ဒီဆောင်းပါးမှာတော့ စာဖတ်ခြင်းနဲ့ပတ်သက်ပြီး ရရှိလာမယ့် အကျိုးကျေးဇူးလေးတွေအကြောင်း ဖော်ပြပေးလိုက်ပါတယ်။
စာဖတ်တာက မကောင်းဘူးလို့ ပြောကြတဲ့လူနည်းတယ်၊ စာဖတ်တာက ကောင်းတယ်၊ ဟိုစာအုပ်လေးကကောင်းတယ် ဆိုပြီး အချင်းချင်းညွှန်တာပဲဖြစ်ဖြစ် Book Review တွေရေးတင်တာတွေပဲ တွေ့ရတာများတယ်။
- စာစဖတ်ခါစလူတွေပဲ အလေ့အကျင့်မရှိသေးလို့ စာဖတ်ရင်းအိပ်ချင်တာတို့ ဖြစ်မှာပါ၊ ဖတ်လေ့ရှိသွားရင်တော့ မဖြစ်တော့ပါဘူး။
- စာကို နေ့တိုင်းဖတ်ဖို့လိုပါတယ်၊ ကိုယ်အားတဲ့အချိန်တိုင်း စာတစ်ပုဒ်ပြီးပြီး၊ စာမျက်နှာ ၁ ရွက်ပြီးပြီး၊ ဖတ်သင့်ပါတယ်၊ နေ့တိုင်းဖတ်ရင်း ကိုယ့်ရဲ့ စာဖတ်စွမ်းရည်ကို မြှင့်တင်လို့ရပါတယ်။
အဲ့လို နေ့တိုင်း စာဖတ်တဲ့အတွက်လည်း ကိုယ့်အတွက် ရရှိလာမယ့် အကျိုးတွေအများကြီးရှိပါတယ်။
အများကြီးရှိတဲ့ထဲမှ ၆ ချက်ကိုပဲ ရွေးချယ်ထားပါတယ်။
- Reduces Stress and Helps You Relax..... စာဖတ်ခြင်းဖြင့် ကျွန်မတို့ရဲ့စိတ်ဖိစီးမှုတွေကို လျော့ကျစေနိုင်ပြီး အပန်းဖြေစေဖို့အတွက် အကူအညီပေးတယ်။ကျွန်မတို့ စိတ်အဆင်မပြေစရာ ကြုံလာရင် စာဖတ်ပြီးနေလိုက်တာက စိတ်ကို တည်ငြိမ်သွားစေနိုင်လို့ပါ၊ စိတ်ငြိမ်သွားတော့ ကိုယ်နှုတ်အမူအရာတွေ ချက်ချင်းတုံ့ပြန်မှုမဖြစ်စေနိုင်တော့ပါဘူး။ ဆုံးဖြတ်ချက်ချစရာရှိရင်လည်း စိတ်ငြိမ်သွားတော့ သေချာဆုံးဖြတ်ချ ချနိုင်သွားပါတယ်။
- Improves Your Concentration and Memory. ... ကျွန်မတို့ရဲ့ အာရုံစူးစိုက်နိုင်မှုကို တိုးတက်လာစေပြီး မှတ်ဉာဏ်အားကောင်းစေနိုင်တယ်။စာဖတ်တာက ကိုယ့်ဖတ်နေတဲ့အကြောင်းအရာကို သိအောင် ဖတ်ရတဲ့အတွက် စာဖတ်နေတဲ့နေရာမှာ အာရုံစူးစိုက်မှုရှိစေတယ်၊ အဲ့လိုအာရုံစူးစိုက်မှုရှိခြင်းက တခြားကိစ္စတွေလုပ်တဲ့အခါမှာလည်း သက်ရောက်မှုရှိစေတယ်၊ နောက်ပြီး ကျွန်မတို့ စာဖတ်လိုက်ပြီး ဖတ်လိုက်တဲ့အကြောင်းအရာကို ဦးနှောက်က ဒီတိုင်းမနေဘဲ မှတ်သားပေးတယ်၊ ပြန်လည်းတွေးတတ်စေတယ်။အဲ့အတွက် ဦးနှောက်ကအလုပ်လုပ်နေရခြင်းကြောင့် မှတ်ဉာဏ်ကို ထက်မြက်လာစေတယ်။မှတ်ဉာဏ်မေ့လျောမှုကိုလည်း ကာကွယ်ပေးတယ်။
