SarPhat Author
"တကယ်တော့ လူအများစုဟာ အမှန်တရားကို
လက်ခံချင်ကြာတာ မဟုတ်ပဲ သူတို့ယုံကြည်တာကိုသာ
အမှန်တရားရယ်လို့ တရားသေ စွဲကိုင်ချင် ကြတာပါ"
အမှား၊အမှန်ဆိုတာ အများအားဖြင့် ဆိုင်ရာ လူ့အဖွဲ့အစည်းတွေရဲ့ ယဉ်ကျေးမှုနှင့် ဓလေ့ထုံးတမ်းစဉ်လားများအပေါ်တွင် လုံးလုံးလျားလျားမူတည်နေတဲ့ အစဉ်အလာကို တွယ်ဖက်သော ဝါဒ( Conventionalism) တစ်ခုဖြစ်မှိုင်းမသိဖြစ်နေရတာပါ။ ယဉ်ကျေးမှုတစ်ခုက မကောင်ဘူးလို့ခံယူထားသောဓလေ့ဆိုးတစ်ခုကို အခြားယဉ်ကျေးမှုတစ်ခုက သာမန်အရေးအနေနှင့် လက်ခံထားကြတာတွေရှိတယ်။
ယနေ့ခေါတ်မှာ အမှားနှင့်အမှန်၊အဆိုးနှင့်အကောင်း ဆိုတာ ဆိုင်ရာ၊ဆိုင်ရာ ယဉ်ကျေးမှုတို့အပေါ် မူတည်ပြီး ပေါ်ပြူလာဖြစ်နေကြတာပါ။ ယဉ်ကျေးမှုတစ်ခုက အခြားယဉ်ကျေးမှုတစ်ခုထက် သာတယ်၊နာတယ် စသဖြင့် ကျင့်ကြံပြုမူပုံကအစ၊ တစ်ချို့ဓလေ့စရိုက်တွေကို စက်ဆုတ်ဖွယ်၊ ထိတ်လန့်ဖွယ် ကောင်းကြောင်း ပြောကြ၊ဆိုကြရင် မခံချင်ကြ၊ မလိုလားကြ။ ပြောမိပြန်ရင်လည်း ယဉ်ကျေးမှုဆိုင်ရာအရ အပုတ်ခတ်ပြောဆိုတယ် ဆိုပြီးတံဆိပ်ကပ်ကြတယ်။ ပိုဆိုးတာတောင် ရှိကြသေးတယ်။ တစ်ချိုဆိုရင် အသက်ခံကြရတယ်။ ဒါဆိုရင် ဒီလိုစံနုန်းစရိုက်ချင်မတူကြတာကို မျက်ကွယ်ပြုထားရင် ဘာတွေဆုံးရှုံးမှာလည်း။
ရှင်းရှင်းပြောရရင် နှိုင်းရ သဘောတရားဝါဒီတွေမှာ အဇ္ဈတ္တဝါဒီ(ဘက်လိုက်တတ်သူ)တွေ နှင့် အစဉ်အလာကို တွယ်ဖက်တွယ်သူတွေ ဆိုပြီး နှစ်မျိုးနှစ်စားရှိကြပါတယ်။ဘက်လိုက်သူတွေ(အတ္တဝါဒီ)က ပြင်ပ ပေယာဂမပါပဲ ကိုယ်တိုင် ဖန်တီးလုပ်ယူထားသော တန်ဖိုးနှင့်ကိုယ်ကျင့်တရားတို့ကို ယုံကြည်ကြသူတွေဖြစ်တယ်။
#ကျွန်တော်တို့တွေဟာ ကိုယ့်ရဲ့ ကိုယ်ပိုင်စံတန်ဖိုးတွေကိုသာ အထင်ကြီးအောင် ချပြနေခြင်သာဖြစ်ပါတယ်။
ဘက်လိုက်သူတွေက မင်းမှာလည်းစံတန်ဖိုးတွေရှိသလို့ ငါ့မှာလည်း စံတန်ဖိုးတွေ ရှိတာပဲလို့ စောဒကတက်ကြပါလိမ့်မယ်။ ဒါဟာ ဘာမှားလို့လည်း အဆင်ပြေတာပဲလေ။ '' ဆိုပြီးပြောကြတယ်။
