အက္ခရာ - Haruki
ဘဝမှာရှင်သန်နေထိုင်တဲ့လူတိုင်းဟာ ပိုက်ဆံကို ကိုယ့်နည်းကိုယ့်ဟန်နဲ့ အကောင်းဆုံး ကြိုးစားရှာဖွေနေကြသူတွေပဲဖြစ်ပါတယ်။ ဝင်ငွေရအောင်ရှာဖွေကြတဲ့အခါမှာ တချို့က နည်းလမ်းကောင်းတွေနဲ့ ရှာဖွေနိုင်ကြပေမယ့် တချို့ကတော့ ငွေရှာတဲ့နည်းလမ်းတွေ မှားယွင်းနေတတ်ပါတယ်။
နည်းလမ်းမှားနေတဲ့အခါ ဘယ်လောက်ပဲကြိုးစားကြိုးစား ဉာဏ်နဲ့မယှဥ်တဲ့အတွက် အကျိုးမဲ့နေတတ်ပါတယ်။ ဒါပေမယ့် စိတ်မပူပါနဲ့။ ယနေ့လို အိုင်တီခေတ်ကြီးထဲမှာ ဝင်ငွေကောင်းတဲ့အလုပ်တွေက စာဖတ်သူလေးအတွက်ရှိနေပါတယ်။
ဒီနေ့ဆောင်းပါးလေးမှာ အိမ်မှာနေရင်း အွန်လိုင်းပေါ်ကနေဝင်ငွေရှာလို့ရမယ့်နည်းလမ်းတွေကို မျှဝေပေးပါ့မယ်ခင်ဗျာ။ အဲ့တာတွေကတော့...
၁။ ဘလော့တစ်ခုဖွင့်ခြင်း
တစ်နည်းအားဖြင့် Youtube, Facebook, other မှာဝင်ငွေရှာခိုင်းတာပါ။ စာဖတ်သူလေးက ဘာကိုစိတ်ဝင်စားပါသလဲ။ ကျန်းမာရေးလား၊ ဗဟုသုတလား၊ အလှအပရေးရာလား၊ ကျူတိုရီရယ်လား စတဲ့စတဲ့ ကိုယ်လည်းဝါသနာပါပြီး လူတွေလည်းစိတ်ဝင်စားတဲ့အချက်အလက်တွေနဲ့ ဘလော့တစ်ခုကို စတင်ကြည့်လိုက်ပါ။
ကိုယ်ဝါသနာပါတာကို အခြေတည်ပြီးလုပ်ပါ။ ဘယ်ရက်အတွင်း Subscribers ဘယ်လောက်ရအောင် ကြိုးစားမယ် စတဲ့ရည်မှန်းချက်ချပါ။ အဆုံးထိလျှောက်လှမ်းပါ။ ကိုယ်ဝါသနာပါတာမဟုတ်ရင် လက်လျော့ချင်စိတ်တွေပေါ်လာပြီး အလွယ်တကူ အရှုံးပေးတတ်ကြလို့ပါ။
ဒီလိုမျိုး ကိုယ့်ရဲ့ဘလော့ကို လူအများစိတ်ဝင်စားနိုင်တဲ့ သတင်း၊ ဆောင်းပါးတွေ ဝေ၀ဆာဆာဖန်တီးထားခြင်းဖြင့် အချိန်တန်တဲ့အခါ ဝင်ငွေတွေရရှိလာနိုင်ပါတယ်။
၂။ အွန်လိုင်းရှော့ပင်း
နောက်တစ်ခုကတော့ အွန်းလိုင်းမှာ စျေးရောင်းတာပါ။ ယနေ့ခေတ်မှာ လူတွေဟာ လိုချင်တဲ့ပစ္စည်းတွေကို တနေရာပြီးတနေရာ သွားရောက်ရွေးချယ်ဝယ်ယူဖို့အတွက် အချိန်မပေးချင်ကြတော့ပါဘူး။ ကွန်ပြူတာဖွင့်ရုံနဲ့ လိုချင်တဲ့ပစ္စည်းတွေကို အလွယ်တကူဝယ်ယူလို့ရနိုင်တဲ့ အွန်လိုင်းရှော့ပင်းစီးပွားရေးဟာ ဝင်ငွေကောင်းတဲ့ လုပ်ငန်းတစ်ခုဖြစ်လာနေပြီဖြစ်ပါတယ်။
စာဖတ်သူလေးမှာရော ဘာတွေရောင်းဖို့အရင်က စိတ်ကူးတွေရှိခဲ့ပါသလဲ။ အလှဆင်ပစ္စည်းတွေလား၊ Game money ( UC, Dimond ) တွေလား၊ စာအုပ်တွေလား။ ဘယ်လိုရောင်းရမလဲ လေ့လာပါ။ ချိတ်ဆက်ပါ။ စမ်းပြီး စတင်လုပ်ဆောင်ပါ။ ရည်မှန်းချက်ထားပါ။ အဆုံးထိလျှောက်လှမ်းပါ။
၃။ အွန်လိုင်းမှာစာရေးခြင်း (Content Writing)
နောက်ဆုံးအလုပ်ကတော့ လက်တော့တစ်လုံး၊ ဖုန်းတစ်လုံး၊ အင်တာနက်ရှိရုံနဲ့ ဝင်ငွေတွေကိုဖန်တီးရရှိနိုင်တဲ့ Content Writing ပဲဖြစ်ပါတယ်။ ကျွန်တော်ကိုယ်တိုင်လည်း အရင်ကတည်းက စာတွေစရေးလာသူတစ်ယောက်ဖြစ်ပါတယ်။
အခုတော့ အဲ့ဒီအချိန်ကလေ့ကျင့်ခဲ့မှုတွေကို ကျွန်တော်ခံစားနေရပြီဖြစ်ပါတယ်။ SarPhat's Top 10 Chart မှာကျွန်တော် ဆောင်းပါးရေးပြီးဝင်ငွေရနေပြီ။ Podcast တစ်ခုကလည်း လာအကူညီတောင်းလို့ Podcast တွေကိုဆောင်းပါးရေးရင်း ဝင်ငွေရနေပါပြီ။
ကိုယ်ဖတ်ရှုလေ့လာထားတဲ့ စာပေ၊ ဗဟုသုတတွေကို ပြန်လည်ဝေမျှပေးတာဖြစ်တဲ့အတွက် ကောင်းမွန်တဲ့အလုပ်တစ်ခုလည်းဖြစ်ပါတယ်။ ကျွန်တော့်အတွက်တော့ Content Writing က မပင်မပန်းဘဲ အင်မတန်အကျိုးများပြီး ငယ်ငယ်ရွယ်ရွယ်နဲ့ ဝင်ငွေလမ်းကြောင်း တစ်ခုဖြစ်လာစေခဲ့တာဖြစ်ပါတယ်။
ကဲ.... ဒီကစာဖတ်သူလေးရော ဒီထဲက ဘယ်အလုပ်ကို လုပ်ဖို့စိတ်ကူးရှိခဲ့ပါသလဲ။ အခုပဲ ရည်မှန်းချက်ထား စတင်လုပ်ဆောင်လိုက်ပါတော့ ခင်ဗျာ။
နွေဦးအက္ခရာ ( May 5, 2024 . 7:00 PM )
Keep Reading