Author's Profile Photo

Hnin

7/05/2024

လဲကျလို့မရဘူး ရှေ့ဆက်ရအုန်းမယ်

1 min read
Personal Development
General Knowledge
18 Again
လဲကျလို့မရဘူး ရှေ့ဆက်ရအုန်းမယ်'s photo
ငါတို့တွေ ကံအကြောင်းထောက်မလို့ လူ့ဘဝရောက်လာခဲ့ပြီ...မြတ်စွာဘုရားဟောကြားတဲ့ ရခဲလှတဲ့ လူ့ဘဝကို တန်ဖိုးရှိစွာဖြတ်သန်းရမယ်။
  • အတိတ်.. စာအုပ်တစ်အုပ်လိုဘဲ ရှေ့စာရွက်တွေကိုဘဲ လှန်ပြီးတော့ ဖတ်သွားရမယ်။နောက်ပြန်လှန်လို့မရဘူး။
  • လက်ရှိ.. စာအုပ်တစ်အုပ်လိုဘဲ အခုရောက်နေတဲ့စာမျက်နှာလေးကနေ ရှေ့ဆက်ဖို့ဘဲရှိတယ်။ဒီစာမျက်နှာမှာဘဲ နေလို့မရဘူး။
  • အနာဂတ်.. စာအုပ်တစ်အုပ်လိုဘဲ ရှေ့စာမျက်နှာတွေမှာဘာအကြောင်းတွေရှိမလဲ။ဘယ်လို စိတ်ဝင်စားမှုတွေရှိလဲမလဲဆိုတာ မသိတဲ့အတွက် ရှေ့ကိုဆက်ပြီးဖတ်ရမယ်။
  • အဓိကက အနာဂတ်ပါဘဲ ။လက်ရှိပင်ပန်းလား အနာဂတ်မှာ လှပတဲ့အရာလေးတွေရှိနေသေးနိုင်တာမို့ ငါတို့ဆက်ပြီး မျှော်လင့်ချက် ကိုယ်စီနှင့်ရှေ့ဆက်ရမှာဘဲ။ပြီးတော့ လက်ရှိနေရာလေးမှာဘဲ လဲကျသွားလို့မရဘူး။
  • မိဘတွေမွေးခဲ့ပေးတာ သူများပြောတိုင်း၊ဘဝမှာ ခက်ခဲတဲ့အချိန်တိုင်း လဲကျသွားဖို့မဟုတ်ဖူး။
လဲကျနေတာလား မဖြစ်သေးဘူးနော၊ပြန်ထရမယ် ငါတို့ရှေ့ဆက်ရမဲ့ လမ်းတွေ အများကြီးကျန်သေးတယ်။ လေတိုက်တိုင်းသာ အပင်တွေလဲကျသွားမယ်ဆိုရင် လောကကြီးမှာ ဘာအပင်မှရှင်သန်နိုင်မှာမဟုတ်ဖူး။
Hnin(7.5.2024)12:50PM

Keep Reading

မရှုပ်မရှင်း မရှင်းမရှုပ် အပိုင်းတစ်စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးစိတ်ရှည်ပါ။မိုက်ရဲ့ အရင်းအနှီးတွေက ဘာဖြစ်မလဲ။ဘယ်လုပ်ငန်း နယ်ပယ် အရင်းအနှီး ဈေးကွက်ထဲကို ရောက်နေသလဲဆိုတာ အရင်သိအောင်လုပ်ပါ။ဆီလီကွန်ဗယ်လီမှာ မက်လောက်စရာ အကောင်းဆုံး အလုပ်တန်ရာတန်ကြေးနိယာမအဆန့်အဖျက်အဲလက်ဇ် ဘာဂျာ ဘယ်လိုနည်းနဲ့ ဟောလီးဝုဒ်ထဲ ရောက်ခဲ့သလဲ အပိုင်းနှစ်အကျိုးရှိမယ့်စာအုပ်ပဲဖတ်ပါ