Lin Myaing
Behind an ATM Machine
ATM စက်ရဲ့နောက်ကွယ်မှာ ဘာတွေရှိလဲဆိုတဲ့ အကြောင်းဖြစ်ပါတယ်။ (နံရံရှိတယ် ဆိုလား? ဒါမှမဟုတ် “Crash Landing on You” ဗိုလ်ကြီးကားထဲက မြောက်ကိုရီးယန်းတွေပြောသလို စက်ထဲမှာ လူတစ်ယောက်ထိုင်စောင့်နေပြီး အတွင်းကနေ ငွေတွက်ပြီး ထုတ်ပေးတယ် ဆိုလား?)
#Automated Teller Machine (ATM)
ဒီခေတ်မှာ ဘဏ်တိုင်းနီးပါး ATM စက်ရှိကြပါတယ်။ ATM ဆိုတာငွေထုတ်လို့ရတဲ့စက်လို့ လူတိုင်းသိကြပါတယ်။ ဒါမဲ့ ဒီစက်မှာငွေထုတ်တိုင်း နောက်ခံမှာ ဘာတွေဖြစ်လဲဆိုတာရှင်းပြချင်ပါတယ်။
ATM စက်ဟာ ငွေသွင်း၊ငွေထုတ်၊ငွေလွှဲ အလုပ်ကို အဓိက ဝန်ဆောင်ပေးလို့ Customers တွေ ငွေသွင်းငွေထုတ်ကိစ္စနဲ့ ဘဏ်သွားရတဲ့ ဒိုးခကင်းပါတယ်။ ဘဏ်ဘက်ကကြည့်ရင်လည်း ဘဏ်ခွဲတွေမှာ အဲလိုသူတွေနည်းသွားရင် ရှိတဲ့ဝန်ထမ်းတွေ ငွေသွင်းငွေထုတ် အလုပ်ထက် အခြားပိုအရေးကြီးတဲ့ တာဝန်တွေ (အကောင့်ဖွင့်တာ၊ ချေးငွေလျောက်တာ) ကို အာရုံစိုက်လို့ ရပါတယ်။ အဲဒါကြောင့် ဘဏ်ရဲ့ကောင်တာဝန်ထမ်း (Teller) ကိုယ်စားအလုပ်လုပ်ပေးလို့ “Automated Teller Machine - ATM” လို့ခေါ်တာဖြစ်ပါတယ်။
#ATM Components
ATM စက်တစ်လုံးဟာ တကယ်တော့ အခြားစက်အပိုင်းတွေနဲ့တွဲချိတ်ထားတဲ့ Computer တစ်လုံးဘဲ ဖြစ်ပါတယ်။ သူ့မှာ Data လက်ခံတဲ့ (input) အပိုင်း ၂ခု နဲ့ Data ထုတ်ပေးတဲ့ (output) အပိုင်း ၄ ခုရှိပါတယ်။
Input အပိုင်းတွေကတော့
၁) Card Reader လို့ခေါ်တဲ့ Customer ရဲ့ ATM card ကိုဖတ်တဲ့ စက်အပိုင်း
၂) Keypad လို့ခေါ်တဲ့ Customer ရဲ့ PIN လျို့ဝက်နံပတ်ကို ရိုက်ထဲ့လို့ရတဲ့ စက်အပိုင်း
#ATM Components - Outputs
Output အပိုင်းတွေကတော့
၁) Display Screen ကတော့ အချက်အလက်တွေပြတဲ့ computer screen ပေါ့ (ခုနောက်ပိုင်းစက်တွေမှာ touch screens တွေ ဖြစ်ပြီး input အနေနဲ့လည်း လုပ်ဆောင်ပေးပါတယ်)
၂) Cash Dispenser လို့ခေါ်တဲ့ ငွေစက္ကူထုတ်ပေးတဲ့ စက်အပိုင်း
၃) ငွေထုတ်တိုင်း လက်ကျန်ငွေစာရွက်လေး ထုတ်ပေးတဲ့ Receipt Printer
၄) စက်ကပြောတဲ့ အသံကိုထုတ်ပေးတဲ့ Speaker (PIN ရိုက်တိုင်း “တီတီတီ” ဆိုပြီး keypad ရိုက်တာ သတိထားမိအောင် အသံထွက်တဲ့ နေရာ)
#Bill Validator
