Author's Profile Photo

Max's sharing

7/05/2024

Fear and Insecurity

1 min read
Personal Development
Health
Fear and Insecurity's photo

မိမိရဲ့ရန်သူဟာ မိမိရဲ့စိတ်
" ကြောက်စိတ်ကြောင့်လက်လွှတ်လိုက်ရတာတွေရှိခဲ့ဖူးတယ်"တဲ့။
လူသားတိုင်းကတော့ ကြောက်စိတ်ကိုယ်စီနဲ့ ရှေ့ဆက်နေရတာပါပဲ။ အဲဒီ ကြောက်စိတ်ကြောင့်ပဲ စိတ်လုံခြုံမှုတွေလျော့လာမယ်၊ ယုံကြည်မှုတွေလျော့နည်းလာမယ်။ ဒါပေမယ့်လည်း ကြောက်စိတ်ဆိုတာအရာကြီးက အဝေးတစ်နေရာကနေလာတာမဟုတ်ဘဲ ကိုယ်ရဲ့စိတ်ထဲကနေ ဖြစ်ပေါ်လာတဲ့ အရာတစ်ခုပဲဖြစ်ပါတယ်။
လူတွေပြောနေကြတဲ့ "ထိန်းချုပ်လို့ရတဲ့အရာနဲ့ ထိန်းချုပ်လို့မရတဲ့ဟာ" ကြောက်စိတ်ဆိုတာကလည်း ကိုင်တွယ်ထိန်းချုပ်လို့ရတဲ့အရာတစ်ခုဖြစ်နိုင်ပါတယ်။( စိတ်ပိုင်းဆိုင်ရာအရ)
ဥပမာ။ ကျောင်းသားတစ်ယောက် စာသင်ခန်းထဲ စိတ်မလုံမခြုံနဲ့ ကြောက်စိတ်ဝင်နေတာ သူရဲ့ မိသားစု၊‌ နေတဲ့ပတ်ဝန်းကျင်နဲ့အများကြီးသက်ဆိုင်မှုရှိပါတယ်။ အဲဒါတွေက သူတို့ရဲ့စိတ်ကို self-esteem ကိုလျော့ကျစေပြီး ကိစ္စတစ်ခုဖြစ်လာတဲ့အခါ လွယ်လွယ်နဲ့ရှုံးပေးတတ်ပါတယ်။

ငယ်ရွယ်တုန်းမှာ ကြောက်စိတ်ဝင်တာ သဘာဝအရဖြစ်တတ်ပေမဲ့ အရွယ်ရောက်လာတဲ့ သူတစ်ယောက်ရဲ့ စိတ်ပိုင်းဆိုင်ရာရင့်ကျက်မှုအရ အရာရာတိုင်းကို ကြောက်စိတ်နဲ့ကြည့်လို့မရတော့ပါဘူး။

?လုပ်နိုင်မယ် အရာလေးတွေကို စလုပ်ပါ။ ( စာဖတ်တာမျိုး၊ ဟင်းချက်တာမျိုး၊ လူကြီးတွေနဲ့စကားပြောတာမျိုး)
အဲလို လုပ်တာက လုပ်နိုင်တယ်ဆိုပြီး ယုံကြည်မှုတည်ဆောက်လာနိုင်ပါတယ်။
?စိတ်ကလုပ်ချင်ပေမယ့် မရဲတရဲဖြစ်နေတဲ့အရာလေးတွေကို မှားချင်မှား ဆိုပြီး လုပ်ကြည့်ပါ( speaking လေ့ကျင့်ဖို့ နိုင်ငံခြားသားတွေနဲ့ စကားသွားပြောတာမျိုး/ သီချင်းဆိုပြီး လိုင်းပေါ်တင်တာမျိုး)
? တစ်ခုခုကို လုပ်ရမှာရှက်ကြောက်နေရင် ကိုယ့်ကိုယ်ကို ပြန်မေးရမယ့် မေးခွန်းက

" ငါလုပ်နေတာ သူတစ်ပါးကို ထိခိုက်နနစ်နာစေတဲ့ အကုသိုလ်အလုပ်မှ မဟုတ်တာ" ဒီလို self talk ပြောခြင်းဖြင့် မိမိရဲ့ စိတ်ဟာ ပိုလွတ်လပ်ပေါ့ပါးလာပြီး ယုံကြည်မှုတည်ဆောက်လာနိုင်ပါတယ်။


Thanks ?
AH_Thwin( Max's sharing)


Keep Reading

စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးစာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်းအရင်းအနှီးနဲ့ တည်ဆောက်ထားတဲ့ ဘဝရည်မှန်းချက်ပန်းတိုင်တစ်ကိုယ်ရည်ငွေကြေးဆိုင်ရာ ထားရှိသင့်တဲ့ အပြုအမူတွေ… အပိုင်း (၅)စာစောင်သုံးဆယ် - အရင်းအမြစ်ပြည့်စုံခြင်းPersonal Finance Levelsငွေကြပ်တည်းမှုစာစောင်သုံးဆယ့်နှစ်-ကိုယ့်ကိုယ်ကိုယ်နှစ်သိမ့်ခြင်းဖြစ်နိုင်ပါ့မလား?စာစောင်သုံးဆယ့်ကိုး - အကြီးမားဆုံးဆုလာဘ်