Author's Profile Photo

SarPhat Author

5/05/2024

စောင့်ထိန်းအပ်သော လူမှုကျင့်ဝတ်များ

1 min read
Book Review
General Knowledge
18 Again



(၁) ဘယ်လောက်ပဲ ချစ်ခင်ရင်းနှီးပါစေ။ စကားကို လက်လွယ်စပယ် မပြောပါနဲ့....။
ခံစားတတ်တဲ့ ဝေဒနာဆိုတာ လူတိုင်းမှာ ရှိပါတယ်....။

(၂) ဘယ်လောက်ပဲ မုန်းတီးနေပါစေ။ အခြားသူရဲ့ပုဂ္ဂိုလ်ရေးကို နှိမ့်ချစော်ကားတာမျိုး မပြုလုပ်ပါနဲ့....။

လေးစားမှုဆိုတာ လူတိုင်းနဲ့ထိုက်တန်သလို
မိမိကိုယ်တိုင်နဲ့လည်း ထိုက်တန်ပါတယ်...။

(၃) ဘယ်လောက်ပဲ သဘောကောင်းတဲ့သူနဲ့
တွေ့ပါစေ အခွင့်အရေးကို တဆုံးမနှိုက်ပါနဲ့။

မိမိကိုယ်ကိုယ် ထိန်းသိမ်းတတ်ပါစေ။ အခွင့်
အရေးသမားကို လူတိုင်းက ရွံ့မုန်းကြပါတယ်။

(၄) ဘယ်လောက်ပဲ အလကားရနေပါစေ။
မိမိရသင့်တဲ့ အတိုင်းအရှည် ပမာဏကို
အသိစိတ်နဲ့ ဆင်ခြင်တတ်ပါစေ။ သိက္ခာ
တရားဆိုတာ မွေးမြူသင့်ပါတယ်....။

(၅) ဘယ်လောက်ပဲ အခက်အခဲပြဿနာနဲ့
ကြုံရပါစေ မိမိကိုယ်ပိုင် အစွမ်းအစနဲ့ အရင်
ဖြေရှင်းတတ်ပါစေ။ အကူအညီကို အလွယ်
တကူ လိုချင်တဲ့သူ မဖြစ်ပါစေနဲ့...။

(၆) ဘယ်လောက်ပဲ ရိုးသားတဲ့လူကို
တွေ့ပါစေ။ သင့်အကျိုးအမြတ်အတွက်...
အသုံးမချပါနဲ့...။

ရိုးသားမှုဆိုတာ အရည်အသွေးတစ်ခုဖြစ်ပြီး
အခြားသူအတွက် ဖြစ်တည်နေတာ မဟုတ်
ပါဘူး။

(၇) ဘယ်လောက်ပဲ အင်အားကြီးမားတဲ့သူ
သင်ဖြစ်နေလည်း အလွယ်တကူ အနိုင်ကျင့်
ချင်တဲ့ စိတ်ဓာတ်မျိုး မမွေးပါနဲ့....။

ဒီကနေ့ အင်အားကြီးမားသူဟာ နောင်
တစ်နေ့မှာ အင်အား ပျောက်ဆုံးသွားနိုင်လို့ပါ။
သံသရာဆိုတာ လည်ပတ်နေပါတယ်....။

(၈) ဘယ်လောက်ပဲ အတွေးအခေါ်တွေ ဆန့်
ကျင်ဖက် ဖြစ်နေပါစေ။ ကိုယ်ပဲ မှန်နေတယ်
လို့ မထင်ပါနဲ့။ မကျင့်သုံးနိုင်ရင် ပယ်လိုက်ပါ။

အခြားသူရဲ့ အတွေးအခေါ်ထဲ သင်လည်း
မနေနိုင်သလို သူလည်း နေမှာမဟုတ်ပါဘူး။

(၉) သင်ဘယ်လောက်ပဲ ထူးချွန်ထက်မြက် နေပါစေ
တခြားသူကို ညံ့ဖျင်း တုံးအတယ်လို့...
အလွယ်တကူ မှတ်ချက်မပေးပါနဲ့....။

နောက်ခံအခြေအနေဆိုတာ တသမတ်တည်း
ရရှိနိုင်တာ မဟုတ်လို့အရည်အချင်းတွေ
ကွဲပြားနေတာကို သတိပြုမိပါစေ...။

(၁၀) မိမိကြိုက်နှစ်သက်တဲ့ လူ အရာဝတ္ထု
အတွေးအခေါ် အခြေအနေ တစ်ခုကို မိမိ
ဘာသာ စိတ်ကြိုက် နှစ်သက်ခွင့်ရှိပါတယ်။

ဒါပေမယ့် သူတစ်ပါးကြိုက်နှစ်သက်တဲ့အရာ
တွေကိုတော့ ကဲ့ရဲ့ရှုတ်ချပြီး သင်ကြိုက်တဲ့......
အရာတွေကို ဂုဏ်တင်ပြီး ပြောတာမျိုးတော့မဖြစ်သင့်ပါ။

Telegram Channel ? https://t.me/Knowledge_Channel_By_Timmy

Keep Reading

AVA (Season 1 & 2) Beyond AVA The Fall of Hantharwaddyဘဝဟူသည်အရင်းအနှီးနဲ့ တည်ဆောက်ထားတဲ့ ဘဝရည်မှန်းချက်ပန်းတိုင်မေတ္တာမဏ္ဍိုင်တန်ဖိုးရှိတဲ့အရာ ခံစားမိအောင်ပါပီလွန်နှင့်ဗင်ဂို စာအုပ်ထဲက နိုးစက်သည်းခြေကြိုက် စာအုပ် ၆ အုပ်"စာအရေးအသား ကောင်းစေရန်" – အပိုင်း ၄: စာရေးသူတွေရဲ့ စိတ်နေသဘောထားတွေအကြောင်း  The Gentleman in the Parlour"စာအရေးအသား ကောင်းစေရန်" – အပိုင်း ၃: ဘယ်လို အမျိုးအစားတွေကို ရေးမလဲ