ATM စက်အတွင်းပိုင်းထဲမှာ အဓိကအရေးကြီးတဲ့စက်ကတော့ Bill Validator ဖြစ်ပါတယ်။ သူ့မှာ စက်ထဲဖြတ်တဲ့ ငွေစက္ကူတိုင်းကို စစ်တဲ့ electric eye နဲ့ sensor ဆိုတာရှိပါတယ်။ သူကတော့ လူရဲ့မျက်လုံးလို စက်ထဲ ဝင်တဲ့ထွက်တဲ့ ငွေတိုင်းကို scan ဖတ်ပြီး
၁) ငွေစက္ကူရဲ့ magnetic pattern ကိုစစ်ပြီး ငွေအတုအစစ်ခွဲတဲ့ အလုပ်
၂) ငွေစက္ကူရဲ့ serial no ကို OCR (Optical Character Recognition) နဲ့ဖတ်ပြီး record လုပ်တဲ့ အလုပ်
၃) ငွေစက္ကူရဲ့ အထူအပါးကိုစစ်ပြီး ငွေတစ်ရွက်ထဲလား ၂ရွက်ကပ်နေတာလား ဆိုတာစစ်တဲ့ အလုပ်
၄) ငွေရေတွက်တဲ့အလုပ် တွေလုပ်ပေးပါတယ်။
ဒီလိုစစ်တာနဲ့ မကိုက်ညီတဲ့ ငွေစက္ကူတွေကို reject bin လို့ခေါ်တဲ့ စက်အကန့်တစ်ခုထဲပို့ပေးပါတယ်။ ငွေသွင်းစက်မှာဆိုရင်တော့ ဒီ Bill Validator ရဲ့စစ်ချက်မကိုက်ညီတဲ့ ငွေစက္ကူကို ငွေသွင်းလက်မခံဘဲ ချက်ချင်းပြန်ထုတ်ပေးပါတယ်။
#ATM_Security
ATM စက်တွေဟာ မသမာသူတွေရဲ့ နံပတ် ၁ target ဖြစ်ပါတယ်။ ATM စက်တွေရဲ့ အတွင်းထဲမှာ ငွေစက္ကူတွေထည့်ထားတဲ့ သေတ္တာတစ်ခုရှိပါတယ်။ အဲဒီသေတ္တာဟာ တကယ်တော့ မီးခံသေတ္တာလို သေချာတည်ဆောက်ထားပါတယ်။ ATM စက်ကို အကြမ်းဖက်ဖောက်ရင် alarm မြည်ပြီး မီးခံသေတ္တာဖောက်ဖို့အချိန်အလွန်ကြာလို့ ဖောက်မပြီးခင်ဘဲ ရဲတွေရောက်လာနိူင်ပါတယ်။ ဒီ ATM စက်ကြီးတစ်ခုလုံးကို ကားနဲ့ ဆွဲသွားပြီး အခြားမှာ အကြမ်းနည်းနဲ့ ဖွင့်ရင် အဲဒီသေတ္တာထဲမှာပါတဲ့ မှင်အိတ်ပေါက်သွားပြီး အထဲမှာပါတဲ့ ငွေစက္ကူတွေပျက်စီးသွားမှာ ဖြစ်ပါတယ်။ ခုနောက်ပိုင်း ATM စက်တိုင်းမှာ GPS တတ်ထားလို့ စက်ကိုဆွဲပြေးတာနဲ့ လမ်းကြောင်းတစ်လျောက် ဘယ်ရောက်နေတာလဲဆိုတာ သိနိုင်ပါတယ်။
ဒါအပြင် ATM စက်တွေမှာ ငွေထုတ်သူရဲ့ နောက်ကွယ်မှာ လာရောက် အန္တာရာယ်ပြုနိုင်လို့ နောက်ကွယ်ကိုမြင်ရတဲ့ မှန် (awareness mirror) တို့၊ ဘေးကနေလှမ်းကြည့်ရင် screen ကိုမမြင်ရတဲ့ anti skimming screen တို့၊ နောက်ပြီး Customers ထုတ်တဲ့ငွေကို ငွေထွက်တဲ့ထွက်ပေါက်ကတဆင့်မထွက်အောင် cash trapping လို့ခေါ်တဲ့ ပစ္စည်းတမျိုးနဲ့ ကြားခံပိတ်ထားပြီး၊ Customers က စက်ပျက်တယ်ထင်ပြီး ထွက်သွားမှ မသမာသူကယူတဲ့နည်းကို ကာကွယ်တဲ့ anti cash-trapping စတဲ့ စနစ် တွေပါဝင်ပါတယ်။
#ATM Companies