အစဥ်အလာကို ဖက်တွယ်သူတွေကျပြန်တော့လည်း ငါတို့ရဲ့ကိုယ်ကျင့်တရားဟာ လူ့အဖွဲ့အစည်း၊ ယဉ်ကျေးမှုတွေ နှင့် သမိုင်းဆိုင်ရာ စံနှုန်းတွေကနေ ဆင်းသက်လာတယ်လို့ ငြင်းကြခုန်ကြတယ်။ သူတို့က အမှားနှင့်အမှန်ဆိုတာ မိရိုးဖလာ ရိုးရာထုံးတမ်းစဉ်လာများနဲ့ ရှုမြင်ကြတယ်။
ကမ္ဘာတစ်ဝှမ်းက အမျိုးမျိုးအဖုံဖုံ ကိုယ်နဲ့သဟဇတမကျတဲ့ အပြုအမူတွေကို များများမြင်လေ၊ အထူးအဆန်းသဖွယ်ဖြစ်လေ ဆိုတာကို ကမ္ဘာပတ်ကောင်းတဲ့ ဘယ်ခရီးသွား မဆို ကောင်းကောင်းသိကြတယ်။ သို့သော်လည်း ယဉ်ကျေးမှုခြင်းမတူလို့ဆိုပြီး ကိုယ်ရဲ့ယဉ်ကျေးမှုဓလေ့စရိုက်ကို စွန့်လွတ်ဖို့ဆိုကျတော့ မယုံကြည်နိုင်လောက် ခက်နေကြပြန်ရော။
ဟီရော့ဒိုးတပ်က ကမ္ဘာပေါ်က ဓလေ့အစဉ်အလာတွေနှင့်ပတ်သက်လို့ မေးကြည့်လိုက်ရင် စိတ်ပျက်ဖို့လည်းကောင်းတယ်၊ စိတ်ဝင်စားဖို့လည်းကောင်းတယ် လို့ဆိုပါတယ်။ BC ၅ရာစုခေါတ်က လူတွေရဲ့ချွတ်ယွင်းချက်တွေဟာ ခဏခဏ အူတက်အောင်ရယ်စရာတွေလည်းဖြစ်နေပါတယ်တဲ့။ လူတွေဟာ သူတို့ကိုသူတို့ ဟုတ်လှပြီထင်နေကြတာ ။ ကိုယ့်အယူအဆကိုကိုယ်တိုင်ကချီးမွန်းရင်း အမြဲလိုလိုအဆုံးသတ်တတ်ကြတယ်။ တစ်ယောက်ထက် တစ်ယောက်က သာတယ်၊ ကြီးမြတ်တယ်လို့ အယုံသွင်းကြတယ်။
နယ်သစ်၊မြေသစ်တစ်ခုမှာ မမြင်ဖူးကြုံဖူးမှသိဆိုသလို အိမ်ပြန်ရောက်တဲ့အခါတိုင်း မိတ်ဆွေအပေါင်းအသင်းတို့အား ထူးဆန်းပြီးဆန်းကြယ်လှကြောင်း ပြောမဆုံဘောင်တောသုံတောင် လုပ်နေကြတုန်းပါပဲ။
ဟီရော့ဒိုးတပ်က သူရဲ့ထောက်ပြချက်ကို ပိုပြီးပြည့်စုံအောင် ပါရှန်ဧကရာဇ် ဒါရီယပ်စ် နှင့် ပတ်သက်သည့် ဇာတ်လမ်းတစ်ပုဒ်ကို ဥပမာပေး ပြောထားပါတယ်။
ဒါရီယပ်စ်ဟာ သူ့ဖမ်းဆီးရမိတဲ့ ဂရိသုံ့ပန်းတွေကို သေ ဆုံးသွားကြတဲ့ သူတိို့ ဖခင်တွေ ရဲ့အလောင်းကိုစားရင် အပြန်အလှန်အားဖြင့် ဆုငွေချီးမြင့်မယ်လို့ ပြောတော့၊
ဂရိသုံ့ပန်းတွေက စားလည်းမစားဖူး ၊ ဘယ်တော့မှလည်း စားမှာမဟုတ်ဘူးဆိုပြီး ပြန်ပြောကြတယ်။ ဂရိတိုရဲ့ စျာပနထုံးစံအရ အလောင်းများကို စနှစ်တကျ မီးသင်္ဂြိုလ်လေ့ရှိကြတယ်။ တဖန် ဒါရီယပ်စ်က အိန္ဒိယက သုံ့ပန်းတွေခေါ်ပြီး
