Author's Profile Photo

သင်္ကေတ

4/05/2024

ဘယ်တော့မှ အတောမသတ်နိုင်တဲ့အရာ {Thing that never Endless}

1 min read
Personal Development
General Knowledge
18 Again
ဘယ်တော့မှ အတောမသတ်နိုင်တဲ့အရာ {Thing that never Endless}'s photo

စာဖတ်သူလေးတွေရေ.... ဒီဆောင်းပါးလေး မဖတ်ခင် မေးခွန်းလေးတစ်ခု ဖြေကြည့်ပေးကြပါ။

➡️ မေးခွန်းက ခေါင်းစဉ်ရဲ့ အဖြေက ဘာလဲ။
အဖြေ။......ရှုထောင့် အမျိုးမျိုးကနေ ကြည့်‌ဖြေနိုင်ပါတယ်။

ကျွန်မရဲ့အဖြေကတော့ လိုချင်တပ်မက်မှု စိတ်ဆန္ဒ Desire ပါ။

ဘာလို့လဲဆို လူတွေက လိုချင်တာ တစ်ခုခုရပြီးပြီဆိုရင် နောက်ထပ်လဲ လိုချင်တတ်လာကြတယ်။
ဥပမာ- အထူးသဖြင့် အမြင်သာဆုံးပြောရရင် ပိုက်ဆံ(ငွေ) နဲ့ပတ်သက်ပြီးပါ။ နေ့တိုင်း ရှင်သန်ရပ်တည်ဖို့အတွက် စားဖို့၊ဝတ်ဖို့၊နေဖို့ ကိစ္စတွေအတွက် ပိုက်ဆံရှာကြရတယ်၊ ရှာလာတဲ့အခါ သုံးလိုက်လို့ကုန်သွားပြီး လောက်တယ်ဆိုတာ မရှိဘူး၊
ချမ်းသာတဲ့လူတွေဆိုလည်း တစ်‌နေ့ဝင်ငွေ သိန်း ၁၀၀ ရတယ်ဆိုရင် အဲ့လောက်နဲ့ ကျေနပ်မှုမရှိကြဘဲ တစ်နေ့ သိန်း ၁၀၀၀ လောက်ဝင်ချင်ကြတာမျိုး။

  • ချမ်းသာတဲ့လူတွေက အခုကြွယ်ဝချမ်းသာတာထက် ပိုပြီး ချမ်းသာချင်ကြတယ်။ အောင်မြင်မှုရနေကြတဲ့လူတွေဆိုလည်း အခုအောင်မြင်နေတာထက် ပို‌အောင်မြင်ချင်ကြတယ်။


လိုချင်တပ်မက်မှု စိတ်ဆန္ဒ Desire ဆိုတာ ဘာသာရေးအရကြည့်ရင် လောဘပါ။ 

တခြားကဏ္ဍတွေကနေကြည့်ရင်လည်း
လောဘ မရှိတဲ့လူဆိုတာမရှိကြဘူး။
အဲ့လိုဖြစ်တာကို ထိန်းပြီး
ရောင့်ရဲ တင်းတိမ်စွာ နေတတ်ဖို့ပါတယ်။
တကယ်လို့ မနေခဲ့ရင် ကိုယ့်အတွက် ဆိုးကျိုးအကြီးကြီး ရမှာပါ။ ‌မကောင်းတဲ့ လောဘနောက်ကိုလိုက်ရင် နောက်ဆုံးအဆုံးသတ်က သိပ်မလှဘူး။ လူ့လောကမှာ ပြဖို့ ဥပမာသာဓက အများကြီးပါ။ ဈေးသည်တချို့သည် ပစ္စည်းမမှန်၊ အလေးချိန်ခွင်မမှန် ရောင်းချတတ်သည်၊ ကုန်သည်များသည်လည်း အမြတ်ကြီးကြီးရမည်ဆိုပါက လူ၊လက်နက်၊မူးယစ်ဆေးဝါးတို့ကိုပင် ကုန်စည်အဖြစ် ရောင်းဝယ်ကြသည်၊ ထိုသို့ပြုလုပ်ခြင်းများမှာ လောဘ‌ကို အကြောင်းပြု၍ မထိန်းနိုင်ကြဘဲ လုပ်ကြခြင်းဖြစ်သည်။

