အက္ခရာ - Haruki
ကျွန်တော်ဖတ်စေချင်သော စာအုပ်လေးများ
စာဖတ်သူလေးရော ဘာစာအုပ်တွေ လက်ရှိဖတ်ဖြစ်နေပါသလဲခင်ဗျာ။ ကျွန်တော်လည်း စာတွေဖတ်နေတဲ့သူဆိုတော့ ဒီလထဲမှာ ကျွန်တော်ဖတ်ခဲ့တဲ့စာအုပ်တွေထဲကနေ စာဖတ်သူလေးတို့ကိုဖတ်စေချင်တဲ့ စာအုပ်လေးတွေကို စာအုပ်လင့်လေးတွေနဲ့အတူ ဒီဆောင်းပါးလေးမှာပြောပြပေးလိုက်ပါတယ်။
အသိတွေအများကြီးနဲ့ စာဖတ်သူလေးကိုအကျိုးတွေအများကြီး ရရှိစေမှာပါ။ ဖတ်ဖို့ကိုလည်း အကြံပေးလိုပါတယ်ခင်ဗျာ။
?မေတ္တာရှင်မလေးပေါ်လီယာနာ ( ထင်လင်း )
စာဖတ်သူလေးက ကိုယ့်ရဲ့ ဘဝကြီးကို ပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းချင်တဲ့သူဆိုရင် ဒီစာအုပ်လေးက စာဖတ်သူလေးကို ခွန်အားပေးမိစေမှာပါ။ ဒီဝတ္ထုလေးထဲက ပေါ်လီယာနာရဲ့ " စိတ်ညစ်မှုတွေကနေပျော်ရွှင်ခြင်းကိုရှာဖွေခြင်း " ဆိုတဲ့ဂိမ်းလေးကို ကစားကြည့်ပါ။
ကိုယ့်တစ်ဘဝလုံး အမုန်းအတေးတွေမရှိဘဲ လူတွေနဲ့ ဆက်ဆံရေးကောင်းလာပါလိမ့်မယ်။ ကိုယ့်ဘဝလေးဟာလည်း အေးချမ်းပြီး ပျော်ရွှင်စရာဘုံကမ္ဘာလေးတစ်ခုဖြစ်လာမှာပါနော်။ ဒီစာအုပ်လေးကိုဖတ်ရှုလိုက်ခြင်းဖြင့်၊ ပျော်ရွှင်မှုရှာဖွေခြင်းဂိမ်းလေးကစားခြင်းဖြင့် ဘယ်လောက်ပဲအခက်အခဲတွေ၊ စိတ်ညစ်စရာတွေပဲ ကြုံကြုံ၊ အကောင်းတွေးတတ်၊ မြင်တတ်လာပြီး၊ အခက်အခဲတွေနဲ့အတူ ပျော်ရွှင်လာစေမှာပါခင်ဗျာ။
? - https://t.me/black_white_Library/1558/7421
———————————————————
?ပန်းခြံနှင့် ဥယျာဥ်မှူး ( နေဗလ် )
ဆရာမ နေဗလ်ရဲ့စာအုပ်လေးတစ်အုပ်ဖြစ်ပြီး အချစ်ရေးနဲ့ပတ်သတ်တဲ့ မှန်ကန်တဲ့အတွေး၊ အမြင်လေးတွေကို ရရှိစေမှာပါ။ အချစ်ကိုစတင်တတ်တဲ့ ဆယ်ကျော်သက်ကနေစပြီး လူကြီးတွေထိဖတ်လို့ရပါတယ်။
Relationship တစ်ခုမှာကြုံတွေ့နိုင်တဲ့အရာလေးတွေ၊ ထင်မြင်နေတဲ့အလွဲမှားလေးတွေနဲ့ အချစ်ကိုရှာဖွေခြင်းလေးတွေနဲ့ ပတ်သတ်ပြီးလည်း ပြောပြပေးထားသလို အခြားသူကို မချစ်ခင် မိမိကိုယ်ကိုအရင်ချစ်တတ်ဖို့၊ အခြားသူဆီက အချစ်ကိုမယူခင် ကိုယ်ကအရင်ပေးဖို့ စတဲ့ ကိုယ့်ဘက်ကလိုအပ်တဲ့အရာလေးကိုပါ ပြောပြပေးထားပါတယ်။
အချစ်ဆိုတာ... လူတိုင်းနဲ့ပတ်သတ်တဲ့အရာမလို့ လူတိုင်းလူတိုင်း ဖတ်သင့်ပါတယ်။ ဒီစာအုပ်ဖတ်ပြီး၊ လက်တွေ့ကျင့်သုံးလိုက်နာမယ်ဆိုရင် ကောင်းမွန်တဲ့ Relationship တွေဖန်တီးနိုင်မှာ အသေအချာပါပဲခင်ဗျာ။
? - https://t.me/black_white_Library/7127/7234
———————————————————
?ကျွန်တော်နှင့် ပန်းကလေးများ ( စိုးထိုက် )
မြန်မာနိုင်ငံမှာ ကြုံတွေနေရတဲ့ သက်ငယ်မုဒိမ်းမှုတွေကို ရင်နင့်စွာဖော်ပြထားတာပဲဖြစ်ပါတယ်။ ဆရာစိုးကတော ကျွန်တော်တို့ မြန်မာတွေ Sex Education နဲ့ပတ်သတ်ပြီး အသိပညာပေးဖို့လိုအပ်နေတာကိုလည်း ပြောချင်နေတာပါ။
ဒီစာအုပ်ဖတ်ပြီးရင်တော့ ငါတို့နိုင်ငံအဲ့လောက်တောင်ဆိုးတာလား၊ ငါတို့မှာ sex education သင်ဖို့လိုအပ်နေတာပါလား၊ ငါတို့မြန်မာတွေ အမြင်တွေလွဲမှားနေကြပါလား ဆိုတဲ့မေးခွန်းတွေ မေးမိမှာအသေချာပါပဲ။
ဒီစာအုပ်ဖတ်ပြီးရင် အခြားသူတွေအဖြစ်ကနေ သင်ခန်းစာယူနိုင်မယ်။ ကိုယ်တိုင်လည်းကြုံတွေ့လာတဲ့အခါ ဘယ်လိုဖြေရှင်းရမလဲသိလာမယ်၊ ဘယ်လိုကြိုတင်ကာကွယ်ရမလဲဆိုတာ တွေးတတ်လာမယ်၊ ကိုယ့်ဘာသာ Sex Education ကိုလေ့လာဖို့လည်း ကြိုးစားမိပါလိမ့်မယ်။ ( အသက်ငယ် ၁၅ နှစ်အောက်ကလေးတွေတော့ မိဘ၊ အကြီးအကဲနဲ့အတူ ဖတ်ဖို့ပြောထားပါတယ်။ )
? - https://t.me/black_white_Library/7127/8416
နွေဦးအက္ခရာ ( May 11 , 2024 . 9:45 AM )
Keep Reading