Lin Myaing
ချက်လက်မှတ်ဖြင့် ငွေထုတ်ပေး စနစ်
Cheque ဆိုတာ ပိုင်ရှင်က သူ့အကောင့်ထဲကငွေကို ဘယ်သူကို ဘယ်လောက်ပေးပါလို့ လက်မှတ်ထိုးပြီး ဘဏ်ကို ညွှန်ကြားတဲ့ စာရွှက်လေးဘဲ ဖြစ်ပါတယ်။
#Cheque books
What is Cheque Truncation System?
Cheque books တွေဟာ ခုနောက်ပိုင်းမှာ တိုးတက်တဲ့ နိုင်ငံတွေမှာ သုံးတာအတော်နည်းသွားပါပြီ။ Internet ကတဆင့်ချက်ချင်း ငွေအတော်များများအထိ လွှဲပေးလို့ရတဲ့ ခေတ်မှာ Cheque ခဏခဏရေးစရာ မလိုတော့ပါဘူး။ ဒါမဲ့လုံးဝပျောက်ကွယ်သွားတဲ့ အဆင်ေ့တာ့မရောက်သေးပါဘူး။
ဘဏ်တွေအတွက် Cheque Processing စနစ်ဟာ အတော်ကြီးကျယ်တဲ့ လုပ်ငန်းတစ်ခုဖြစ်ပါတယ်။ အဲဒါကြောင့်ဘဏ်တိုင်းမှာ Cheque Processing အတွက် IT System တစ်ခုအမြဲရှိပါတယ်။
Customers တွေဟာ သူတို့ရရှိတဲ့ Cheques လက်မှတ်တွေကို သူတို့အကောင့်ဖွင့်ထားတဲ့ ဘဏ်မှာသွားပြပြီးငွေထုတ်ကြပါတယ်။ (ဒီနေရာမှာ ချက်လက်မှတ်ရေးတဲ့သူရဲ့ ဘဏ်နဲ့ လက်ခံမဲ့လူရဲ့ ဘဏ်အကောင့်ရှိရာ ဘဏ်နဲ့ တူချင်မှလည်းတူပါမယ်။)
#Cheque Usage
Check Clearing (Explained)
ဥပမာ ပေးသူက KBZ အကောင့်ပိုင်ရှင်ဖြစ်ပြီး လက်ခံသူကတော့ AYA အကောင့်ပိုင်ရှင်ဖြစ်နိုင်ပါတယ်။ ဒီတော့ Cheque လက်မှတ်ကိုလက်ခံရရှိတဲ့ AYAဘဏ်က ဒီ Cheque ကို KBZ ဘဏ်ကိုပို့ပြီး ငွေထုတ်ဖို့ (clear) လုပ်ရပါတယ်။ ဒီလိုအနေအထားမှာ ဘဏ်တွေအများကြီး ရှိတဲ့နိုင်ငံမှာဆို ဘဏ်တစ်ခုအနေနဲ့ အခြားသောဘဏ်အများကြီးက Cheques တွေလက်ခံရရှိတာကြောင့် သူဟာသူသာတစ်ဘဏ်ချင်းလိုက်ပို့ရရင် Cheque တစ်ခုငွေထုတ်ဖို့ အလွန်ကြန့်ကြာနိုင်ပါတယ်။
ဒါကြောင့် နိုင်ငံတိုင်းရဲ့ ဗဟိုဘဏ်တွေက သူတို့ရဲ့ကြီးကြပ်မှုအောက်မှာ Cheque Clearing House ဆိုတဲ့ အဖွဲ့အစည်းတစ်ခု တည်ထောင်ပြီး ဘဏ်တွေအများကြီးရဲ့ အလည်ကနေ သူတို့ဘဏ်ကမဟုတ်တဲ့ Cheques တွေကို Clearing House ကိုဘဲပို့စေပါတယ်။ Clearing House ကအခြားဘဏ်ကိုယ်စား စစ်ဆေးပြီးလက်ခံပြီး တနေ့စာရတဲ့ Chequeတွေကို ဘဏ်လိုက်ခွဲစုပြီးမှ တစ်စုတစည်းတည်း ဘဏ်အလိုက်ပြန်ပို့ပေးပါတယ်။
ဘဏ်ရဲ့ IT systems တွေနဲ့ Clearing House နဲ့ချိတ်ဆက်လုပ်ရာမှာ ဒီ Cheque စက္ကူလက်မှတ်တွေအစားကို scan ဖတ်ပြီးသား Images ဓာတ်ပုံတွေဘဲ ပို့ကြပါတယ်။ အဲဒါကြောင့် အလွန်မြန်ဆန်ပြီး တနေ့စာတနေ့ ရှင်းရတာပိုမိုလွယ်ကူပါတယ်။
