Author's Profile Photo

အက္ခရာ - Haruki

11/05/2024

ဆိုင်တစ်ခုဖွင့်မယ်ဆိုရင် အရေးကြီးဆုံးအချက်

1 min read
Business
Marketing
Startup
ဆိုင်တစ်ခုဖွင့်မယ်ဆိုရင် အရေးကြီးဆုံးအချက်'s photo

Story of Burma Part-9 ကနေ မျှဝေထားတဲ့ Podcast ကနေတဆင့် Cosmetic (အလှပြင်) ဆိုင်တစ်ခု စဖွင့်မယ်ဆိုရင် စဥ်းစားသင့်တဲ့ အရေးကြီးတဲ့အချက်လေးတွေကို ဖော်ပြပေးလိုက်ရပါတယ်ခင်ဗျာ။ အလှပြင်ဆိုင်မှမဟုတ်ပါဘူး၊ အခြားဆိုင်တွေအတွက်လည်း ဒီထဲက အချက်တွေက အသုံးဝင်မှာပါ။

? - နေရာ

နံပါတ် ၁ အရေးကြီးဆုံးကတော့ နေရာပါ။ ကိုယ့်ရဲ့ဆိုင်နေရာသာ တအားကောင်းမယ်၊ ဖောက်သည်တွေကလည်း အလွယ်တကူသွားလို့ရတဲ့နေရာဖြစ်မယ်ဆိုရင် ကိုယ့်ရဲ့ဆိုင်က Domino Effect လိုကောင်းလာပါတယ်။ အကယ်၍ နေရာမကောင်းဘူးဆိုရင် ဘယ်လောက်ပဲ Business Formula ကောင်းကောင်း ဒီနေရာကို လူတွေကမသွားတဲ့အတွက် ကိုယ့်ဆိုင်က အောင်မြင်ဖို့ အရမ်းခက်ခဲပါတယ်။ ဒါကြောင့် ဆိုင်တစ်ခုစဖွင့်မယ်ဆို နေရာကို နံပါတ် ၁ ဦးစားပေး စဥ်းစားရမှာပါ။

? - ပစ္စည်း

ကိုယ့်ရဲ့ပစ္စည်းတွေကို တန်ဖိုး ထိုက်သင့်သမျှထားပြီး၊ တန်ကြေးအလိုက် ဝန်ဆောင်မှုတွေပေးရမှာဖြစ်ပါတယ်။ လောဘကြီးပြီး ထောင်ဂဏန်းပစ္စည်းကို သောင်းဂဏန်းတင်ရောင်းလို့မဖြစ်ပါဘူး။ နောက်ပြီး စျေးဝယ်သူတွေဟာ ရွေးချယ်မှုများတာကို ပိုကြိုက်ပါတယ်။ ပြောချင်တာက ပစ္စည်းစုံရမယ်ပေါ့။ တစ်နေရာထဲမှာ ကိုယ်လိုချင်တာအကုန်ရှိနေတဲ့ဆိုင်ကို မကြိုက်ဘဲနေမလား။

? - Marketing

Marking ဆိုတာက ကြော်ငြာတွေလုပ်မလား။ ဘယ်လိုလုပ်မှာလဲ။ ဘယ်လောက် စရိတ်သုံးမှာလဲ။ ဘယ်လိုမျိုး အဆင့်တွေနဲ့သွားမှာလဲ စတဲ့အချက်တွေကို သေချာစဥ်းစားရမှာဖြစ်ပါတယ်။ ကြော်ငြာတစ်ပုဒ်ကြောင့် ပေါက်သွားတဲ့ဆိုင်တွေ၊ ပစ္စည်းတွေလည်း အများသားမဟုတ်လား။

? - Cash flow

နောက်ဆုံးအချက်လည်းဖြစ်၊ မေ့ထားလို့လည်းလုံးဝမရတဲ့အရာလေးကတော့ Cash flow ဆိုတဲ့ ငွေကြေးလည်ပတ်မှုပါ။ ကိုယ်ရဲ့ဆိုင်အမျိုးအစားပေါ်မူတည်ပြီး ငွေကြေးလည်ပတ်မှုအပေါ် အာရုံစိုက်ရမှာဖြစ်ပါတယ်။ ကိုယ်ကအရင် ဆိုင်ငှားဖို့၊ ပစ္စည်းတွေတင်သွင်းဖို့၊ ဝန်ထမ်းခေါ်ဖို့၊ လေ့ကျင့်ပေးဖို့ စတာတွေအတွက် အချိန်နဲ့ ငွေကြေးကို ရင်းနှီးရမှာပါ။

Cash flow ကောင်းမကောင်းဆိုတာကလည်း ကိုယ့်အပေါ်မှာမူတည်ပါတယ်။ ကိုယ့်ရဲ့ Business Plan ဘယ်လောက်ကောင်းလဲ၊ ဘယ်လောက်အချိန်ပေးနိုင်လဲ၊ ဘယ်လောက် Idea ကောင်းတွေရှိလဲဆိုတဲ့အပေါ်တွေမှာပေါ့။ Team ကလည်းကိုယ့်ရဲ့အလုပ်ကို အောင်မြင်အောင် ပံ့ပိုးပေးမှာပါ။ အောင်မြင်နေတဲ့ လုပ်ငန်းတိုင်း Team တွေကောင်းကြတာကြီးပါပဲ။

? Story of Burma Podcast မှတဆင့်လည်း နားဆင်နိုင်ပါတယ်ခင်ဗျာ။

Youtube ?

https://youtu.be/evliRGQ_O6I?si=UzxnRg0KIyJmD90j

Facebook ?

https://www.facebook.com/share/v/5U7cquGtHfbEswn3/?mibextid=oFDknk

နွေဦးအက္ခရာ

Keep Reading

အလွယ်တကူအောင်မြင်နိုင်တဲ့ တနိုင်ကိုယ်ပိုင်လုပ်ငန်းငယ်လေး အရင်းအနှီးနဲ့ တည်ဆောက်ထားတဲ့ ဘဝရည်မှန်းချက်ပန်းတိုင်ချမ်းသာဖို့အတွက် ဘာလိုသလဲစျေးကွက်ထဲမှာ ဦးဆောင်တဲ့သူဖြစ်ဖို့ အရေးကြီးတဲ့ အချက်တစ်ချက်Product တွေ ရောင်းထွက်စေမယ့် နည်းလမ်းတစ်ခုအလုပ်ထွက်ဖို့ စဉ်းစားနေပြီလားရှယ်ယာခေါ်တဲ့ ကိစ္စကို လုပ်ငန်းရှင် အနေနဲ့စဉ်းစား ကြည့်ရအောင်။ ငွေမစုတဲ့ သူဌေးများငွေကြပ်တည်းမှုPersonal Finance အရ စတင် တည်ဆောက်ချိန်