Author's Profile Photo

အက္ခရာ - Haruki

1/05/2024

Content Writer ကောင်းတစ်ယောက်၏ အခြေခံအချက်များ

1 min read
Business
General Knowledge
18 Again
Content Writer ကောင်းတစ်ယောက်၏ အခြေခံအချက်များ's photo

အခုလို AI ခေတ်ရောက်လာတာနဲ့အမျှ အင်တာနက်နည်းပညာကိုအသုံးပြုပြီး လုပ်ငန်းတွေလုပ်ကိုင်လာကြပါတယ်။ အဲ့ဒီလုပ်ငန်းတွေထဲ ဝင်ငွေလည်းကောင်း၊ လုပ်ရတာလည်း လွယ်ကူတဲ့ Content Writer အလုပ်ကိုလည်း လူတွေတော်တော်များများလုပ်ကိုင်လာကြပြီဖြစ်ပါတယ်။

ကျွန်တော်တို့ Author တွေဟာလည်း တနည်းအားဖြင့် Content Writer တွေပါပဲ။ အင်တာနက်ကိုအသုံးပြီး Content တွေဖန်တီးတယ်။ မျှဝေတယ်။ ဝင်ငွေရှာတယ်ပေါ့။ သို့ပေမယ့် ကိုယ်ဟာ Content Writer ကောင်းတစ်ယောက်ရဲ့ အရည်အချင်းတွေနဲ့ ကိုက်ညီရဲ့လား။

ဒီကနေ့ဆောင်းပါးလေးဟာ အခုမှစပြီး Content Writer လုပ်မယ့်သူတွေ၊ လက်ရှိလုပ်နေပြီးသားဆိုပေမယ့် အခြေအနေအရသာလုပ်လိုက်ရတာ Content ရေးတဲ့အခြေခံကိုယောင်ဝါးဝါးဖြစ်နေသူတွေအတွက် အဓိကရည်ရွယ်ပြီးရေးလိုက်ရတာဖြစ်ပါတယ်။

ဒီဂျစ်တယ်မီဒီယာပေါ်မှာရေးမှာပဲဖြစ်ဖြစ်၊ ပုံနှိပ်မီဒီယာအတွက်ပဲဖြစ်ဖြစ် အခြားပလက်ဖောင်းတွေမှာပဲ ဖြစ်ဖြစ် Content ရေးဖို့ဆိုရင်တော့ အခုကျွန်တော်မျှဝေပေးမယ့် အခြေခံအချက်လေးတွေလိုအပ်ပါတယ်။ ဒီအချက်လေးတွေဟာ အစ်ကို Tun Tun Aung ရဲ့ ဆောင်းပါးလေးမှာ အမှတ်မထင်ကျွန်တော်ဖတ်ခွင့်ရလိုက်တာပါ။

ကျွန်တော်ကိုယ်တိုင်လည်း Content Writer တစ်ယောက်ဖြစ်တာနဲ့အညီ ကိုယ့်ရဲ့လိုအပ်ချက်တွေကိုသိရှိပြီး ပြင်ဆင်နိုင်ခဲ့ပါတယ်။ ကျွန်တော်မှတ်မိသလောက် ပြန်လည်မျှဝေပေးပါမယ်။

? - စာရေးစာဖတ် ဝါသနာပါသူဖြစ်ရပါမယ်။

အခြေခံအကျဆုံးအချက်ကတော့ စာရေးနေကျလူပဲစာရေးတာအဆင်ပြေပါတယ်။ သူများရေးတဲ့စာတွေကိုဖတ်လေ့မရှိရင်လည်း ကိုယ်တိုင် Content ရေးတဲ့အခါ ဘယ်ကစရေးလို့ရေးရမှန်းမသိ ရေးသာရေးလိုက်တယ် စာမချောတာမျိုးဖြစ်တတ်လို့ပါ။ ဆိုတော့စာရေးစာဖတ်လုပ်နေတဲ့သူ (အမြဲတမ်းမဟုတ်ရင် တောင် ရံဖန်ရံခါ) ဖြစ်ဖို့လိုအပ်ပါတယ်။

? - စာလုံးပေါင်းမမှားပါစေနဲ့။

Content တစ်ပုဒ်ဖတ်ကြည့်လို့ စာလုံးပေါင်းအမှားတော်တော်များများတွေ့ရပြီဆိုရင်တော့ ရေးတဲ့သူကိုရော Brand ကိုရော အထင်အမြင်သေးတတ်ကြပါတယ်။ ဒီစာလေးရေးတာ စာလုံးပေါင်းအဲလောက်တောင်မှားသလား နေပါတော့ကွာ ဆက်မဖတ်တတ်ဘူးဆိုတဲ့အပြောတွေနဲ့မကြုံချင်ရင်တော့ စာလုံးပေါင်းမှန်ဖို့နဲ့ ဝါကျအထားအသိုမှန်ဖို့ အခြေခံကျပါတယ်လို့ဆိုချင်ပါတယ်။

