Author's Profile Photo

ရိန်​ဇော်

27/04/2024

အထီးကျန်

1 min read
Book Review
Poetry
Art
အထီးကျန်'s photo

ငါ အဆောင်ပြန်ရောက်တဲ့အခါ
ခွေးလေးတကောင် လာမကြိုဘူး
ညမှောင်ခြင်းကို အသုံးချလို့
မြင်နေကျ ဖန်သီးလေးလည်း ပုန်းနေတယ်
ကြယ်တွေကလည်း
သူတို့ချင်းပဲ စကားများနေတယ်
ဖွင့်ပေးသူမဲ့ ၀င်းခြံတံခါး
တံခါးမကြီးသော့ဂလောက်တွေက
ဝင်ခွင့်မပေးလို့ ငါခွင့်တောင်းရသေးတယ်
မည်းမှောင်တဲ့ အခန်းလေးထဲ
လက်နှိပ်မီးသေးသေးလေး မကျယ်ပြန့်နိုင်ရှာဘူး
ငါ့ကို ဂရုမစိုက်နိုင်ရှာတဲ့ လောကကြီးရေ
ယခုည
ငါ မလွမ်းရလျှင် ကျေနပ်ပါပြီကွယ်
ငါ လုံလောက်စွာ အထီးကျန် ပြီးပါပြီ။ ။

ရိန်​ဇော်
#reinzaw

Keep Reading

AVA (Season 1 & 2) Beyond AVA The Fall of Hantharwaddyဘဝဟူသည်အရင်းအနှီးနဲ့ တည်ဆောက်ထားတဲ့ ဘဝရည်မှန်းချက်ပန်းတိုင်မေတ္တာမဏ္ဍိုင်တန်ဖိုးရှိတဲ့အရာ ခံစားမိအောင်ပါပီလွန်နှင့်ဗင်ဂို စာအုပ်ထဲက နိုးစက်သည်းခြေကြိုက် စာအုပ် ၆ အုပ်"စာအရေးအသား ကောင်းစေရန်" – အပိုင်း ၄: စာရေးသူတွေရဲ့ စိတ်နေသဘောထားတွေအကြောင်း  The Gentleman in the Parlour"စာအရေးအသား ကောင်းစေရန်" – အပိုင်း ၃: ဘယ်လို အမျိုးအစားတွေကို ရေးမလဲ