Author's Profile Photo

Hnin

1/05/2024

ပင်ပန်းနေကြပြီလား

1 min read
Personal Development
General Knowledge
18 Again
ပင်ပန်းနေကြပြီလား's photo
ဘဝမှာလေ ကိုယ့်ဖက်ကမှန်ခဲ့ပေမဲ့ အောင့်သီးအောင့်သက်နှင့် ပြန်မပြောဘဲသည်းခံခဲ့ရတဲ့အချိန်တွေ ရှိခဲ့ဖူးကြတယ်မှတ်လား။
  • ပင်ပန်းတယ်နော.... အသက်တွေတစ်ဖြည်းဖြည်းကြီးလာရတာ၊တစ်နေ့ တစ်နေ့လည်း လူတွေအမျိုးမျိုးနှင့်တွေ့ရတယ်၊ကိုယ်တွေအလုပ်ကြိုးစားပေမဲ့ အကောင်းမမြင်တဲ့သူတွေနှင့်နေရတာ ပင်ပန်းတယ်နော။အလုပ်တွေမှာဘဲ ဖြစ်ဖြစ်၊ကိုယ့်ပတ်ဝန်းကျင်မှာဘဲဖြစ်ဖြစ် သူတို့အမှားသေးသေးလေးတွေဆို မသိချင်ယောင်ဆောင်ပြီးနားလည်ပေးခဲ့ပေမဲ့ ကိုယ်တွေအမှားတစ်ခုလုပ်ရင် တစ်ကမ္ဘာလုံးသိအာင်လျှောက်ပြောတဲ့သူတွေနှင့်နေရတာ ပင်ပန်းတယ်နော။သူတို့မှန်၊သူတို့တတ်ပြီး ကိုယ်ဘာပြောပြောလက်မခံတဲ့ လူကြီးတစ်ချို့နှင့်နေရတာလည်း ပင်ပန်းတယ်နော။ပင်ပန်းတယ်....ပင်ပန်းတယ်...
  • မြန်မာစကားပုံလေးရှိတယ်လေ....
ကျောပူတာခံနိုင်တယ်၊နားပူတာမခံနိုင်ဘူး....

ကိုယ်မပျော်တဲ့အလုပ်မှာလုပ်ရလို့ ပင်ပန်းနေပြီလား....
ကိုယ်မချစ်နှစ်သက်တဲ့သူတွေနှင့်နေရတာ ပင်ပန်းနေပြီလား...
ကိုယ့်မွေးရပ်မြေနှင့်ဝေးကွာနေရတာ ပင်ပန်းနေပြီလား....
တစ်နေ့..တစ်နေ့ အကြောင်းပြချက်တွေမျိုးစုံနှင့် ပင်ပန်းနေကြရတယ်။

It is temporary time.အချိန်ကာလလေးတစ်ခုပါဘဲ။ငါတို့တွေ ပင်ပန်းနေတဲ့ကြားထဲကဘဲ ပျော်ရွှင်မှုလေးတွေရှာဖွေကြမယ်၊ငါတို့လည်း ငါတို့ကိုယ်တိုင်အတွက် အသက်ရှင်ရအုန်းမယ်လေ။အချိန်တိုင်း သူများအတွက်၊မိသားစုအတွက်၊ဆွေမျိုးတွေဆိုပြီး အရမ်းကြီး pressure မပေးပါနှင့်။ ငါတို့ဟာ စက်တွေနှင့်ဖွဲ့စည်းထားတဲ့ စက်ရုပ်တွေမဟုတ်ဖူး၊ခံစားချက်တွေနှင့်တည်ဆောင်ထားတဲ့ လူသားတွေပါ။.....
Hnin(1.4.2024)9:48 Pm

Keep Reading

မိုက်ရဲ့ အရင်းအနှီးတွေက ဘာဖြစ်မလဲ။အရင်းအနှီးအကြောင်း ဂဃနဏ သိပါစေ။စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးဘယ်လုပ်ငန်း နယ်ပယ် အရင်းအနှီး ဈေးကွက်ထဲကို ရောက်နေသလဲဆိုတာ အရင်သိအောင်လုပ်ပါ။ဆီလီကွန်ဗယ်လီမှာ မက်လောက်စရာ အကောင်းဆုံး အလုပ်အဲလက်ဇ်ရဲ့ အရင်းအနှီးက ဘာတွေဖြစ်မလဲ။အဲလက်ဇ် ဘာဂျာ ဘယ်လိုနည်းနဲ့ ဟောလီးဝုဒ်ထဲ ရောက်ခဲ့သလဲ အပိုင်းနှစ်အကျိုးရှိမယ့်စာအုပ်ပဲဖတ်ပါ တံခါးပိတ် လောကထဲက သန်းကြွယ်လောင်းတွေ အပိုင်းနှစ်မရိုးတရိုး