Author's Profile Photo

Nicolette

5/05/2024

သိထားသင့်တဲ့ Business English

1 min read
Business
Finance
Startup
သိထားသင့်တဲ့ Business English's photo

Business English ရဲ့ အသုံး၀င်ပုံကို ရေးသားဖော်ပြထားပါတယ်။


စီးပွားရေးသုံးအင်္ဂလိပ်စာကို နိုင်ငံတကာကုန်သွယ်ရေး၊ ဘဏ်လုပ်ငန်း၊ အာမခံလုပ်ငန်း၊ ဘဏ္ဍာရေး၊ စာရင်းကိုင်၊ စီးပွားရေးလုပ်ငန်း နဲ့ ရုံးလုပ်ငန်းတော်တော်များများမှာ အသုံးပြုပါတယ်။



ဒါ့ကြောင့် လုပ်ငန်းခွင်ကို ၀င်တဲ့အခါမှာ အဆင်ပြေချောမွေ့မှုရှိစေဖို့ နေ့စဉ်သုံး အင်္ဂလိပ်စာတင်မကဘဲ စီးပွားရေးသုံး အင်္ဂလိပ်စာကိုပါ လေ့လာထားသင့်ပါတယ်။


English for Specific Purposes (ESP) ရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်တာကြောင့်


စီးပွားရေးသုံးအင်္ဂလိပ်စာဟာ နေ့စဉ်သုံးအင်္ဂလိပ်စာထက်


စကားပြောတွေ၊ အရေးအသားတွေ


ပိုယဉ်ကျေးပြီး၊ ပိုပြီး professional ဆန်ပါတယ်။


English for Specific Purposes (ESP) ဆိုတာ ဆေးပညာရပ်ဆိုင်ရာ၊ အာကာသဗေဒဆိုင်ရာ၊ သံတမန်ရေးရာ၊ သိပ္ပံပညာ၊ သုတေသန၊ သမိုင်းနဲ့ စာပေရေးရာ စတဲ့ အထူးပြုဘာသာရပ်တွေအတွက် သီးသန့်သင်ပေးတဲ့ အင်္ဂလိပ်စာဖြစ်ပါတယ်။


ဒီအင်္ဂလိပ်စာတွေကို နေ့စဉ်ပြောအတွက် သုံးနှုန်းလေ့မရှိပါဘူး။


Business English မှာ မိတ်ဆက်ပွဲများ၊ စေ့စပ်ညှိနှိုင်းမှုများ၊ အစည်းအဝေးများ၊ presentation ပြုလုပ်ခြင်း၊ အလုပ်လျှောက်လွှာရေးသားခြင်း၊ အလုပ် Interview ဖြေခြင်း၊ စီးပွားဖက်များနဲ့ စကားစမြည်ပြောဆိုမှု၊ လူမှုဆက်ဆံရေး၊ စီးပွားရေးဆိုင်ရာ email များ နဲ့ အစီရင်ခံစာရေးသားရာတွင် အသုံးပြုတဲ့ အသုံးအနှုံးတွေပါ၀င်ပါတယ်။


စီးပွားရေးမှာပဲ အသုံးပြုတဲ့ သီးသန့်ဝေါဟာရတွေ ၊ သဒ္ဒါအထားအသိုတွေ၊ ဗန်းစကားတွေနဲ့ စကားပြောတွေကို လေ့လာရမှာဖြစ်ပါတယ်။


Business English ကို သင်ယူထားရင် ရုံးလုပ်ငန်းတွေနဲ့ စီးပွားရေးလုပ်ငန်းတွေမှာ အလုပ်၀င်တဲ့အခါ အခက်အခဲရှိမှာမဟုတ်သလို


ကိုယ်ပိုင်လုပ်ငန်းအတွက်ဆိုရင်လဲ ကိုယ့်ရဲ့စီးပွားဖက်တွေ၊ ဖောက်သည်တွေနဲ့ ပိုပြီးအဆင်ပြေပြေ ဆက်ဆံနိုင်မှာပါ။


လုပ်ငန်းချဲ့ထွင်ဖို့အတွက်လဲ Business English ကို သိထားရင် ဈေးကွက်ရှာဖို့ အခွင့်အလမ်းပိုများပါတယ်။