စင်စစ်အားဖြင့် လောဘသည် အကုသိုလ်စေတသိက် ၁၄ ပါးတွင် ထိပ်ဆုံးက ပါသည့် အကုသလဓမ္မစစ်စစ်ဖြစ်သည်။ မကောင်းမျိုးအစစ် ပါပဇာတိဖြစ်၍ စိတ်ကို ပူလောင်ဆင်းရဲစေသလို ငရဲသို့လည်း ကျစေတတ်သည်။ လောဘနှင့်သေသူတို့မှာ ပြိတ္တာဘဝသို့ လားရာဂတိဖြစ်သည်။
ကုသိုလ်အထောက်အပံ့မရှိသရွေ့မူလောဘ သေးသေးသည်ပင် အပါယ်သို့ ဆွဲချနိုင်သည့် သတ္တိရှိသည်။

  • လိုချင်တပ်မက်မှု လောဘဟု ဆိုရာမှာ ခိုချင်မှုတိုင်းလည်း လောဘမဟုတ်။
  • ကောင်းသောအရာ၌ လိုချင်မှုများရှိသည်၊ ဥပမာ-တရားဓမ္မလိုချင်မှု၊ပညာလိုချင်မှု၊အများအကျိုးပြုရန်အတွက် ဥစ္စာဓနလိုချင်မှုမမျိုးများမှာ လောဘမဟုတ်၊ ဆန္ဒသာ ဖြစ်သည်။
  • လောဘဟူ၍ဆိုအပ်သည့် လိုချင်မှုမျိုးများမှာမူ တမ်းတမ်းစွဲ၊ ငမ်းငမ်းတက်၊တပ်မက်တွယ်တာစွာ လိုချင်မှုမျိုးဖြစ်သည်။


  • လောဘသမားသည် သူလိုချင်သည့်အရာကို ရပြီးသည့်အခါတွင်လည်း မည်သည့်အခါမှ ရောင့်ရဲတင်းတိမ်ခြင်းမရှိ။ မည်သည့်အခါတွင်မျှ ပြီးပြည့်စုံသွားခြင်းမရှိ။ လိုချင်သည့်အရာများကို တရားသည်ဖြစ်စေ၊မတရားသည်ဖြစ်စေ၊ ကျင့်ဝတ်နဲ့ညီသည်ဖြစ်စေ၊ မညီသည်ဖြစ်စေ အရှက်အကြောက်ကင်းမဲ့စွာ ရယူကြသည်။


ရလေလိုလေ လိုလေရှာလေ ရလေလိုလေ လိုလေရှာလေ သည်လိုနဲ့ပဲ အသက်သေသွားကြရသည်။‌ လောဘကတော့ အတောမသတ်နိုင်ခဲ့ကြပါ။

ထို့ကြောင့် စာဖတ်သူများလည်း အမြဲ သတိထား၍ ကိုယ့်ကိုယ်ကိုယ် သုံးသပ်ပြီး လောဘတရားတို့ ပါးခြင်းဖြင့် နေထိုင်နိုင်ကြစေရန် ရေးသားလိုက်တော့သည်။



My_Collections_Channel

  • https://t.me/My_Collections_Channel


စာဖတ်သူများအား ထာဝစဥ်လေးစား
လျှက်.....

May 4 Saturday 2024
12:12PM (@Ag) ✍?

Keep Reading

စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေး"တော်တဲ့သူတွေက ဆင်ခြေမပေးဘူး...  ဖြေရှင်းနည်းကိုပဲ ရှာကြတယ်"လိုမှသုံးပါအင်တာနက်နဲ့ လူနေမှုဘဝ Life is what you make itစာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်းစာစောင်လေးဆယ့်တစ် - ပန်းတိုင်သို့အရောက်တက်လှမ်းခြင်းစာစောင်သုံးဆယ့်ကိုး - အကြီးမားဆုံးဆုလာဘ်စာစောင်လေးဆယ် - အလိုကြီးအရနည်း ဟိုလိုလို ဒီလိုလို ဝေလည်လည်