- Vocabulary Expansion and Strengthens Your Writing Abilities..... ဝေါဟာရစကားလုံးတွေ ကျယ်ပြန့်လာခြင်းနှင့် စာရေးသားနိုင်ခြင်းစွမ်းရည်လည်း ကျစ်လစ် ပြေပြစ်မှုရှိစေတယ်။ကျွန်မတို့စာဖတ်တဲ့အခါ ဖတ်ရင်းစကားလုံးအသစ်တွေ သိရတယ်၊ စာရေးဆရာတွေရဲ့ ရေးနည်းရေးဟန်တွေကိုလည်း လေ့လာလို့ရတယ်။ အဲ့တွက် စာရေးခြင်းမှာလည်း ပိုကောင်းလာစေနိုင်တယ်။
- Enhances your Knowledge.... အသိပညာဗဟုသုတတွေ မြင့်မားလာစေတယ်။ ကျွန်မတို့ စာဖတ်ရင်းနဲ့ ဖတ်တဲ့စာအုပ်ပေါ်မူတည်ပြီး ဗဟုသုတမျိုးစုံမတူအောင် ရစေတယ်၊ ဟာသစာအုပ်ဖတ်ရင်တောင် ပျော်ရွှင်ရစေတယ်၊ သုတစာအုပ်ရင် ဗဟုသုတတွေ များစွာရစေတယ်။
- Increases your imagination and creativity တီထွင်ဖန်တီးမှုနှင့် စိတ်ကူးစိတ်သန်းကိုလည်း တိုးလာစေတယ်။ကျွန်မတို့ စာဖတ်ပြီး ဒီတိုင်းမထားဘဲ လိုအပ်တဲ့နေရာမှာ ပြန်အသုံးချဖို့လိုတယ်။ ကျွန်မတို့ ကိုယ်တိုင်လုပ်စရာတွေဖြစ်ဖြစ်၊ အဖွဲ့အစည်းနဲ့လုပ်ရတဲ့ခါပဲဖြစ်ဖြစ် ကျွန်မတို့စာဖတ်ထားတာက တစ်ထောင့်တစ်နေရာကနေ တီထွင်ဖန်တီးမှု၊ အကြံဉာဏ်တွေကို ပေါ်ထွက်လာစေနိုင်တယ်။
- Increases Empathy ကိုယ်ချင်းစာတရားရှိမှုလည်း တိုးပွားလာစေနိုင်တယ်။
ဒါကတော့ စာဖတ်ခြင်းနှင့်ပတ်သက်ပြီး ရရှိလာမယ့် အကျိုးကျေးဇူးတွေပဲဖြစ်ပါတယ်။ စာဖတ်ခြင်းနဲ့ပတ်သက်ပြီး ကောင်းတာတွေပဲ ရှိတာမဟုတ်သလို Disadvantage ဆိုးကျိုးအနည်းငယ်လဲရှိပါတယ်၊ ဒါကတော့ နည်းတဲ့အတွက် မဖော်ပြတော့ပါဘူးရှင့်။
ဒါကြောင့် စာဖတ်သူလေးများလဲ ဗဟုသုတရဖွယ် စာများနှင့်တခြားသောစာများကို တစ်နေ့ထက်တစ်နေ့ ပိုပြီးဖတ်ရှုနိုင်ကြစေရန် တိုက်တွန်းရေးသားလိုက်တော့သည်။
စာဖတ်သူများကိုလေးစားလျှက်......
April 30 Tuesday 2024
17:15PM(@Ag)