'' မောင်မင်းတို့ရဲ့ သေဆုံးသွားတဲ့ ဖခင်တွေရဲ့ ရုပ်အလောင်းကို မီးသင်္ဂြိုလ်ရင် ပိတ်ဆံပေးမယ် ဘယ့်နည်လဲ'' လို့မေးတော့ အိန္ဒိယသုံ့ပန်းတွေဟာ တုန်လှုပ်ချောက်ခြားသွားကြပြီး ဒါဟာ ဘာသာရေးကို သက်သက်မဲ့ စော်ကားလိုက်တာပဲဆိုပြီး ငွေပေးတာ လုံးဝ မယူကြပါဘူး တဲ့။
ဒီနေရာမှာ ဟီရော့ဒိုးတပ်ရဲ့ ဆိုလိုတာက လူမျိုးတစ်မျိုးရဲ့ အကြီးမားဆုံး မလုပ်အပ်တဲ့အရာဟာ အခြားလူမျိုးတစ်မျိုးအတွက်တော့ သာမန်အဆင့်လောက်ပဲ သဘောထားကြတယ် ဆိုတာပါပဲ။ လူတွေ မွေးဖွားရာဒေမတူကြရင် လိုက်နာတဲ့ ကိုယ်ကျင့်တရားဆိုင်တွေလည်းမတူကြတော့ပါဘူး။
#အစဥ်အလာကိုဖပ်တွယ်တဲ့ ဝါဒရဲ့ ပြသနာက
ယဉ်ကျေးမှုနဲ့ နှိုင်းပြောရရင် အခြားယဉ်ကျေးမှုတစ်ခုရဲ့ မေးခွန်းထုတ်စရာ ထုံစံတွေကို အပြစ်တင်ဝေဖန်ထောက်ပြကြတာမျိုး မြင်တွေ့ရခက်ပါတယ်။ အမှားနှင့် အမှန်ဆိုတာ လူ့အဖွဲ့အစည်တွေက တစ်ခဲနက် သတ်မှတ်လိုက်ကြတာလို့ အဟုတ်တကယ် ယုံကြည်ပြန်ရင်လည်း ကလေးယစ်ပူဇော်ပသခြင်းကအစ ကပ်ကြီးဆိုက်တဲ့အထိ ရက်စက်မှုဟူသမျှတို့ကို အမှန်တွေပါပဲလို့ ဝန်ခံလိုက်ရမှာပဲဖြစ်ပါတယ်။
နိုင်ငံတစ်နိုင်ငံမှာ ဟိုးကတည်းကပင် အမျိုးသမီတွေရဲ့ လိင်အင်္ဂါ ဖြတ်တောက်ကြတဲ့အလေ့အထတစ်ခု ရေပန်းစားနေပြီးသားဆိုရင် လက်ရှိမြေပြင်အနေအထားအရ မှားတယ်လို့ မပြောကြတော့ပါဘူး။ ယဉ်ကျေးမှုတစ်ခုမှာ အရွယ်မရောက်ခင်လက်ထပ်ပေးတာ သို့တည်းမဟုတ် မြီးကောင်ပေါက်အရွယ်မတိုင်မီ တရားဝင်လိင်ဆက်ဆံနိုင်တဲ့အရွယ်အဖြစ် လက်ခံ ကျင့်သုံးရင် ဒါဟာ သူ့ယဉ်ကျေးမှု သူ့ထုံစံအရ လုပ်ကြတာလို့ ပြောရုံပဲရှိတော့တယ်။ ထင်သာမြင်သာတဲ့ ဥပမာတစ်ခုပေးရရင် တာလီဘန်တွေ ၊အဖဂန်မူဆလင်တွေရဲ့ ဓလေ့အတိုင်း အမျိုးသမီးတွေကို ဖိနိတ်ချုပ်ချယ်ပြီး လွတ်လပ်စွာပြောဆိုခွင့်တွေကို ပိတ်ပင်တားဆီလိုက်ရင် တာလီဘန်တွေကို ဝေဖန်အပြစ်တင်ရတဲ့ အကြောင်းပြချက်ကဘာလည်း။
ဒီကစ္စနှင့်ပတ်သက်လို့ ဝေဖန်ချက်ပေးကြတာ သိပ်ပြီးများများစားစား မရှိကြပါဘူး။ တစ်နည်းအားဖြင့် နိုင်ငံရေးမူဝါဒအရ ရေငုံနှုတ်ပိတ်နေတာလည်းဖြစ်နိုင်တယ်။
