Author's Profile Photo

မြသွန်း(တောင်ဒဂုံ)

28/04/2024

?Uno gameအကြောင်းသင်ဘယ်လောက်သိပြီးပြီလဲ???

2 mins read
Business
General Knowledge
History
?Uno gameအကြောင်းသင်ဘယ်လောက်သိပြီးပြီလဲ???'s photo

?ယနေ့ခေတ် လူကြီး၊လူငယ်၊ကလေးအရွယ်သုံးပါးလုံးကြားမှာ ရေပန်းစားနေတဲ့Uno ‌ကဒ်gameအကြောင်းကို မိတ်ဆွေတို့ဘယ်လောက်သိပြီးပြီလဲ? Unoဆိုတာကိုအခုမှကြားဖူးရင်တော့ သေချာတယ်... မိတ်ဆွေတို့က ဘိုးတော်ဘုရားခေတ်ကို ရောက်နေလို့ပဲဖြစ်မယ်ထင်ပါတယ်။ တကယ်လို့ကစားနည်းကို မသိသေးဘူးဆိုရင်တော့ အင်တာနက်ပေါ်မှာရိုက်ရှာပြီး သင်ယူနိုင်ပါတယ်။ ဒီနေ့မှာအဓိက sharing လုပ်ပေးချင်တာက Unoကို ဘယ်လိုကစားရမလဲဆိုတဲ့နည်းပညာမဟုတ်ဘဲနဲ့ Unoနောက်ကွယ်က လူသိနည်းတဲ့ စိတ်ဝင်စားစရာအကြောင်းလေးတွေကို ပြောပြပေးချင်တာပါ။

? ပထမဦးဆုံးအချက်ကတော့ အသံထွက်ကိစ္စပဲဖြစ်ပါတယ်။ ဒီကစားနည်းရဲ့တကယ့်အသံထွက်အမှန်က "အူနို"ပါ။ ဒါမယ့်ပတ်ဝန်းကျင်မှာ တစ်ချို့လူတွေက "ယူနို"လို့မှားပြီးထွက်နေကြတာကိုတွေ့ဖူးပါတယ်။ ပြီးတော့တစ်ချို့ကလည်း "Uno"က ဂျပန်စကားလုံးကနေ ဆင်းသက်လာတယ်လို့ယူဆနေကြပါတယ်။ တကယ်တော့ Unoဆိုတာ ပြင်သစ်စကားလုံးကနေ ဆင်းသက်လာတာဖြစ်ပြီးတော့ နံပါတ်(၁)လို့အဓိပ္ပာယ်ရပါတယ်။ နောက်တစ်ချက်ကတော့ Uno gameဟာ အခုမှထပေါ်တဲ့ ကစားနည်းတစ်ခုမဟုတ်ပါဘူး။ သူ့ရဲ့သက်တမ်းက မိတ်ဆွေတို့ရဲ့အသက်ထက်တောင် ကြီးကောင်းကြီးနေနိုင်ပါတယ်။ တကယ်တော့ Unoကို ၁၉၇၁ခုနှစ်တုန်းက အမေရိကန်လူမျိုး ဆံသဆရာ Merle Robbinsက စတင်တီထွင်ခဲ့တာဖြစ်ပါတယ်။ ဒီတော့ Unoရဲ့သက်တမ်းက နှစ်ပေါင်း(၅၀)ကျော်သွားပါပြီ။

? နောက်ပြီး တကယ်တော့Unoဆိုတာ ဖဲကစားနည်းကနေ ခွဲထွက်လာတာပါ။ Merleတို့မိသားစုက ဖဲကစားရတာကို ဝါသနာကြီးကြပါတယ်။ ဒါမယ့်တစ်ရက်မှာ Merle က သူ့သားနဲ့ဖဲကစားရင်း စည်းမျဉ်းစည်းကမ်းတွေနဲ့ပတ်သတ်ပြီး အငြင်းပွားခဲ့ရပါတယ်။ ဒါကြောင့် Merleတစ်ယောက် အခုလိုစကားမများချင်တော့တာကြောင့် ကစားနည်းစည်းမျဉ်းစည်းကမ်းတွေကို သူကိုယ်တိုင်ထုတ်ပြီး အဲ့ဒီမှာပဲ "Uno"ကပေါက်ဖွားလာခဲ့တာပါ။ နောက်တော့ဒီကစားနည်းပေါ်မှာ Merleတို့မိသားစုဟာ ရင်းနှီးမြှုပ်နှံမှုအကြီးကြီးတစ်ခု ပြုလုပ်လိုက်ပါတယ်။ ဘာလို့လဲဆိုတော့ Merle ရဲ့သူငယ်ချင်းတွေရော၊ ပတ်ဝန်းကျင်ကသူတွေအားလုံးကပါ Unoကစားရတာကိုကြိုက်နှစ်သက်တယ်မှန်း Merleက သတိထားမိသွားတော့ ဒေါ်လာ၈၀၀၀လောက်ရင်းပြီး Unoကဒ်တွေကို ကဒ်၅၀၀၀လောက် copyပွားခဲ့ပါတယ်။

