Author's Profile Photo

Gemini

27/04/2024

ဗီလိန်ဖြစ်ရတာ မနာကျင်ရဘူးလား?

1 min read
Personal Development
ဗီလိန်ဖြစ်ရတာ မနာကျင်ရဘူးလား?'s photo

ပိုင်ရှင်ရှိရင်ရှောင်ရပါမယ်.....
ကိုကဘယ်လောက်ကြီးများများစားစားပဲ့ချစ်နေပါစေ၊သူကဘယ်လိုလူပဲ့ဖြစ်နေပါစေ ပိုင်ရှင်ရှိတဲ့အခါ.....ရယူပိုင်ဆိုင်လိုစိတ်ကိုမမွေးမြူပါနဲ့.....ဗီလိန်ဖြစ်ရခြင်းမှာရရှိနိုင်တဲ့အရာဆိုလို့ နာကျင်ရခြင်းပဲ့ ရှိပါတယ်

သုံးပွင့်ဆိုင်လာတဲ့အခါမှာ သစ္စာတရားကြီးမားတဲ့ချစ်သူနှစ်ဦးကြားကို ဝင်နှောက်ယှက်မိရင် ရွံစရာကောင်းတဲ့ဗီလိန်ဖြစ်လာမယ်
မျက်နှာများတဲ့သစ္စာမရှိတဲ့ချစ်သူရှိတဲ့သူနဲ့ပတ်သက်မိရင်တော့ အရှက်ရစရာ နာကျင်ကြေကွဲရတဲ့ တတိယလူ ဖြစ်လာပါတော့တယ် တတိယလူဆိုတာ ၁ ၊ ၂ ၊ ၃ မှာနောက်ဆုံးကနေပြီးငေးကြည့်ရတဲ့သနားစရာကောင်းတဲ့သူအဖြစ်ပဲ့နာကျင်ရင်းအဆုံးသတ်ရတက်ပါတယ်...
ဒါကြောင့် ပိုင်ရှင်မရှိတဲ့သူတွေကိုလွတ်လွတ်လပ်လပ်ချစ်ကြပါ....

တစ်ခါတစ်လေ ပိုင်ရှင်ရှိနှင့်နေပြီးမှန်းမသိပါပဲ့နှင့်လည်း ချစ်ခင်​မြတ်နိုးမိတက်ကြပါတယ် သူ့ရဲ့အနားလေးမှာရှိနေချင်တယ် ချစ်ခင်မြတ်နိုးယုယချင်မိတယ် ဒါဟာ လူ့ရဲ့စိတ်သဘောသဘာဝပါပဲ့ မရနိုင်တာကိုမှလိုချင်ကြတယ်လေ ဒီ့အတွက်အဖြေကတော့ ကိုယ်ကသူ့အပေါ်မှာထားရှိတဲ့ချစ်ခြင်းမေတ္တာရဲ့အတိမ်အနက်ကိုပြန်လည်ဆန်းစစ်ကြည့်ပါ....
လက်လွှတ်ကြည့်ပါ
လွပ်လပ်ကြည့်ပါ
ပြုံးရွှင်ရယ်မောကြည့်ပါ
အလုပ်ကြိုးစားကြည့်ပါ
စာကြိုးစားကြည့်ပါ
ကိုယ့်ဘဝတိုးတက်ရာတိုးတက်ကြောင်းကြိုးစားကြည့်ပါ
ကိုယ့်ရဲ့ version ကို level-up လုပ်ကြည့်ပါ
New version ဖြစ်သွားရင်တော့ ကို့ကိုယ်ကိုပိုချစ်တက်လာပြီး အမှန်တရားကိုမြင်နိုင်ပါ
လိမ့်မယ် .... လွယ်လားဆိုရင်တော့သိပ်ကိုမှခက်ခဲပါလိမ့်မယ်.... လူဖြစ်လာရင်အခက်အခဲတွေကိုရင်ဆိုင်ကြရမှာပဲ့ဆိုတဲ့စိတ်သွင်းပြီး ကိုယ့်အတွက်မနာကျင်ရမယ့်လမ်းကို အခက်အခဲရှိလည်းပိုမိုကောင်းမွန်တိုးတက်ဖို့လျှောက်ရအုန်းမှာပါပဲ့...

ကို့ကိုအမှန်တကယ်ချစ်မြတ်နိုးသူရဲ့လက်ကိုစစ်မှန်တဲ့မေတ္တာတရားနဲ့ဆုပ်ကိုင်ကြည့်ပါ....
အေးချမ်းမှု့နဲ့အတူနွေးထွေးမှု့ကိုပါ ခံစားသိရှိလာပါလိမ့်မယ်........

Keep Reading

အမြဲလေ့လာထားပါစာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးအဆန့်အဖျက်မရှုပ်မရှင်း မရှင်းမရှုပ် အပိုင်းနှစ်အဲလက်ဇ် ဘာဂျာ ဘယ်လိုနည်းနဲ့ ဟောလီးဝုဒ်ထဲ ရောက်ခဲ့သလဲ အပိုင်းနှစ်ထိရောက်တဲ့ ခေါင်းဆောင်မှု တံခါးပိတ် လောကထဲက သန်းကြွယ်လောင်းတွေ အပိုင်းနှစ်မိုက်ရဲ့ အရင်းအနှီးတွေက ဘာဖြစ်မလဲ။တန်ရာတန်ကြေးနိယာမမရိုးတရိုး