်လိုမျိုးအနှောင့်အယှက်ဖြစ်စေသလဲ၊ ဘယ်လိုမျိုး ထိန်းချုပ်မလဲ စသဖြင့် မိမိစိတ်ကို ပြန်လည်ဆန်းစစ်ဖို့လိုပါတယ်။



ကိုးကား- ဆရာမကြီးမြမြဆွေ(စိတ်ပညာ) ဘာသာပြန်ထားတဲ့ An introduction to Buddhist Psychology and Counselling.

Ah_Thwin(Max's sharing)
#Mental_health_week

Keep Reading