Author's Profile Photo

သင်္ကေတ

6/05/2024

NEED & WANT {လိုအပ်မှု နှင့် လိုချင်မှု}

1 min read
Personal Development
General Knowledge
18 Again
NEED & WANT {လိုအပ်မှု နှင့် လိုချင်မှု}'s photo

စာဖတ်သူလေးများ အားလုံးပဲ မင်္ဂလာပါ။
ဒီတစ်ခါဆောင်းပါးမှာ လိုအပ်မှုနှင့် လိုချင်မှု အကြောင်း အနည်းငယ် ဖော်ပြပါမယ်။

ကျွန်မတို့ ဘဝအတွက် လိုအပ်တာတွေလည်း ရှိသလို၊ လိုချင်တာတွေ လည်း အများကြီးရှိတယ်။

နှစ်ခုလုံးက Economy တစ်ခုရဲ့ အရေးကြီးတဲ့အစိတ်အပိုင်း တွေဖြစ်ကြတယ်။(ဒါက ဘာသာရပ်ဆိုင်ရာ ထည့်ပြောတာပါ)

ကျွန်မတို့ နေ့စဉ်ဘဝမှာလည်း ဒီနှစ်ခုက အရေးကြီး ကြတယ်။

  • လိုအပ်တာလား၊ လိုချင်တာလား ဆိုတာ ခွဲခြားသိဖို့ ခက်ခဲတတ်တယ်။တချို့က ကိုယ်ရဲ့လိုချင်တပ်မက်မှုတွေကို လိုအပ်ချက်လို့ ထင်မှတ်မှားတတ်တယ်။


⭐ လိုအပ်တာက လူတွေအသက်ရှင်နေထိုင်ဖို့အတွက် လိုအပ်တဲ့အရာတွေ။
ဥပမာ-အစားအစာ၊ရေ၊အဝတ်အထည်၊အိမ်၊အမိုးအကာတို့ဖြစ်တယ်။
လူတစ်ယောက်အတွက် အဲ့တာတွေမရှိရင် အဲ့လူရဲ့ခန္ဓာကိုယ်မှာရှိတဲ့အစိတ်အပိုင်းတွေအလုပ်မလုပ်နိုင်တော့ဘူး ဒါမှမဟုတ်ရင် သေသွားနိုင်တယ်။

⭐ လိုချင်တာကကျ လူတစ်ယောက်သဘောကျနှစ်သက်တဲ့အရာဖြစ်တယ်၊ အဲ့တာက အသက်ရှင်ဖို့အတွက် မလိုအပ်ဘူး။ ဒါပေမဲ့ ပျော်စရာတော့ကောင်းတယ်။
ဥပမာ- ဗိုက်ဆာနေရင် Apple ပန်းသီးတစ်လုံးက လိုအပ်ချက် တစ်ခုဖြစ်ပြီး Apple တံဆိပ် Iphone ကိုရချင်တာက လိုချင်မှုဖြစ်တယ်။

  • မလိုအပ်တဲ့ကိစ္စတွေကိုလိုချင်တာဟာ မသင့်လျော်တဲ့ကိစ္စမျိုးဖြစ်တယ်။


  • တကယ်လိုအပ်တာကို အောင်မြင်အောင်လုပ်ယူနိုင်တာက ကောင်းတဲ့ကိစ္စဖြစ်တယ်။အကောင်းဆုံးကလိုချင်တာတွေထက် လိုအပ်တာတွေကိုပဲ ရရှိအောင် ကြိုးစားခြင်းပဲဖြစ်ပါလိမ့်မယ်။


လိုချင်မှုဟာ လိုအပ်ချက်မဟုတ်ဘူးဆိုတာ သိနိုင်တဲ့၊သိတတ်တဲ့လူတွေဟာ သူတို့ရဲ့ဘဝမှာ အောင်မြင်မှာတွေကို ရရှိသွားတတ်ပါတယ်။


ဒါကြောင့် စာဖတ်သူလေးများလည်း
လိုအပ်ချက်နှင့်လိုချင်မှုကိုကွဲကွဲပြားပြား ခွဲခြားနိုင်ပြီး လိုရာပန်းတိုင်များကို အရောက်သွားနိုင်ဖို့ အမြဲသတိထားမိစေရန် ရေးသားလိုက်တော့သည်။


My_Collections_Channel

  • https://t.me/My_Colllections_Channel


စာဖတ်သူများအား ထာဝစဉ် လေးစား လျှက်.....

May 5 Sunday
12:30PM (@Ag)

Keep Reading

စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးစိတ်ရှည်ပါ။မိုက်ရဲ့ အရင်းအနှီးတွေက ဘာဖြစ်မလဲ။ဘယ်လုပ်ငန်း နယ်ပယ် အရင်းအနှီး ဈေးကွက်ထဲကို ရောက်နေသလဲဆိုတာ အရင်သိအောင်လုပ်ပါ။ဆီလီကွန်ဗယ်လီမှာ မက်လောက်စရာ အကောင်းဆုံး အလုပ်အဆန့်အဖျက်အဲလက်ဇ်ရဲ့ အရင်းအနှီးက ဘာတွေဖြစ်မလဲ။အဲလက်ဇ် ဘာဂျာ ဘယ်လိုနည်းနဲ့ ဟောလီးဝုဒ်ထဲ ရောက်ခဲ့သလဲ အပိုင်းနှစ်အကျိုးရှိမယ့်စာအုပ်ပဲဖတ်ပါ တံခါးပိတ် လောကထဲက သန်းကြွယ်လောင်းတွေ အပိုင်းနှစ်