နည်းမျိုးစုံနဲ့ တိုက်ခိုက်ခံရနိုင်တဲ့ ATM စက်တွေကို အထက်ပါလုံခြုံရေးအပြင် အခြားသော လုံခြုံရေးတွေပါ သေချာထည့်သွင်းဖို့ ATM industry အတွက်သင့်တော်တဲ့ အချက်တွေသတ်မှတ်ပေးတဲ့ ATM Industry Association (ATMIA) ဆိုတာရှိပါတယ်။ ATM စက်ထုတ် Companies တွေက ATMIA ရဲ့ guideline အတိုင်းထုတ်ကြပါတယ်။ နာမည်ကြီး Companies တွေထဲမှာ အမေရိကန်အခြေစိုက် NCR, Deibold၊ ဂျာမနီ အခြေစိုက် Wincor Nixdorf နဲ့ တရုတ်အခြေစိုက် GRGBanking တို့ပါဝင်ပါတယ်။
ဘဏ်ရဲ့ ATM စက်တွေအားလုံးဟာ သူတို့နောက်ခံမှာ ATM Host / ATM Controller လို့ခေါ်တဲ့ ဒီစက်တွေအကုန်လုံးကလာတဲ့ ငွေထုတ်မယ်၊ အကောင့်ငွေစစ်မယ်၊ ငွေလွှဲမယ်ဆိုတဲ့ တောင်းဆိုချက် (ATM transactions) တွေကို လမ်းကြောင်းရိုက်ပေးတဲ့ စက်ရှိပါတယ်။ ATM စက်တွေအကုန်လုံးဟာ ဒီနည်းနဲ့ မိခင်ဘဏ် (ATM Card ထုတ်တဲ့ Issuing Bank) ကိုပြန်ချိတ်ကြပါတယ်။
#ATM Host
ATM Host နဲ့ ATM စက်တွေဟာ ချိတ်နည်း ၂ မျိုးနဲ့ ချိတ်လို့ရပါတယ်။
၁) leased-line လို့ခေါ်တဲ့ စက်တွေကနေ host processor ဆီ ဒါရိုက်အမြဲချိတ်ထားတဲ့ လိုင်းနဲ့ (အိမ်မှာ broadband အင်တာနက် တပ်ထားသလိုဘဲ speed မြန်တယ် လိုင်းကျဖို့မလွယ်ဘူးပေါ့)၊
၂) နောက်တစ်နည်းက Internet ပေါ်ခါစက ဖုန်းလိုင်းကတဆင့် အင်တာနက်သုံးသလို modem ခံပြီး တဆင့်ချိတ်ရတဲ့ dial-up connection ဖြစ်ပါတယ်။ (ဒီနည်းကတော့ မသုံးကြတော့ပါဘူး)
ATM Host ရဲ့နောက်ဘက်မှာ Interbank network လို့ခေါ်တဲ့ ဘဏ်အသီးသီးကို ချိတ်ပေးတဲ့ ATM networks တွေ ရှိပါတယ်။ ဒီမှာ network အမျိုးစား ၃မျိုးရှိပါတယ်။
#ATM Network
၁) အချို့ဘဏ်တွေက ကိုယ်ပိုင် Private ATM network ကိုဘဲသုံးပြီး ကိုယ့် ATM ကိုယ့် Network နဲ့နေပါတယ်။
၂) ATM Processor Network လို့ခေါ်တဲ့ အခြားဘဏ်တွေကိုနဲ့ချိတ်တဲ့ networks (ဥပမာ MPU, NETs, VISA Plus, CIRRUS) တွေကို ဆက်ချိတ်ပြီး မသုံးပါဘူး။
၃) အချို့ဘဏ်တွေက ကိုယ်ပိုင် Private ATM network ရော ATM Processor Network ပါ၂ခုလုံးကို ချိတ်ပါတယ်။ ဒါကတော့ CitiBank တို့၊ HSBC တို့လို နိုင်ငံတိုင်းမှာ ဘဏ်ခွဲရှိတဲ့ ဘဏ်အကြီးကြီးတွေရဲ့ နည်းဖြစ်ပါတယ်။
