Author's Profile Photo

SarPhat Author

28/04/2024

ငါ့ကိုယ်ထဲ ငါ ပြောတဲ့စကားတွေ

1 min read
Personal Development
General Knowledge
18 Again
ငါ့ကိုယ်ထဲ ငါ ပြောတဲ့စကားတွေ's photo

မင်းဘာသာမင်း ဘာတွေပဲ ဖြစ်နေဖြစ်နေ၊ ဘယ်လို ဒုက္ခတွေပဲ ကြုံကြုံ၊ ဘယ်လို ပြဿနာတွေပဲ ရင်ဆိုင်ရ ရင်ဆိုင်ရ၊ ဘာတွေပဲ ဆုံးရှုံးနေပါစေ၊ ကမ္ဘာကြီးက လည်နေဦးမှာပဲ။ ပျော်ရွှင်ခြင်းတွေ ဝမ်းနည်းခြင်းတွေဆိုတာလည်း ကြုံနေရဦးမှာပါပဲ။ ဝမ်းနည်းလို့၊ ခံပြင်းလို့၊ ကြောက်လို့၊ ဒေါသထွက်လို့ဆိုပြီး ရပ်နေလို့မရဘူး၊ ငေးနေလို့မရဘူး၊ တွေးနေလို့မရဘူး၊ ဆွေးနေလို့မရဘူး။

နေ့တိုင်းက ရွေးချယ်နေရတာ၊ ဘာကို ရွေးမှာလဲ တစ်ခုခုတော့ မင်းရွေးနေရလိမ့်မယ်။ ရွေးလိုက်တဲ့ အပေါ်မှာလည်း တာဝန်ယူစိတ်အပြည့်နဲ့ ခံယူရလိမ့်မယ်။ လူတိုင်းလူတိုင်းက နေ့စဉ်နဲ့အမျှ ရွေးချယ်ခြင်း သင်္ဘာပေါ်မှာပဲ တက်ထိုင်ပြီး လိုက်နေကြရတာ။ ဝမ်းနည်းခြင်းဆိပ်ကမ်းမှာတော့ အကြာကြီး မကပ်မိစေနဲ့ပေါ့။ မင် ဝမ်းနည်းနေလို့ဆိုပြီး မင်းကို စာနာပေးဖို့ ဘယ်သူ့မှာမှ တာဝန်ရှိမနေဘူး။ မင်း ဒုက္ခရောက်နေလို့ ကူညီပေးဖို့လည်း ဘယ်သူ့ကို တာဝန်ယူခိုင်းစရာမလိုဘူး။

မင်းဘဝအတွက် Motivation ဆိုတာ မလိုဘူး၊ လိုအပ်တာက Discipline ပဲ။ လိုချင်တဲ့နေရာရောက်သွားလို့ရော မင်းကျေနပ်နိုင်ပြီလားဆိုတော့ မဟုတ်သေးဘူး။ ခရီးသစ်တွေ ထပ် ထပ် ဖန်တီးပြီး ထပ် ထပ် သွားနေကြရဦးမှာပဲ။ ဒါဆို မင်း သင်္ဘောကြီးပေါ်က ခုန်ချလိုက်မယ်လို့ မင်းတွေးတယ်မလား။ ဒါဆိုလည်း လုပ်လေ။ ဒါကလည်း မင်းရွေးချယ်မှူပဲ။ ရေထဲပဲမျောမျော၊ ကမ်းတစ်ခုမှာ ကပ်ပြီး ရေညှိတက်တဲ့ ကျောက်တုံးတစ်တုံးပဲဖြစ်ဖြစ် ဖြစ်သွားပါစေ။ မှော်ညှိတက် ကျောက်တုံးကိုက ‌မင်းရွေးချယ်မှူဖြစ်သွားပြီ။ နေတတ်ရင် ကျေနပ်စရာကြီးပေါ့လေ။

တကယ်တော့ ဘာမှမဖြစ်ပါဘူး။ ဘာမှကို မဖြစ်တာ၊ အရာအားလုံးက အေးဆေးပဲ။ ကိစ္စကြီးခြင်း၊ သေးခြင်းက မင်းစိတ်က ရေးဖြစ်နေတဲ့ ပန်းချီကားရဲ့ ဆေးစက် အဖိအဖော့နဲ့ပဲ သက်ဆိုင်တယ်။ အရာအားလုံးက လွယ်လွယ်လေးတွေ။ တကယ့် လွယ်လွယ်လေးတွေ။

ခရီးတစ်ခု သွားသလိုပဲ။ ရာသီဥတုတွေ တစ်ခုနဲ့တစ်ခု အကူးအပြောင်း နှာစေးချောင်းဆို ဖြစ်ရုံလောက်ပဲ။ ရာသီဥတုတုပ်ကွေးဖြစ်တဲ့ချိန်တော့ ခံရခက်တာပေါ့လေ။ သေမလိုပဲ။ ဆေးသောက်ပြီးတော့‌လည်း ပျောက်သွားတာပါပဲ။ အင်္ဂလိပ်ဆေးနဲ့ မပျောက်ရင်၊ မြန်မာဆေးသောက်ပေါ့။

ခရီးသွားတဲ့အခါမှာလည်း ကားချည်းပဲ အမြဲစီးနေလို့မှ မရတာ။ လေယာဉ်ပျံချည်းပဲလည်း စီးနေလို့မရဘူးလေ။ သွားတဲ့ ခရီးပေါ်မူတည်ပြီး အဆင်ပြေရာ တစ်ခုခုတော့ သုံးကြရမှာပဲ။

ဒါပုံမှန်ပဲ။ မင်းရောက်ချင်တဲ့ ခရီးကိုပဲ ကြည့်လေ၊ တခါတလေ ဒီလိုလည်း ကြုံတွေ့ကြရတတ်သေးတယ်။ လိုချင်တဲ့‌ဆီ ရောက်သွားပေမယ့်လို မပျော်ရွှင်နိုင်သေးတာကို၊ ဒါဆိုလည်း ထပ်တူးဖော်၊ ထပ်ရွေး ထပ်သွား။

ပြောချင်တာ ရှင်းရှင်းလေးရယ်။ မင်းဘာကို ‌ရွေးချယ်ချင်တာလဲဆိုတာပါပဲ ။

Keep Reading

စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးစာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်းအပေါ်ယံသမားစာစောင်လေးဆယ့်တစ် - ပန်းတိုင်သို့အရောက်တက်လှမ်းခြင်းစာစောင်သုံးဆယ့်ကိုး - အကြီးမားဆုံးဆုလာဘ်စာစောင်လေးဆယ် - အလိုကြီးအရနည်း ဟိုလိုလို ဒီလိုလို ဝေလည်လည်စာစောင်သုံးဆယ် - အရင်းအမြစ်ပြည့်စုံခြင်းစာစောင်နှစ်ဆယ့်ငါး-ခက်ခဲမှုတို့ရဲ့နောက်ကွယ်တန်ဖိုးစာစောင်သုံးဆယ့်နှစ်-ကိုယ့်ကိုယ်ကိုယ်နှစ်သိမ့်ခြင်း