?သဘောက ဒါကနေ သူစီးပွားရေးတစ်ခုတည်ထောင်တော့မယ်ပေါ့။ ဒါကြောင့် သူတို့မိသားစုတစ်စုလုံးဟာ တုံ့ဆိုင်းမနေဘဲ အိမ်ကိုပါရောင်းချပြီး ကော်ပီပွားဖို့ပိုက်ဆံဖန်တီးလိုက်ပါတယ်။ ဒီလိုနဲ့သူတို့လည်း လမ်းမပေါ်မှာနေထိုင်ပြီး Unoကစားပြရင်း ကဒ်တွေကိုရောင်းချခဲ့ပါတယ်။ ဒါဟာတော်တော်လေးကို စွန့်စားလွန်းအားကြီးတယ်လို့လည်း ပြောလို့ရပါတယ်။ ဒါမယ့်နောက်ပိုင်းမှာ သူတို့ရဲ့စွန့်စားမှုကြီးက လုပ်ခဲ့ရကျိုးနပ်ခဲ့ပါတယ်။ အဲ့ဒီကဒ်အသေးလေးတွေကိုရောင်းချခဲ့တာဟာ အခုလက်ရှိဒေါ်လာ(၁)သန်းဝက်လောက်ရရှိခဲ့ပါတယ်။ ဒါမယ့်အခုတော့ Uno game ကို ကမ္ဘာကျော်ထိပ်တန်းအရုပ်ကုမ္ပဏီတစ်ခုဖြစ်တဲ့ Mattelက ဝယ်ယူပိုင်ဆိုင်ထားတာပဲဖြစ်ပါတယ်။

?အဲ့ဒီအချိန်ကတည်းက ရေပန်းစားလာခဲ့တဲ့ Uno game ဟာ အခုလက်ရှိအချိန်အထိ လူငယ်တွေကြားမှာမရိုးသွားခဲ့ပါဘူး။ ဒါအပြင် Uno official application တစ်ခုကိုပါဖန်တီးထားတာကြောင့် ကိုယ်နဲ့ကစားဖော်မရှိတဲ့faတွေလည်း စိတ်ပူစရာမလိုတော့ပါဘူး‌ေပါ့ရှင်။ offline ကနေလည်း ကွန်ပြူတာနဲ့ကစားနိုင်သလို online ကနေပါ ကိုယ့်သူငယ်ချင်းတွေနဲ့ချိတ်ဆက်ပြီး ကစားလို့ရပါသေးတယ်။ ဒါ့အပြင် ပိုပြီးထူးခြားတဲ့အပိုင်းက အခုဆိုရင် Unoကို မျက်မမြင်တွေပါ ကစားလို့ရအောင်ဖန်တီးထားဝာာကြောင့် Unoကို ဘယ်လိုလူပဲဖြစ်ဖြစ် ဆော့ကစားလို့ရနိုင်သွားပါပြီ။ နောက်ပြီး ကလေးတွေအတွက်ဆိုပြီးတော့လည်း Harry potter, Barbie, Minions စတဲ့ ကာတွန်းလေးတွေပါတဲ့ Unoကဒ်တွေကိုလည်း ထုတ်လုပ်ဖြန့်ချီထားပါသေးတယ်။

?နောက်ဆုံးအနေနဲ့ ပြောချင်တာကတော့ ဒီUno game လေးက အရမ်းကိုစိတ်ဝင်စားစရာကောင်းပြီး ပျော်ဖို့လည်းကောင်းတာကြောင့် မကစားဖူးကြတဲ့မိတ်ဆွေတွေရှိရင် စမ်းပြီးဆော့ကြည့်ကြဖို့ recommend ပေးးချင်ပါတယ်။ အခုလက်ရှိ Uno တစ်ထုပ်ရဲ့ပေါက်ဈေးကတော့ ၃၀၀၀ကနေ ၃၅၀၀အထိရှိပါတယ်။ ဈေးကလည်းသိပ်မကြီးတာကြောင့် ဒီလိုပူလောင်နေတဲ့နွေရာသီမှာ မလှုတ်မရှားဘဲ အေးအေးဆေးဆေးထိုင်ပြီး အပန်းဖြေရင်း ဆော့ကစားရအောင်လို့ Unoတစ်ထုပ်လောက်တော့ အမြန်ဆုံးဝယ်ထားလိုက်ကြတော့နော်...

Keep Reading

အောင်မြင်ဖို့ အဓိက ဘာလိုသလဲ "ပန်နိုရာ" တိုက်မှ ပထမဆုံးရိုက်နှိပ်ထုတ်ဝေလိုက်သည့် "မိနစ်ပိုင်းစာ စီးပွားပညာ" အပိုင်း(၁) စာအုပ်ကို 𝗣𝗿𝗲-𝗼𝗿𝗱𝗲𝗿 မှာယူနိုင်ပါပြီ။3L for Successချွေတာမလား၊ ပိုရှာမလားမြန်မာပြည်က လူငယ်အများစုရဲ့ ဖွံ့ဖြိုးတိုးတက်မှုကို ပိတ်ဆို့စေတဲ့အရာနှစ်ခုစီးပွားရေးလုပ်ရာတွင် မသိမဖြစ်သိသင့်သော Generic Strategy အကြောင်း လုံခြုံစိတ်ချရမှုကိုရွေးမလား၊ စွန့်စားမလားPersonal Budget အတွက် 50/30/20 Rule ◾ဘ၀က ပိုလွယ်ကူလာတာမဟုတ်ဘူး၊ ကျွန်တော်တို့က ခံနိုင်ရည်ပိုရှိလာတာ ◾Financial Statement ကို ထိန်းချုပ်နိုင်ခြင်းက Financial Freedom အတွက်အခြေခံပဲ ◾