အခုနောက်ပိုင်း Social Media ပေါ်မှာလဲ Business English အသုံးအနှုန်းတွေကို တွင်တွင်ကျယ်ကျယ် သုံးနှုန်းလာတာ အားလုံး သတိထားမိကြမှာပါ။


Business English ကို လေ့လာဖို့အတွက် အင်္ဂလိပ်စာ B1 Level ရှိဖို့ လိုအပ်ပါတယ်။


Business English ကိုလေ့လာဖို့အတွက်


⭐ English သတင်းဆောင်းပါးတွေကို များများဖတ်ပါ။

ဉပမာ - အောက်မှာ link ချပေးတဲ့ website တွေ မှာ စီးပွားရေး သတင်းတွေ ဖတ်လို့ရပါတယ်

The Business Time ??

https://www.businesstimes.com.sg/

The CEO Magazine ??

https://www.theceomagazine.com/

Elite Business Magazine ??
https://elitebusinessmagazine.co.uk/



⭐ ရုံးအကြောင်း ၊ company တွေနဲ့ စီးပွားရေး လုပ်ငန်းတွေ အကြောင်းရိုက်ကူးထားတဲ့ English TV shows တွေ ၊ ရုပ်ရှင်တွေကြည့်ပါ။


ဉပမာ - The Office Sitcom
(The Office က US version ရော ၊ UK version ပါရှိပါတယ် )


The Office UK version short လေးတွေကို BBC Studios မှာ ကြည့်လို့ရပါတယ် ?? https://youtube.com/@BBCStudios?si=xMXprtzhCy_jMrP_


The Office US version shorts တွေကို The Office မှာကြည့်လို့ရပါတယ် ?? https://youtube.com/@TheOffice?si=njQ0bov-NX2XA_DO



⭐ English စီးပွားရေး သတင်း‌တွေကြည့်ပါ။


ဉပမာ - Yahoo Finance ??
https://youtube.com/@YahooFinance?si=UQmvAGVhMtkU_UcC


PolyMatter ??
https://youtube.com/@PolyMatter?si=Kgf4E7e0kIzBFfnI


The Wall Street Journal ??
https://youtube.com/@wsj?si=mXyO3BN98bwkUItI



⭐ Business English သင်တန်းတွေတက်ပါ။

(အခမဲ့တက်လို့ရမယ့် Business English သင်တန်းတွေကိုလဲ သိပ်မကြာခင်မှာ ဆောင်းပါးတစ်ပုဒ်ရေးပြီး ဝေမျှပေးပါမယ်နော် ✌?)


ဖတ်သင့်တဲ့ English စာအုပ်ကောင်းလေးတွေ၊ learning tips တွေ နဲ့ ဘာသာပြန်ဝတ္ထုတွေကို ရေးသားသွားဦးမှာဖြစ်လို့ အကောင့်လေးကို follow လုပ်သွားကြပါဦးနော် ?


ယခုရေးသားထားသောဆောင်းပါးကို ကျွန်မ Nicolette ကိုယ်တိုင် ရှာဖွေလေ့လာရေးသားထားပါတယ် ?


⛔ ပြန်ကူးတင်ခွင့်မပြုပါ ⛔

Keep Reading

လက်တွေ့ကျ ပညာ ဖလှယ်ခြင်းနှင့် ရှေ့မှိနောက်မှီ ဖြစ်နိုင်ဖို့ -----အချိန်နှောင့်နှေးမှုက အေးဂျင့်တိုင် ကြုံတွေ့ရတဲ့ ပြဿနာလား?Market Research Project တစ်ခုရဲ့ Briefing ဘယ်လိုရေးမလဲလုံခြုံစိတ်ချရမှုကိုရွေးမလား၊ စွန့်စားမလားသုတေသန အမျိုးအစားများ ခွဲခြမ်းစိတ်ဖြာခြင်းData vs. Information ဘာကွာလဲရွေးချယ်စရာများတဲ့ခေတ်မှာ အရေးပါတာကို အာရုံစိုက်ဖို့ ပိုအရေးကြီးလာတယ်Quantitative Research ကို အရိုးရှင်းဆုံး နားလည်ကြည့်မယ်နယ်ပယ်တိုင်းရဲ့ ပွဲတိုင်းကျော် ဖြစ်လာမယ့် “Research & Analytic”ကိုယ်ပိုင်လုပ်ငန်းအတွက် အရင်းအနှီးရှာနည်း ◾