#Clearing House
Understanding the ACH (Automated Clearing House) Network
ဘဏ်တစ်ခု Clearing House ကလက်ခံရရှိတဲ့ Cheques တွေကို Inward Cheques (ဝင်လာတဲ့ချက်များ) လို့ခေါ်ပြီး မိမိဘဏ်ကချက်မဟုတ်လို့ Clearing House ကိုပြန်ပို့ရမဲ့ အခြားဘဏ်က Cheques တွေကိုတော့ Outward Cheques (ထွက်သွားတဲ့ ချက်များ) လို့ခေါ်ပါတယ်။
ဘဏ်ရဲ့ Cheque Processing IT system ရဲ့အဓိကလုပ်ဆောင်ချက်ကတော့
(၁) Customers တွေဆီကနေ့စဉ်ရှိတဲ့ Cheques တွေကို ဘဏ်အုပ်စုလိုက်ခွဲပြီး Clearing House ကို Outward Cheques အနေနဲ့ ပို့ရပါတယ်။ (ကိုယ့်ဘဏ်က ထုတ်တဲ့ချက် In-House Cheques တွေကလွှဲလို့)
(၂) Clearing House ကနေ့စဉ်လက်ခံရရှိတဲ့ Inward Cheques နဲ့ တွေကို အစစ်ဟုတ်မဟုတ်၊ ထိုးတဲ့လက်မှတ်ကအစ (signature) သေချာစစ်ဆေးပြီး၊ Cheque ပေးတဲ့ အကောင့်ထဲကငွေဖြတ် ပြီးရင်လက်ခံမဲ့ အကောင့်ထဲငွေထည့်တဲ့ အလုပ်ကိုလုပ်ရပါတယ်။
#Cheque Processing
OCR in Banking || RPA
(၃) စစ်ဆေးရာမှာ မအောင်မြင်တဲ့ Cheque တွေ (ဥပမာ ပေးတဲ့ အကောင့်ပိုင်ရှင်မှာ လုံလောက်တဲ့ ငွေမရှိ၊ လက်မှတ်ထိုးထားတာမတူစတဲ့ အချက်ကြောင့်) ကို Clearing House ကို ငြင်းပယ်တဲ့ အချက် (reject reason) နဲ့အတူပြန်ပို့ပေးရပါတယ်။
(၄) ဒါ့အပြင် Cheque Images ဓာတ်ပုံတွေမှာ ရေးထားတဲ့ အကောင့် နံပတ်၊ လက်ခံသူနာမည် (Beneficiary Name) စတဲ့ အချက်အလက်တွေကို OCR (Optical Characters Recognition) နည်းပညာတွေတဲ့ ဖတ်ထုတ်နိုင်တဲ့ စွမ်းရှိဖို့လိုပါတယ်။
Cheque Processing ဟာ ဘဏ်တစ်ခုနဲ့ ဘဏ်အပြင်က အဖွဲ့အစည်းဖြစ်တဲ့ Clearing Houseနဲ့ ချိတ်ဆက်လုပ်ကိုင်ရလို့ SLA (Service Level Agreement) ဆိုတဲ့ ဘယ်နနာရီအတွင်း အပြီးလုပ်ရမယ်ဆိုတဲ့ အချက်ဟာအလွန်အရေးကြီးပါတယ်။
Cut-off time ဆိုတဲ့ နေ့စဉ်ဘယ်အချိန်မှာ နောက်ဆုံးထားပြီး Outward Cheques တွေပို့ရမယ် ၊ အကောင့်ထဲက ဖြတ်လို့ရမရဆိုတဲ့ အချက်ကို ဘယ်နနာရီမှာ နောက်ဆုံးထား အကြောင်းပြန်ရမယ်ဆိုတဲ့အချက်တွေကို သေချာလိုက်နာရပါမယ်။
#လင်းမြိုင်
Keep Reading