? - သူများ Content တွေကိုလိုက်ဖတ်ပါ။

စာရေးတာလည်းအဆင်ပြေတယ်၊ စာလုံးပေါင်းလဲမမှားဘူး ဒါပေမယ့် တစ်ခါလာလည်းဒီပုံစံ နောက်တစ်ခါလည်းဒီလိုပုံစံပဲရေးတတ်တယ်ဆိုရင်တော့ သူများရေးတဲ့ပုံစံတွေကိုများများလေ့လာဖို့လိုနေပါပြီ။ (ကူးချဖို့ပြောတာမဟုတ်ပါဘူးခင်ဗျာ)။ တစ်ခါတစ်လေမှာ ကိုယ်က Brand အကြောင်းကိုတော့နားလည်တယ်။ ဒါပေမယ့် Post တွေအများကြီးရေးရတော့ ဒီစာတွေချည်းပဲထပ်နေတယ်ဆိုတာမျိုးဖြစ်တတ်လို့ပါ။ ဆိုတော့ သူများဘယ်လိုပုံစံရေးသလဲ ကိုယ်ကဘယ်လိုပုံစံလေးရေးရင်ပိုကောင်းမလဲဆိုတာကို တွေးဖို့လိုအပ်ပါတယ်။

♻️ - Research လုပ်တဲ့အကျင့်မွေးပါ

ကိုယ်ပထမဆုံးရေးတဲ့ Content က ဖတ်တဲ့သူဘယ်နှစ်ယောက်ရှိလဲ နောက် Content ကဘယ်လောက် တိုးတက်လာသလဲ၊ သူများတွေနဲ့ယှဉ်ရင်ကော ဘယ်လိုအနေအထားရှိသလဲဆိုတဲ့ Research လေးပြုလုပ် ဖို့တော့လိုပါတယ်။ ဒါမှ Skill တက်လာမှာဖြစ်ပါတယ်။

? - အင်္ဂလိပ်စာအခြေခံလောက်တော့သိထားသင့်ပါတယ်။

အင်္ဂလိပ်စာကလည်း Content ရေးတဲ့သူအတွက်လိုအပ်ပါတယ်။ ကိုယ်ရေးရမယ့် Brand က နိုင်ငံခြား Brand လား ပြည်တွင်းလားမသိနိုင်တာမို့ တစ်ခါတစ်လေ ဘိုလိုတွေလည်းလာတတ်တာမို့ ဘိလပ်စာကို အခြေခံတော့အနည်းဆုံးသိထားသင့်ပါတယ်။

? - ရေးပြီးသမျှကို အနည်းဆုံး ၃ ခေါက်ပြန်ဖတ်ပါ။

ကိုယ်ရေးတဲ့အပုဒ်ရေတိုင်းရဲ့ Engagement ဟာ ကိုယ့်ရှေ့မှာမျက်ဝါးထင်ထင်မြင်ရတာမို့ တစ်ပုဒ်ချင်းစီမှာ ရှိသမျှအားတွေထည့်ဖို့လိုပါတယ်။ ပြီးစလွယ်မရေးဖို့နဲ့ ရေးသမျှကို အကြိမ်ကြိမ်ဖတ်ပြီး အကောင်းဆုံးပြင်ဆင်ဖို့လိုအပ်ပါတယ်ခင်ဗျာ။

ကိုယ့်ရဲ့လိုအပ်ချက်လေးတွေ သိရှိပြီး ပြင်ဆင်နိုင်ပါစေခင်ဗျာ။

နွေဦးအက္ခရာ ( May 1, 2024 . 10:45 AM )

Keep Reading

"ပန်နိုရာ" တိုက်မှ ပထမဆုံးရိုက်နှိပ်ထုတ်ဝေလိုက်သည့် "မိနစ်ပိုင်းစာ စီးပွားပညာ" အပိုင်း(၁) စာအုပ်ကို 𝗣𝗿𝗲-𝗼𝗿𝗱𝗲𝗿 မှာယူနိုင်ပါပြီ။3L for Successချွေတာမလား၊ ပိုရှာမလားမြန်မာပြည်က လူငယ်အများစုရဲ့ ဖွံ့ဖြိုးတိုးတက်မှုကို ပိတ်ဆို့စေတဲ့အရာနှစ်ခုစီးပွားရေးလုပ်ရာတွင် မသိမဖြစ်သိသင့်သော Generic Strategy အကြောင်း လုံခြုံစိတ်ချရမှုကိုရွေးမလား၊ စွန့်စားမလားPersonal Budget အတွက် 50/30/20 Rule ◾ဘ၀က ပိုလွယ်ကူလာတာမဟုတ်ဘူး၊ ကျွန်တော်တို့က ခံနိုင်ရည်ပိုရှိလာတာ ◾Financial Statement ကို ထိန်းချုပ်နိုင်ခြင်းက Financial Freedom အတွက်အခြေခံပဲ ◾အမှီခိုကင်းတဲ့ ချစ်ခြင်းမေတ္တာ