Author's Profile Photo

သင်္ကေတ

30/04/2024

ကိုယ်တိုင်ရရှိလာသော စာဖတ်ခြင်းအကျိုးများ

1 min read
Personal Development
General Knowledge
18 Again
ကိုယ်တိုင်ရရှိလာသော စာဖတ်ခြင်းအကျိုးများ's photo
ကျွန်မ စာဖတ်ခြင်းနဲ့ ပတ်သက်ပြီး အကျိုးကျေးဇူး ဆောင်းပါးကို ရေးသားထားပြီးပါပြီ။


  • အခုတစ်ခေါက် ကျွန်မကိုယ်တိုင် စာဖတ်ရင်း ရရှိလာတဲ့စာဖတ်ခြင်းအကျိုးတွေကို မျှဝေလိုက်ပါတယ်။


  1. ကျွန်မ စာဖတ်ရင်း ကြုံရတာက ကျွန်မ စာတစ်ခုဖတ်လိုက်လို့ အဲ့စာကနေ စကားလုံးတစ်လုံး မသိတာ သိလိုက်ရရင် အဲ့စကားလုံးကို ရက်ပိုင်းသိပ်မကြာခင်မှာပဲ ကျွန်မပတ်ဝန်းကျင်မှာ သုံးလာတာမျိုး ဖြစ်တယ်၊ တစ်ယောက်ယောက်နဲ့စကားပြောရင်း အဲ့စကားလုံးပြန်ပါလာတတ်တယ်။ အဲ့ခါ ကျွန်မ အဲ့စကားလုံးကို မမေ့တော့ဘူး၊ တစ်ခါတစ်လေ ကိုယ်တိုင်လည်း ထည့်သုံးလိုက်တတ်တယ်။
  2. ကျွန်မဖတ်ထားဖူးပြီးသား စာအုပ်တွေထဲက အကြောင်းအရာတွေကို မှတ်ထားတဲ့အတွက် စကားပြောစရာကိစ္စရှိလာရင် ချိတ်ဆက် အသုံးပြုနိုင်လာတယ်။
  3. ဖတ်ထားပြီးရင် မေ့သွားတတ်တယ်လို့ ထင်ရပေမဲ့ အကြောင်းအရာတိုက်ဆိုင်ပြီး အရေးကြုံလာတဲ့အခါ ဦးနှောက်မှ ပြန်ပေါ်လာတတ်တယ်။
  4. ဖတ်ထားတဲ့အရာတွေကို လက်တွေ့ဘဝမှာပါ အသုံးချတတ် လာတယ်၊ အခုဆို ကျွန်မ စာရေးတတ်လာမျိုးပါ။
  5. ဝတ္ထုတစ်ခုဖတ်လိုက်ရင်ပဲ ဖြစ်ဖြစ် အဲ့ဝတ္ထုထဲက ကိုယ်ကြိုက်တဲ့ဇာတ်ကောင်ရဲ့ အပြုအမူ အနေအထိုင်အတိုင်း ကောင်းတာတွေကို ကိုယ့်နေ့စဉ်ဘဝမှာပါ နေထိုင်နိုင်လာစေတယ်။


ဒါကတော့ ကျွန်မစာဖတ်ရင်း ရတဲ့အကျိုးတွေပဲ ဖြစ်ပါတယ်။


  • စာဖတ်သူလေးတွေရော ဘယ်လို အကျိုးကျေးဇူးများရကြပါသလဲ။


အောက်က Telegram Channel မှာ ဝင်ပြီး ဖြေဆိုနိုင်ပါတယ်ရှင့်။

My_Collections_Channel

  • https://t.me/My_Colllections_Channel

စာဖတ်သူများကို လေးစားလျှက်......

April 30 Tuesday 2024
17:40 PM (@Ag)

Keep Reading

မိုက်ရဲ့ အရင်းအနှီးတွေက ဘာဖြစ်မလဲ။အရင်းအနှီးအကြောင်း ဂဃနဏ သိပါစေ။စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးဘယ်လုပ်ငန်း နယ်ပယ် အရင်းအနှီး ဈေးကွက်ထဲကို ရောက်နေသလဲဆိုတာ အရင်သိအောင်လုပ်ပါ။ဆီလီကွန်ဗယ်လီမှာ မက်လောက်စရာ အကောင်းဆုံး အလုပ်အဲလက်ဇ်ရဲ့ အရင်းအနှီးက ဘာတွေဖြစ်မလဲ။အဲလက်ဇ် ဘာဂျာ ဘယ်လိုနည်းနဲ့ ဟောလီးဝုဒ်ထဲ ရောက်ခဲ့သလဲ အပိုင်းနှစ်အကျိုးရှိမယ့်စာအုပ်ပဲဖတ်ပါ တံခါးပိတ် လောကထဲက သန်းကြွယ်လောင်းတွေ အပိုင်းနှစ်မရိုးတရိုး