ဘာကွာလဲဆိုတော့ ကိုယ်ပိုင် network ကိုသုံးတဲ့ ဘဏ်ရဲ့ ATM စက်တွေမှာ အဲဒီဘဏ်ရဲ့ ATM card ဘဲသုံးလို့ရပါတယ်။ အခြားဘဏ်က ကဒ်နဲ့ငွေထုတ်လို့မရပါဘူး။ ATM processor ကိုသုံးရင်တော့ ATM Processor Network (ဥပမာ MPU) မှာပါဝင််တဲ့ ဘဏ်တွေ အကုန်လုံးရဲ့ ATM တွေမှာ ဘယ်ဘဏ်ကမဆို ငွေထုတ်လို့ရပါတယ်။ (ဒါ့ကြောင့် AYA card နဲ့ KBZ ATM ထုတ်လို့ရတာပါ။) ATM Processor သုံးရင် ဝန်ဆောင်ခ (Transaction Fee) ပေးရလို့ အဲလိုမတူတဲ့ ATM ကထုတ်ရင် Customers ဆီက ဝန်ဆောင်ခ ယူပါတယ်။
#Private ATM Network
Private ATM Network ကတော့ ဘဏ်ကိုယ်ပိုင်ဖြစ်လို့ transaction fee ဆိုတာ မရှိပါဘူး။ (ဒီ network ထိန်းသိမ်းခဘဲရှိပါတယ်) ဥပမာ ဘဏ်ကြီးတွေက Customers အရေအတွက်လည်းများတယ်၊ ATM စက်တွေလည်းနေရာအနှံရှိတယ်ဆိုရင် ကိုယ်ပိုင် Private ATM network သုံးတာ ပိုကောင်းပါတယ်။ ဒါပေမဲ့ ဘဏ်ရဲ့ Customers base ကသေးတယ်၊ ATM စက်တွေလည်း အများကြီးမထားနိုင်ရင် သူ့ရဲ့ Customers တွေ ATM ရှာရတဲ့ ဒုက္ခနည်းအောင် အခြားဘဏ်တွေရဲ့ ATM စက်တွေကို အသုံးပြုခပေးပြီး သူရဲ့ ATM card ကို သုံးလို့ရအောင်လုပ်လို့ရပါတယ်။
ဥပမာ စင်ကာပူမှာ DBS Bank ဟာ အကြီးဆုံးဖြစ်လို့ သူ့ ATM စက်တွေမှာ DBS ATM card ဘဲလက်ခံပါတယ်။ အဲဒါကို ပြိုင်ဆိုင်ဖို့ UOB နဲ့ OCBC ဘဏ်၂ခုညပူးပေါင်းပြီး NETs ATM network တဆင့် ဘဏ်၂ခုလုံးရဲ့ ATM တွေမှာ UOB card ဖြစ်ဖြစ်၊ OCBC card ဖြစ်ဖြစ် ငွေထုတ်လို့ရအောင် လုပ်ထားပါတယ်။ အလားတူဘဲ MPU network လိုချိတ်ထားတဲ့ ဘဏ်ရဲ့ ATM cards တွေကတော့ MPU network မှာပါတဲ့ ဘဏ်တွေအကုန်လုံးရဲ့ ATMs မှာ ဘယ်ဘဏ်ကမဆိုထုတ်တဲ့ ATM Card နဲ့ထုတ်လို့ရပါတယ်။ (မသုံးခင် ကဒ်မှာ နဲ့ သုံးမဲ့ ATM မှာ MPU တံဆိပ်ကပ် ထားလားကြည့်သင့်ပါတယ်။)
အချို့ဘဏ် ATM တွေက ATM Processor network တော့ချိတ်ထားတယ်၊ ဒါပေမဲ့ brand image ထိခိုက်မှာစိုးလို့ သူ့ရဲ့ ATM တွေကို share မသုံးဘူးဆိုတာတော့ ရှိနိုင်ပါတယ်။ ATM processor network ချိတ်ရင် နောက်ကောင်းတဲ့ အချက်ကတော့ ATM စင်တွေအပြင် သူတို့ချိတ်ထားတဲ့ စျေးဆိုင်တွေမှာ ATM card နဲ့ ငွေချေစျေးဝယ်လို့ရပါတယ်။
#ATM_Processor and Cash Settlement
ဒီ MPU, NETS, VISA Plus, CIRRUS, Union Pay စတဲ့ ATM network ဝန်ဆောင်မှုပေးတဲ့ Company တွေကို ATM Processor လို့လည်းခေါ်ပါတယ်။