ဒီသီအိုရီမှာ အမှားနဲ့အမှန် ၊တရားမျှတမှုနှင့် ဂုဏ်သိက္ခာဆိုင်ရာ စံပြအယူအဆတွေ ပါဝင်နေပြီး အပြည်ပြည်ဆိုင်ရာ ဆက်ဆံရေးတွေမှာ လွယ်လင့်တကူ ကျင့်သုံးတာမျိုးမရှိပေ။ နိုင်ငံအချင်းချင်းစစ်ခင်းကြတဲ့အခါမျိုးတွေမှာ လူလူချင်း ''အကျင်နာမဲ့ လုပ်ရပ်တွေ'' '' ကြီးနိုင်ငယ်ညှင်းလုပ်ရပ်တွေ ဒါတွေဟာ တောတွင်းဥပဒေကိုကျင်သုံးတဲ့ ပုံစံပဲဖြစ်ပါတယ်။
ဒါဟာ ယုတ္တိအမှားပေါ်မှာ အခြေခံထားခြင်းသာဖြစ်ပါတယ်။ ကြေနပ်ဖွယ်လည်းမရှိပါ။ တစ်ချို့ မှားယွင်းနေတဲ့ ယုံကြည်ချက်တွေ ၊ ကျင့်သုံးနေကြတာတွေကို ကယ်တင်ကြတာပဲဖြစ်ဖြစ်၊ ကဲရဲပြစ်တင်ကြတာပဲဖြစ်ဖြစ်၊ ဘယ်အချိန် ၊ဘယ်နေရာမှာပဲဖြစ်ဖြစ် ကျွန်ုပ်တို့အအနေနဲ့ လူ့ကျင့်ဝတ်တွေနဲ့မအပ်စပ်တဲ့ ဒီလို အကြွင်းမဲ့အာဏာ စနှစ်မျိုးကို တစ်မျိုးမျိုးနှင့် ပြောင်းပြန်လှန်ပစ်ဖို့လိုအပ်ပါတယ်။ ဒါဟာ ငြင်းခုန်နေလို့လည်း ပြီးလာမှာတော့ မဟုတ်ပါဘူး။ ဆိုခဲ့တဲ့အတိုင်း မရမနေလုပ်မယ်ဆိုရင် ဘယ်နည်းနှင့်ပဲ ဖြစ်ဖြစ်၊ ဓမ္မဓိဌာန်ကျကျ လူ့ကျင့်ဝတ်နှင်အညီ လူအများက လက်နိုင်လောက်အောင် ပြင်းပြင်ထန်ထန် ဝေဖန်ကြဖို့လိုအပ်ပါတယ်။ မြေပြင်အနေအထားရ ခင်ဗျားရဲ့နည်းလမ်းက အလုပ်ဖြစ်နိုင်ပါ့မလားလို့ မေးလာရင် ဖြေကြားပေးဖို့လည်းလိုအပ်ပါတယ်။ တကယ်တော့ ဘာသာရေးဟာ တစ်လမ်းမှောင်းသာဖြစ်ပါတယ်။ ဘာသာတရား မရှိရင် ဘာဖြစ်မှာလည်း။
ဒါဟာ စူးငြောင့်ခလုပ်များတဲ့ ကိစ္စတစ်ရပ်ပါ။ ဒါပေမည့်
တာလီဘန်တွေက လိမ်ညာကောက်ကျစ်ပြီး ကြိုးကိုင်ခြယ်လှယ်ထားတဲ့ သတင်းစာရှင်းလင်းပွဲမှာ ထုပ်ဖော်ပြောဆိုတာနှင့်ပတ်သင့်လို့ အများစုလက်ခံဖို့ခက်တဲ့ Moral Relativism အားနည်းမူတွေ အများကြီးတွေ့ရပါတယ်။ Moral Relativism ဆိုတာ အလွယ် အဓိပ္ပာယ်ပြန်ရမယ်ဆိုရင် လောကကြီးမှာ အကြွင်းမဲ့ မှန်တယ်မှားတယ်ဆိုတာမရှိ၊ အမှားအမှန်ဆိုတာ Standpoint ခေါ် လူရဲ့ လက်ခံယုံကြည်မှု ရှုထောင့်အပေါ်မှာ တည်တယ်လို့ ဆိုရပါမယ်။
Jonny Thomson, a teacher of philosophy in Oxford ရဲ့ Enough moral relativism: some cultures are worse than others ဆောင်းပါးကို မှီငြမ်းရေးသားပါသည်။
Keep Reading