ရိန်ဇော်
ငါ အဆောင်ပြန်ရောက်တဲ့အခါ
ခွေးလေးတကောင် လာမကြိုဘူး
ညမှောင်ခြင်းကို အသုံးချလို့
မြင်နေကျ ဖန်သီးလေးလည်း ပုန်းနေတယ်
ကြယ်တွေကလည်း
သူတို့ချင်းပဲ စကားများနေတယ်
ဖွင့်ပေးသူမဲ့ ၀င်းခြံတံခါး
တံခါးမကြီးသော့ဂလောက်တွေက
ဝင်ခွင့်မပေးလို့ ငါခွင့်တောင်းရသေးတယ်
မည်းမှောင်တဲ့ အခန်းလေးထဲ
လက်နှိပ်မီးသေးသေးလေး မကျယ်ပြန့်နိုင်ရှာဘူး
ငါ့ကို ဂရုမစိုက်နိုင်ရှာတဲ့ လောကကြီးရေ
ယခုည
ငါ မလွမ်းရလျှင် ကျေနပ်ပါပြီကွယ်
ငါ လုံလောက်စွာ အထီးကျန် ပြီးပါပြီ။ ။
ရိန်ဇော်
#reinzaw
Keep Reading