MPU (Myanmar Payment Union) ဟာ မြန်မာပြည်မှာရှိတဲ့ ဘဏ်အားလုံးကြားမှာ ချိတ်ပေးတဲ့ ATM Network ဖြစ်ပြီး သူကတဆင့် အခြား စျေးရောင်းသူ (ဥပမာ CityMart, Ocean စတဲ့) Merchants နဲ့ချိတ်ပြီးလဲ ATM card နဲ့ငွေပေးလို့ရအောင် ဆောင်ရွှက်ပေးပါတယ်။ NETS ကတော့ အလားတူ စင်ကာပူဘဏ်တွေကို ချိတ်ပေးတဲ့ ATM Network ဖြစ်ပါတယ်။ အလားတူ တရုတ်ပြည်မှာ China UnionPay ဆိုတာရှိပါတယ်။
VISA Plus ကတော့ VISA Credit Card Network ပိုင်တဲ့ VISA Company ရဲ့ ကမ္ဘာအရပ်ရပ်က သူနဲ့ချိတ်ထားတဲ့ ဘဏ် ATM တွေကိုချိတ်ပေးတဲ့ ATM network ဖြစ်ပါတယ်။ Customer ရဲ့ ATM card မှာ “VISA Plus” ဆိုတာပါရင် ရောက်တဲ့နိုင်ငံမှာ “VISA plus” တံဆိပ်ကပ်ထားတဲ့ ATM တိုင်းမှာ ငွေထုတ်လို့ရပါတယ်။ အလားတူ Cirrus ကတော့ MasterCard Company ရဲ့ ATM network ဖြစ်ပါတယ်။
#ATM Components
ATM card နဲ့ ငွေထုတ်တိုင်း၊ ငွေလွှဲတိုင်း ကိုယ်သုံးတဲ့ ATM ကတဆင့် ATM Host > ATM Processor Network > Card Issuing Bank ဆိုတဲ့ လမ်းကြောင်းကိုဖြတ်ရပါတယ်။ ATM card ထဲမှာသိမ်းထားတဲ့ အကောင့်နံပတ်နဲ့အတူ ထုတ်မဲ့လွှဲမဲ့ ငွေပမာဏကို ရှိမရှိစစ်ပြီး ငွေကို အကောင့်တစ်ခုထဲကဖြတ် အခြားအကောင့်တစ်ခုထဲ ပေါင်းပေးလိုက်ပါတယ်။
ဒါနေရာမှာ ATM processor network (ဥပမာ MPU, VISA Plus) ကတဆင့် ငွေထုတ်ရင် ထုတ်ငွေအပြင်၊ ဝန်ဆောင်ခ (Transaction Fee) ကိုပါ ပေါင်းပြီး ငွေထုတ်ပေးလိုက်တဲ့ ATM ဘဏ်ကို အဲငွေပေးဖို့ လိုပါတယ်။ ဒါပေမဲ့လက်တွေ့မှာ ရှိသမျှဘဏ် တစ်ဦးချင်းဆီငွေလွှဲဖို့ဆိုတာ အလွန်အလုပ်ရှုပ်ပါတယ်။ ဒါကြောင့် ATM Processor (ဥပမာ MPU) ကကြားခံအဖြစ် လွှဲပေးလိုက်ပါတယ်။ MPU ကဆိုင်ရာဘဏ်နဲ့ ငွေရှင်းရုံပါဘဲ။ ဘဏ်အတော်များများဟာ ငွေထုတ်ပြီး နောက်နေ့ (T+1) today (ဒီနေ့) ကနေ့တရက်အကြာမှာ ငွေရှင်းပါတယ်။ (ငွေရှင်းတယ်ဆိုတာ ငွေစက္ကူထုတ်ကိုင်ပြီး သွားပို့တာကိုပြောတာပါ၊ အကောင့်မှာလွှဲတာက နံပတ်လေးတွေဟိုဘက် ဒီဘက်ပြောင်းတဲ့ စာရင်းပါဘဲ။)
ATM processor နဲ့ အခြားဘဏ်တွေရဲ့ ကြားမှာတော့ ATM Processor သတ်မှတ်တဲ့ ငွေရှင်းတဲ့ကြာချိန် (ဥပမာ T+2) ဆိုတာရှိပါတယ်။ ၂ ရက်ကြာမှ အခြားဘဏ်က ငွေရမယ်ပေါ့။
#လင်းမြိုင်
Keep Reading