Thar Htoo-Be Unique

အခက်အခဲနဲ့ ကြုံဆုံရတာတွေ ထူပြောလာတဲ့အခါ ကျေးဇူးတင်တတ်ခြင်းနဲ့ ပို ဝေးကွာသွားတတ်တယ်။လွယ်တော့မလွယ်ပေမဲ့ သတိကပ်ပြီး စိတ်ထဲကနေ ဖြစ်ပျက်နေတဲ့ ခံစားချက်တွေကို လေ့လာပြီး တနေ့တာကို အကောင်းဆုံးဖြတ်သန်းကြည့်ပါ။
ဆိုရိုးလေးရှိပါတယ် "fear and gratitude can't coexist" ဆိုပါတယ်။ ကြောက်ရွံ့ခြင်းနဲ့ ကျေးဇူးတင်တတ်ခြင်းဟာ ယှဥ်တွဲနေထိုင်ဖို့မဖြစ်နိုင်ပါဘူးတဲ့။ မိမိအတွေးထဲမှာ ကြောက်စရာတွေ၊ မုန်းစရာတွေ၊ မကျေမချမ်းဖြစ်စရာတွေနဲ့ ထိပ်တိုက်တိုးတဲ့အခါ သတိလက်လွတ်မဖြစ်အောင် ထိန်းသိမ်းပြီး နေထိုင်ဖို့ လိုပါမယ်။ ဒါဟာလည်း ကျင့်ကြံမှုတစ်ခုပဲဖြစ်ပါတယ်။
တစ်ခါတစ်လေ စိတ်က ထိန်းထားတာများတဲ့အခါ စွမ်းအင်ကုန်လာတယ်၊ မောလာတယ်၊ ဖြစ်ချင်ရာဖြစ်ဆိုပြီး ကောက်ကာငင်ကာလုပ်ပစ်လိုက်ချင်တာမျိုး၊ ပြေးထွက်သွားချင်လိုက်တာမျိုး၊ အော်လိုက်ချင်တာမျိုး၊ ငိုချလိုက်ချင်တာမျိုး၊ ပြောင်းပြန်လှန်လိုက်ချင်တာမျိုး၊ စတာတွေ ၀င်တတ်လေ့ရှိပါတယ်။ ဒီနေရာမှာ သိထားသင့်တာက၊ ဒေါသတွေရဲ့၊ မောဟတွေရဲ့၊လောဘတွေရဲ့ ရလဒ်က မိမိမှာဆောက်တည်ထားတဲ့အရာတွေကို ချေမွပျက်စီးရုံကလွဲပြီး ဘာတစ်ခုမှ ကောင်းကျိုးမဖြစ်ထွန်းစေတာပါပဲ။
ဒါကြောင့် အခက်အခဲဆုံးအချိန်မှာ သတိ၀ိရိယနဲ့ ကောင်းကွက်တွေကို ရှာကြံတတ်အောင်လေ့ကျင့်ဖို့လိုပါမယ်။ အခက်အခဲတွေက တကယ်တော့ အခွင့်အလမ်းတွေကို ဖော်ဆောင်ပေးလာ တတ်ပါတယ်။
အားလုံးကြုံဆုံနေကြရတဲ့ အခက်အခဲများကို တွန်းလှန်နိုင်ပြီး ပိုကောင်းတဲ့အနာဂတ်ကို ဖန်တီးနိုင်ကြပါစေ။
Fighting!
Thar Htoo-Be Unique
Keep Reading