အက္ခရာ - Haruki
ကျွန်တော်တို့မြန်မာလူငယ်တွေ လွဲမှားနေကြတဲ့ အယူအဆလေးတစ်ခုရှိပါတယ်။ အဲ့ဒါကဘာလဲဆိုတော့ အောင်မြင်တဲ့သူတစ်ယောက်ဖြစ်ဖို့ဆိုရင် ဘွဲ့ရကိုရရမယ်လို့ ယူဆနေကြတာပါ။ အဲ့လိုယူဆကြတဲ့အတွက် အကြောင်းအရင်းတစ်ခုခုကြောင့် ဘွဲ့မရတဲ့အခါ စိတ်ဓာတ်အကြီးအကျယ်တွေကြပြီး ဘဝကိုအရှုံးပေးသွားတတ်ကြပါတယ်။
ကျွန်တော့်အနေနဲ့ ပညာရေးနဲ့ လေ့လာသင်ယူမှုဟာ ဘဝမှာအောင်မြင်ဖို့အတွက် တစ်ထောင့်တစ်နေရာကနေ အရေးပါတယ်ဆိုတာ မငြင်းပါဘူး။ ဘွဲ့မရတော့ရော ဘာဖြစ်လဲ။ ဘဝတစ်ခုလုံးကို ပျက်စီးသွားတာမှမဟုတ်တာပဲ။
ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုသည်သာ အသိဉာဏ်၊ လေ့ကျင့်မှု၊ ကျောင်းပညာအရည်အချင်းတွေထက် ပိုပြီးအရေးကြီးပါတယ်။ ဘာကြောင့် ကျွန်တော်ဒီလိုပြောရဲရတာလဲ။ ကျွန်တော်တို့ဆီမှာ သက်သေပြစရာ သာဓကတွေအများကြီးမှအများကြီးပါ။
ပညာအများကြီးတတ်ပြီး
ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုမရှိတဲ့သူဟာ ဘဝမှာအောင်မြင်မယ်လို့ ကျွန်တော်မထင်ပါ။ ကျွန်တော်တို့နေထိုင်တဲ့ပတ်ဝန်းကျင်ကိုပဲကြည့်ကြည့်ပါဦး။ ဘွဲ့ရပြီး အလုပ်မရှိ၊ အကိုင်မရှိနဲ့ ပျက်စီးလေလွင့်နေကြတဲ့သူတွေ ပုံလို့။ ကမ္ဘာ့ထိပ်တန်းဘောလုံးသမားရော်နယ်ဒိုလို ချုံကြားမှ ဘုံဖျားသို့ဆိုတဲ့ အောင်မြင်အောင်လုပ်ခဲ့ကြသူတွေလည်း စီလို့...။
အမေရိကန်နိုင်ငံက မီလျံနာသူဌေးအားလုံးရဲ့ ၂၀ ရာခိုင်နှုန်းဟာ ကောလိပ်မတက်ခဲ့ဖူးကြပါဘူး။ ၂၀၀၃ ခုနှစ်မှာ အမေရိကန်နိုင်ငံမှာရှိတဲ့ ဘီလျံနာသူဌေး ၂၂၂ ယောက်မှာ ၂၁ ယောက်ဟာ ဘွဲ့မရခဲ့ကြပါ။ ၂ ယောက်ဆိုရင် အထက်တန်းကျောင်းတောင် ပြီးအောာင် မတက်ခဲ့နိုင်ကြပါဘူး။
ဘီလ်ဂိတ်
ဟားဗတ်တက္ကသိုလ်တက်နေရင်း ကျောင်းထွက်ပြီး ကွန်ပျူတာကို ဇောက်ချလုပ်တယ်။ Microsoft ကုမ္ပဏီကို ထူထောင်လိုက်တယ်။ ယနေ့ သူဟာကမ္ဘာပေါ်မှာ အချမ်းသာဆုံး ပုဂ္ဂိုလ်တစ်ယောက်ဖြစ်နေပါပြီ။
ဒစ်ချေနီ
အမေရိကန်ဒုသမ္မတဟောင်း Dick Cheney ဟာလည်း ကော်လိပ်တက်နေရင်း ပညာတစ်ပိုင်းတစ်စနဲ့ ကျောင်းထွက်ခဲ့သူပါ။
ယနေ့ ကျွန်တော်တို့ကမ္ဘာကြီးမှာ ကြီးပွားအောင်မြင်နေကြသူတွေ၊ ရုပ်ရှင်တစ်ကားရိုက်ရင် ဒေါ်လာသန်း ၂၀ လောက်ရနေတဲ့ သရုပ်ဆောင်တွေ၊ အားကစားသမားတွေ၊ တေးဂီတပညာရှင်တွေ အတော်များများဟာလည်း ကော်လိပ်က ဘွဲ့မရခင် ကျောင်းထွက်ခဲ့ကြသူတွေ၊ ကော်လိပ်မတက်ခဲ့ဖူးကြသူတွေ အတော်ကိုများလှပါတယ်။
ဒီက စာဖတ်သူလေးလည်း ပညာ(သင်ညာ) မတတ်လို့ ဘွဲ့မရလို့ဆိုပြီး စိတ်ပျက်အားငယ်မနေပါနဲ့။ အဲ့ဒီအစား ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုအပြည့်နဲ့ သူတို့လိုအောင်မြင်နိုင်တယ်ဆိုတာကိုသိပြီး အစွမ်းကုန် ကြိုးစားပြလိုက်စမ်းပါ။
ᏂᏗᏒᏬᏦᎥ ( April 30, 2024 . 9:25 AM )
Keep Reading